Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(( အကောင်းဆုံးဘ၀ ပိုင်ရှင်ဖြစ်စေရန် ( ၄ ) ))

$
0
0


ဘ၀ ဟူသည် နိမ့်တလှည့် ၊ မြင့်တလှည့် ၊ကောင်းတလှည့် ၊ဆိုးတလှည၊့် ငိုတလှည့်၊ ရယ်တလှည့် ဖြစ်တတ်ကြတာ လောက ဓမ္မတာပါ ။ ဓမ္မတာ ဟူသည် ဖြစ်လေ့ ဖြစ်ထ ရှိသည့် သဘောတရားလို့ ဆိုရပါမည်။ အမှန်တော့ အတိတ် ၇ဲ့ အကြောင်းကြောင့် ယခုဘ၀မှာ အကျိုးဖြစ်ရပါသည် ။ အတိတ်က ကုသိုလ် ကံ ၊ အကုသိုလ်ကံတို့ကြောင့် ယခုဘ၀ကောင်းတလှည့်၊ ဆိုးတလှည့် ခံစားရတာပါ ။ ကံ၊ကံ၏ အကျိုးပေးပေါ့ ။ လူဖြစ်ရတဲ့ ဒုက္ခလို့ ရယ်စရာ အဖြစ်ပြောဖူးကြပေမဲ့ အမှန် တကယ်ပဲ ဒုက္ခသစ္စာကြီးပါ ။


တနေ့တော့ အိမ်ရှေ့ သို့ ကားအကောင်းစားကြီးတစ်စီး ရပ်တာ မြင်လိုက်ရပါသည် ။ မော်ဒယ် အမြင့်မှန်းသိသာလှစွာ မီးခွက်တွေကဖြူဖွေးလို့ ငေးကြည့်ချင်စရာ ။ ကားပေါ်က ဆင်းလာသူကိုကြည့်လိုက်တော့
“ ဟာ ..လေးလေး အောင် ”
ငယ်ငယ်ထဲက ဦးလေးအရင်းသဖွယ်ချစ်ခင်ခဲ့ရသူမို့ အံသြ၀မ်းသာစွာ ပြေးသွားမိပါသည် ။
“လေးလေး ...တကယ့် အလန်းပဲ လေးလေးရာ ..ကားရော ၊ လူရော ...”
လေးလေးက ပြုံးလို့ ခေါင်းကိုတချက်ပုတ်ပြီး ...
“ငါ့ သမီးတောင် အတော်ဟိုင်းသွားပါလား ”
“ ဇရာပေါ့ လေးလေးရာ .....”
လေးလေးက ရယ် ပြီး ....
“ သမီးက တရားစကားတွေတောင် ပြောတတ်နေပြီပဲ ”
ရှက်ပြုံး ပြုံးမိပြီး။ လေးလေးကို ဖေဖေ နဲ တွေ့ပေးလိုက်ပါတယ် .။


လေးလေးနဲ ဖေဖေ စကားလက်စုံ ကြတုန်း ...စားဖို့သောက်ဖို့ အပြေး စီစဉ်မိသည်။
မှုံ လဲ စကားဝိုင်းထဲဝင်ထိုင်မိတော့ .. လေးလေးက ...
“ ကိုဘုန်းရယ် ကြိုးစားလိုက်ရတာလဲ မောလှပါပြီ။ ကားအကောင်းစားစီး၊ ဟိုတယ်စာ တွေစား လဲ လူပါပဲဗျာ။ ငွေ ၊ငွေနဲ ငွေနောက်လိုက်ရင်း ... ဘ၀ရဲ့ အနှစ်သာရမဲ့နေသလိုပါပဲ ”
ဖေဖေက ...
“ အမြင့်ဆုံးကိုမှန်းပြီး လိုက်နေကြတာ ၊ အမြင့်ဆုံးရောက်တော့လဲ ဘ၀က ဘာမှ မဟုတ်ပြန်ဘူးလေ ။ ဒါကိုတော့ အသက်ကြီးမှ နားလည် တတ်ကြတာ ကိုအောင်ရယ် ”
“ အသက်အရွယ်ကြီး မှ ဘ၀ ရဲ့ ငြိမ်းချမ်းခြင်းအစစ် အနှစ်သာရကို ၇ှာကြတော့ နောက်ကျနေပြီ လိုပဲ ပြောရမှာပေါ့ ၊ ပထမ အရွယ်မှာ ပညာ ရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စရှာ၊ တတိယ အရွယ်မှ တရားရှာတဲ့ ဘယ်သူ ထွင်လိုက်တဲ့ စကားပုံလဲ မသိပါဘူး ဗျာ ၊ တ၀က်မှန် ၊ တ၀က်မှားနေတယ် ဗျ ။
ဘ၀အနှစ်သာရ အတွက် တရားဆိုတာ အရွယ်သုံးပါးလုံးအတွက်လိုအပ်တယ် ။ ရင်ထဲမှာ တရား ကိန်းပြီးသားလူဟာ ပညာရှာရင်ရော စီးပွားရှာရင်ရော သမ္မာအာဇီဝကြမယ်၊ ဒါကြောင့် ဘ၀ တလျှောက်လုံးအတွက် အကုသိုလ် ကံ နည်းပါးသွားမယ် ။ သူ့ အတွက်ရော လူသားတိုင်းအတွက် ကောင်းကျိုးတွေကြီးပါပဲ။ ခုတော့ နောက်ဆုံး အရွယ်မှ တရား သိမယ်ဆိုရင် ဘ၀ကလဲ မီးဇာကုန်ခါနီး၊ ဇရာ ၊မရဏကလဲ ကျောမှာ ကပ်နေပြီ၊ တရားအားထုပ်ဖို့ ဥာဏ်ကလဲ နည်းပါးသွားပြီ၊ တကယ့်ကို ဘ၀ တလျှောက်လုံး အတွက်ရော ၊ သံသရာအတွက်ပါ နောက်ကြစေတယ် ဗျ ”


ဖေဖေ့ စကားအဆုံးမှာ လေးလေးက ခေါင်းကို ညိမ့်ရင်း
“မှန်လိုက်တာ အကိုရယ် ။ ကျနော်တို့တောင် နောက်ကြလှနေပါပြီ ၊ ကိုယ့်ဘ၀နဲရင်းပြီးမှ အနှစ်သာရကို သိတာမို့ ...အညွှန့်တက်စ လူငယ်လေးတွေ အတွက် တရားသိစေချင်လိုက်ဗျာ ”
ဖေဖေက ...
“ ခက်တာက ခုခေတ်လူငယ်တွေက ဒါန၊သီလ လောက်ပဲ စိတ်ဝင်စားကြပြီ ၊ တကယ် အနှစ်သာရ ဖြစ်တဲ့ ၀ိပဿနာ ဆိုရင် စိတ်မ၀င်စားတတ်ကြဘူးလေ ။ သူတို့ စိတ်ထဲ ဘာအလုပ်မှ မလုပ်ရတော့ပဲ တရားထိုင် ရမှာလို့ တွေးနေကြတာ ”
“ အဲ့လို တရားထိုင်မှ တရား ရှာတာ မဟုတ်ဘူးလား အကို၇ဲ့ ”
ဖေဖေက ပြုံးပြီး ...
“ အဲ့ဒါလွဲနေတာ တရားထိုင်၇မယ်ဆိုတာ မှန်ပေမဲ့လဲ ၊ တရားမထိုင်ပဲ တရားရသွားသူတွေ အများကြီးပဲ
ဥပမာ ၊ ဘုရားရှင်းရဲ့ ဖခမည်းတော် ဘုရင်ကြီးက တိုင်းပြည်အုပ်ချုပ်ရင်း တရားရှာရင်း ရဟန္တာ ဖြစ်သွားခဲ့တာ။ အဲ့ဒီလို သာဓက တွေ အများကြီးပဲ ကိုအောင်ရဲ့ ”
လေးလေးအောင်က စိတ်အလွန်ဝင်စားသွားပြီ ။
“ဒါဆို ဟန်ကျတာပေါ့ အကို ၊ စီးပွားရှာရင်း တရားပါရမယ်ဆိုရင် ”


“တကယ်ပေါ့ ကိုအောင်ရယ် ။ အမှန်တော့ ၀ိပဿနာ ဆိုတာ ရုပ်၊နာမ် တို့ရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းကို သတိကပ် ဥာဏ် နဲ သိပေးတာ ၀ိပဿနာပဲ ။ အပြောလွယ်ပေမဲ့ လက်တွေခက်ပါတယ် ။ ဒါပေမဲ့ လူတိုင်းလုပ်နိုင်တဲ့ အလုပ်ပါ။ အကျိုးကျေးဇူးကတော့ အရမ်းကိုကြီးပါတယ် ။ ၀ိပဿနာ တရားရဲ့ အကျိုးကျေးဇူးကို ဥပမာ နဲ ပြရမယ်ဆိုရင်အရှည်ကြီးပဲ၊ သေချာတာကတော့ ခုလက်တွေလုပ် ခုလက်ငင်းကို ချမ်းသာတာပါပဲ ။ လက်တွေ့လုပ်ကြည့်ပါ ။ ဘ၀ရဲ့ ငြိမ်းအေးခြင်းအစစ် ပါပဲ ”
ဥပမာ ။ ရေတွင်းပေါင်း ၊ ရေကန်ပေါင်း ၇ှစ်သောင်းလေးထောင် ၊ ဘုရား စေတီ ပုထိုးပေါင်း ရှစ်သောင်းလေးထောင် လှူခဲ့တဲ့ သီရိဓမ္မာသောက မင်းကြီးဆိုရင် လှူတဲ့နေရာမှာ စံ ပြပုဂ္ဂိုလ်ကြီးပါ။ သူ့လောက်လှူတဲ့လူ သာသနာမှ မရှိသလောက်ပါပဲ ။ သူက ဒီလောက် လှူခဲ့သော်လဲ ၀ိပဿနာ ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး ။ ဘုရင်ကြီးဟာ သေခါနီး သားဖြစ်သူက ထီးနန်းကို သိမ်းခဲ့တာမို့ မောဟ တရားတွေနဲ သေခဲ့ရပါတယ် ။ သေလွန်ပြီး နောက်ဘ၀ မှာ မြွေကြီး ဖြစ်ခဲ့ရပါတယ် ။ မြွေဘ၀ ပြီးမှ အလှူအကျိုးကြောင့် နတ်ပြည်ကို ရောက်ရပါတယ် ။ ဒီသာဓက ကိုကြည့်ရင်ဖြင့် ဘယ်လောက်ကြီးတဲ့ ဒါန ဖြစ်ဖြစ် အပါယ် တံခါး မပိတ်နိုင်ဖူး ဆိုတာပါပဲ ။
ဝိပဿနာကို တကယ်စိတ်ဝင်စားလို့ စပြီးလေ့လာရင်တော့ ဒိဠိက ပဲ စပြောရမယ် ။


စာရှည်သွားပြီမို့ ( ၅) ကျမှပဲ သိသ၍ ၀ိပဿနာအကြောင်း ကိုေ၇းချင်ပါတယ် ။
ဝိပဿနာ အကြောင်း သိချင်သော သူများအတွက် စာအုပ်လေးတွေ ပြော ပြချင်ပါတယ် ။
ရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ ) ရဲ့ စာအုပ်အားလုံး ။
အရှင် ၀ီရိယ (တောင်းစွန်) ရဲ့စာအုပ်များ ။
ဦးသုနန္ဒ ရဲ့ တရားတော်များ ၊
ဦးပုညာနန္ဒ ၇ဲ့ တရားတော်များ ။
တဆင့်တက်ရင် ...
မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ တရားတော်များ ၊ စာအုပ်များ ။
ဖတ်ရန် ၊ နာကြားရန် တိုက်တွန်းချင်ပါတယ် ရှင် ။


ခင်မင်လေးစားလျှက် ...
ဆန္ဒမွန်ဖြင့် ...
မှုံနံ.သာဖြူ ( ၁၈.၁၀.၂၀၁၂ ၊ ည ၇နာရီ ၃၃ မိနစ် )


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>