☺☺☺ မမခရေ ကိုမေးပါ.. ဖြေပေးမှာ ☺☺☺
ခရေ ဒီတပါတ် ခရေရဲ့  အမေးအဖြေ ကဏလေးမှာ မေးလာတဲ့ မေးခွန်းကို ဖြေကြားဖို့  အလှည့်ကျတာကတော့ မြှားနတ်မောင် (အချစ်ဆိုင်ရာ ဥက္ကဠ ) မေးလားတဲ့ မေးခွန်းလေးပါ...
မမရေ မေးချင်တာမေးဆိုလို့ တစ်ခုလောက်မေးမယ်နော် ...
သူငယ်ချင်းတစ်ယောက်က ချစ်နေတာကို သိရက်နဲ့ မသိချင်ယောင်ဆောင်ပြီး မသိကျိုးကျွန် ပြုခဲ့ဘူးတယ် .....။ သူကတော့ ခုကျွန်တော်ကို စိတ်နာနာနဲ့ အဝေးတစ်နေရာမှာပေါ့ ....။
သူထွက်သွားမယ် အချိန်လေးမှာ ကျွန်တော်ကို လုံးဝစကားမပြောခဲ့ဘူး......။
သွားမယ်ဆိုတာတောင် မပြောဘူး အရမ်းတော့ ခင်ခဲ့ပါတယ် ကျွန်တော်ကိုယ်တိုင်က အချစ်ကို
အလေးအနက်မထားခဲ့တဲ့ အချိန်လေး အားလုံးကို သူငယ်ချင်းက လွဲပြီး ဘယ်သူကိုမှ ပိုမချစ်ခဲ့ပါဘူး
ချစ်ခဲ့တယ်ဆိုရင်လဲ ပြောဖို့တော့ ဘယ်တော့မှ ကြိုစားခဲ့မှာမဟုတ်ဘူးလေး ....။ ကျွန်တော်သူငယ်ချင်းတွေနဲ ဆုံတဲ့ အချိန်လေးမှာ ကျွန်တော်ရဲ့ မကောင်းဘူးပဲ ပြောကြတယ်
ကျွန်တော်သူကို မသိချင်ယောင်ဆောင်ခဲ့တာမဟုတ်ပါဘူး ...
ဆိုမိုက်လွန်တဲ့ ကျွန်တော်ရဲ့ ရင်ခွင်ထဲကို သူမိန်ကလေးမှ ခိုဝင်ပြီး မျက်ရည် ကျနေရမယ့် အဖြစ်ကိုမမြင်ချင်ခဲ့တာပါ ...။ ကျွန်တော်သိချင်တာက ကျွန်တော် လုပ်ရပ် သူအတွက် လွန်သွားလာ ဒါမှမ ဟုတ် ကျွန်တော်လုပ်ခဲ့တာ မှန်လာ ကျွန်တော်သိချင်တာပါ ကျွန်တော်လို့ ဆိုးလွန်တဲ့ လူအပေါ်မှာ ချစ်ခြင်ဖွဲ့တဲ့ သူကို ပူလောင်မှုတွေ မပေးချင်တာတော့ အမှန်ပါ ကျွန်တော် အကျင့်ကို ကျွန်တော် ပြင်လို့မရဘူး ဘယ်တော့မှ မပြင်ဘူးလို့ ဆုံဖြတ်ချက်ကြောင့်လဲ ပါပါတယ် ...။ သူတို့ရဲ အတာအဆီတွေကို ကျွန်တော်ကိုယ်တိုင် မနာခံနိုင်ရင် သူတို့ပဲ စိတ်သောက ရောက်မှာကို ကတယ်ပဲကျွန်တော် မမြင်ခဲ့လို့ လုပ်ခဲ့တာပါ ကျွန်တော် မှားသွားခဲ့လား ဆိုတာ ပြောပြပေးပါနော် ..
မြှားနတ်မောင်(အချစ်ဆိုင်ရာ ဥက္ကဠ)
မောင်လေး . မြှားနတ်မောင်(အချစ်ဆိုင်ရာ ဥက္ကဠ) ရေ..
မမခရေ အမြင်ပြောရရင်တော့ မောင်လေး လုပ်ရပ်က မှန်ပါတယ်။
တဘက်သား မိန်းကလေး စိတ်မဆင်းရဲစေချင်တဲ့ ဆန္ဒ ၊ ကိုယ်ချစ်တဲ့  ချစ်သူကို စိတ်မညစ်စေချင်တဲ့  ဆန္ဒတွေ ကြောင့် မောင်လေး ရွေးချယ်ခဲ့တာပေါ့။
ဒါပေမယ့် မောင်လေးသာ တကယ် မြတ်နိုးစွာ ချစ်ရမယ့် သူကို တွေ့ ခဲ့မယ်ဆိုရင် သူစိတ်ချမ်းသာစေဖို့  ဘာပဲလုပ်ပေးရ လုပ်ပေးရ မောင်လေးလုပ်ပေးဖို့  အဆင်သင့် ဖြစ်နေတဲ့ အတွက်လဲ မောင်လေးရဲ့  အကျင့်တွေကို အလိုလို ပြင်သွားနိုင်လိမ့်မယ်ထင်ပါတယ်။
ယောက်ကျားလေးတော်တော် များများကတော့ ချုပ်ချယ်တာ မကြိုက်ကြပါဘူး.။ မိန်းကလေး အများစုကလဲ ချစ်သူကို မြူမှုံသေးသေးလေးက အစ စိုးရိမ်စွာ ပြောနေတတ်ကြပါတယ်။ အဒီတော့ ချစ်သူတွေ တော်တော်များများဟာ တယောက်နဲ့ တယောက် စိတ်ကောက်တာ စိတ်ဆိုးတာတွေ ဖြစ်တ်ာကြပါတယ်။
တကယ်တော့ ချစ်သူတွေဆို တာ တယောက်ကို တယောက် နားလည်ပြီး ရန်ဖြစ်မနေမှ ပျော်ရွှင်ကြမှာပါ။
တချို့ ယောက်ကျားလေးတွေကတော့ နေချင်သလို နေကြပါတယ်။ အရက်သောက်တယ်။ ဆေးလိပ်သောက်တယ်။ အပေါင်းအသင်းများတယ်။ အဒါလေးတွေဟာ ချစ်သူရတော့လဲ မပြင်ချင်ကြပါဘူး။ အဒါကို နားလည်လက်ခံမယ့် ကောင်မလေးက အရေးကြီးပါတယ်။
တချို့ ကောင်မလေးတွေကြတော့ လူပျိုဘဝမှာ သောက်စားတာဟာ ကိုယ်နဲ့ သာ နေဖြစ်ရင် ပြောင်းလဲမှာပဲ ပြင်မှာပဲလို့ တွေးပြီး ဘဝကို တည်ထောင်ကြပေမယ့် တကယ်မပြင်ခဲ့လို့ ရှိရင် ကိုယ်ပဲစိတ်ညစ်ရတတ်ပါတယ်။အိမ်ထောင်ရေးမှာ သောကတွေနဲ့ ကြုံတွေရတတ်တယ်။
အဒိတော့ မမခရေက မြှားနတ်မောင်( အချစ်ဆိုင်ရာ ဥက္ကဌ) ရဲ့ အမေးကိုတော့ မှန်ပါတယ်လို့ ဖြေကြားရင်း။
မောင်လေးညီမလေးတွေလဲ သတိထားရအောင် ချစ်သူ ထားခဲ့ရင် အိမ်ထောင်ဖက်ရွေးခဲ့ရင် ။ သေချာစဉ်းစားလို့ ဆုံးဖြတ်ကြပါလို့ ။
ကိုယ်က တကယ်သီးခံနိုင်ရဲ့ လား။ ကိုယ်အပေါ်ကို နားလည်တဲ့ သူ သေချာလား။ တဘဝလုံး ရောပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မလား။ ဝေဖန်သုံးသပ်လို့  မိမိရဲ့  သာယာတဲ့ ဘဝခရီးကို ရွေးချယ်နိုင်ပါစေနော်..
မြှားနတ်မောင်(အချစ်ဆိုင်ရာ ဥက္ကဠ)တယောက် ကျေနပ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။
ခရေ
(ကြိုးစားပါအုံးမည်)
။။။။ကိုယ်ပိုင်ရေး ဘလော့။။။။။