** ဟာ အကို မောင်မောင် ဘယ်သွားမလို့ လဲ မတွေ့ တာတောင်ကြာပြီနော် **
နှုတ်ဆက်လာသူကိုကြည့်လိုက်တော့ ကျွန်တော့် သူငယ်ချင်း ။
ခင်မောင်စန်း၏ညီမလေး မွန်မွန် ။
** ညီမလေးမင်း မွန်မွန် မဟုတ်လား **
** ဟုတ်တယ်လေအကိုရဲ့  မွန်မွန်ပါ ဘယ်ရောက်လို့  ဘာတွေလုပ်နေလည်းပြောပါဦး **
** အင်း အကိုပြည်ပနိုင်ငံ တစ်ခုမှာအလုပ်သွားလုပ်နေတာ ပြန်ရောက်တာမကြာသေးဘူး**
** သြော် ဒါကြောင့်အကို့ ကို မတွေ့ တာကိုး **
** ညီမလေးရောပြောပါဦး အခု အပ်ချုပ်ဆိုင် အကြီးကြီး ကြီးဖြစ်နေပြီလား ။
ဒါမှမဟုတ် ကွန်ပျူတာနဲ့ ပတ်သပ်တဲ့  လုပ်ငန်းတွေ လုပ်နေတာလား ။
အရင်လိုပဲ စက်ချုပ်လာသင်တဲ့ တပည့်တွေရော အများကြီးပဲလား **
** ဘာမှမလုပ်တော့ဘူးအကို ဘာမှကိုလုပ်လို့  မရတော့တာ **
** ဟင် ဘယ်လိုဖြစ်လို့ လဲ ညီမလေးရ ကွန်ပျူတာ နဲ့ လည်းကျောင်းပြီးထားတယ်။
ကွန်ပျူတာကျောင်းမှာလည်း ဆရာမ ၀င်လုပ်လိုက်သေးတယ် အပ်ချူပ်ဆိုင်ကလည်း။
တပည့်တွေအများကြီးနဲ့ လေ ဘာဖြစ်လို့ ဒါတွေကိုဆက်မလုပ်တော့တာလဲ **
** အင်းပြောရရင်တော့ နဲနဲ ရှည်မယ်အကို လာ ဟိုရှေ့ ကသစ်ပင်လေးအောက်က။
ခုံတန်းလေးမှာထိုင်ပြီး ပြောပြမယ် ။
တကယ်တော့ အဲ့ဒီ အလုပ်တွေနဲ့  ဘ၀မှာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့  ။
ရည်မှန်းပြီးသားပါ အကို ။ ဒါပေမဲ့ ညီမလေးမိဘ တွေက ညီမလေးကို ညီမလေးထက်။
၃ နှစ်လောက် ကြီးတဲ့ လူတစ်ယောက်နဲ့  လက်ထပ်ပေးဖို့ စီစဉ်ကြတယ်အကို ။
ညီမလေး အတန်တန် ငြင်းခဲ့ပေမဲ့  မိဘ စကားကို မပယ်ရှားနိုင်ခဲ့ဘူး အကို ။
ညီမလေးခင်ပွန်းကလည်း ညီမလေးကိုအရမ်းချစ်ပါတယ် သူ့ မိဘတွေကလည်း ။
ချစ်ကြပါတယ် ။ သူတို့  က ပိုက်ဆံ အရမ်းချမ်းသာကြတယ် ။ စီးပွားရေးလုပ်ငန်းတွေလည်း။
တော်တော် များများ ရှိတယ် ။ ညီမလေး အလုပ်လုပ်ဖို့ ပြောတာ ဘာမှလုပ်ခွင့်မပေးဘူး ။
အိမ်အလုပ်လည်းဘာမှမလုပ်ရဘူး အိမ်ဖေါ်တွေ ရှိတယ် ။ အခု သမီးလေးတစ်ယောက်ရတော့လည်း။
ကလေးထိန်းငှားပေးတယ် ။ ညီမလေးမှာလည်း ဆင်ပေးထားတဲ့ လက်ဝတ်လက်စားတွေ ကိုလည်း။
အကို အခုမြင်ရတဲ့ အတိုင်းပဲ ။ ဒါတောင်အပြင်ထွက်လာလို့  တချို့ ကိုချွတ်လာတာ **
** အင်း ဒါဆို ညီမလေးဘ၀ကပြည့်စုံနေပြီပဲ ဘာစိတ်ဆင်းရဲစရာရှိလို့ လဲ **
** ရှိတယ် အကို့ ကိုပြောချင်တာ ဒီစိတ်ဆင်းရဲ ရတဲ့အကြောင်းပဲ ။
သွားချင်လာချင်တာရှိလည်း သူတို့ ကားနဲ့ လိုက်ပို့ တယ် ။ စားချင်တာရှိရင်လည်း ။
လိုက်ဝယ်ကြွေးတယ် ။ အပေါ်ယံကြည့်ရင်တော့ ပျော်စရာလို့ ထင်ရတယ် ။
ညီမလေးတတ်တဲ့ ပညာတွေကိုလည်း ဘာမှ အသုံးချခွင့်မရ ။ သေသေ ခြာခြာတွေးကြည့်ရင်တော့။
ညီမလေးယောင်္ကျားရလိုက်တာ ညီမလေး အခွင့်အရေးတွေ အားလုံးဆုံးရှုံးခဲ့ရတယ် ။
ကိုယ့် ကိုချစ်ပါတယ်လို့ ပြောပြီး လက်ထပ်ခဲ့တဲ့ ယောင်္ကျား တစ်ယောက်ကိုပဲ တစ်သက်လုံး။
ပြုစုဖို့ သက်သက်ပဲလား ။ ဒါဟာညီမလေးရဲ့  ဘ၀လား ။ တကယ်တမ်းပြောရရင် ညီမလေးဘ၀ဟာ။
လှောင်အိမ်ထဲကရွှေငှက်လေးပဲအကို ။
ပြောလည်းပြော ငိုလည်းငိုလာသော မွန်မွန် ကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်ရသည် ။
အားပေးစကားတော့ပြောလိုက်သည် ။
** အင်းဖြစ်ခဲ့ပြီးမှပဲ ညီမလေးရယ်ဘာတတ်နိုင်တော့မှာလဲ ပြင်လို့ မှမရတော့တာ **
** ဟုတ်တယ် အကို ညီမလေးရဲ့ ခံစားချက်ကို မိဘ တွေကိုပြောပြတော့ သူတို့ လည်း။
စိတ်မကောင်းဖြစ်ကြရတယ် ။ ဒါပေမဲ့  ညီမလေး မိဘတွေကိုအပြစ်မတင်ပါဘူး ။
ကိုယ့်ဘ၀နဲ့ပတ်သက်လို့ ဒီလိုစီစဉ် ခံရတာကို တစ်ချို့ မိန်းကလေးတွေက သဘောကျချင်ကျလိမ္မယ်။
ညီမလေးကတော့ လုံးဝသဘောမကျဘူးအကို ။ ကိုယ့်ဘ၀ ကို ကိုယ့်အတတ်ပညာနဲ့ ။
အောင်မြင်အောင် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းချင်ကြတဲ့မိန်းကလေးတွေအတွက် ညီမလေးလို ။
အဖြစ်မျိုး မရောက်ရအောင် ပြောပြချင်နေတာ **
** ဆရာတော် ဦးဇောတိက ( ပျဉ်းမနား မဟာမြိုင်တောရ) စာအုပ်ထဲက စာသားလိုပဲ ။
လုံခြုံမှုကိုလိုချင်ရင် လွတ်လပ်မှုကို ဆုံးရှုံးရမယ်တဲ့။
အရမ်းမှန်တဲ့ စာသားလေး ဘ၀နဲ့ ရင်းပြီးသိခဲ့ရတာ အကို **
** အင်း ညီမလေး ပြောပြတော့လည်း ဟုတ်သလိုပါပဲလား **
** ဟုတ်တယ်အကို ညီမလေးဘ၀ ကတော့ ဘာမှပြင်လို့ မရတာ့ဘူး ။
တွေးမိတိုင်းစိတ်ဆင်းရဲယုံကလွဲပြီး ဘာများတတ်နိုင်ဦးမှာလဲ အကို **
ကျွန်တော် ဘာမှ မပြောနိုင်တော့ မွန်မွန့်  စကားတွေကိုနားထောင်ပြီး။
ခေါင်းတညိတ်ညိတ်နဲ့ သာ စဉ်းစားနေမိပါတော့သည် ။
** အခုလို အကိုနဲ့တွေ့ ရတာဝမ်းသာတယ် ။ ပြောချင်တာတွေလည်းပြောလိုက်ရပြီဆိုတော့ ။
ရင်ထဲမှာလည်း ပေါ့သွားပြီ ညီမလေးသွားတော့မယ်အကို မောင်မောင် **
နှုတ်ဆက်ပြီး တရွေ့ ရွေ့ ထွက်ခွါသွားသော မွန်မွန် ၏ကျောပြင်ကို ကျွန်တော်ငေးကြည့်ရင်း။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိကြသော ။ ကိုယ့်ဘ၀ကို ကိုယ့်စိတ်ကြိုက်အောင်မြင်အောင် ။
ပုံဖေါ်ချင်ကြသော ။ လွတ်လပ်သောစိတ်နှုင့် ဘ၀ခရီးကို ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်ချင်ကြသော။
မိန်းကလေးများအားလုံး မွန်မွန်ကဲ့သို့  လှောင်အိမ်ထဲက ရွှေငှက်ကလေးများဘ၀ မှ ။
လွတ်ကင်းကြပါစေဟုသာ ဆုတောင်း နေမိပါတော့သည် ။။။။။။။။။။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်
ဝန်ခံချက် ။ ။ သူငယ်ချင်းမိန်းကလေးတစ်ယောက်၏ဖွင့်ပြောပြချက်ကို
ဘလော့ပုံစံဖြင့် ရေးဖွဲ့ တင်ပြ ခဲ့ ခြင်းဖြစ်ပါသည် ။။။။။။။။