Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***ယက္ခစောင့်သည့်ပန်း**.....

$
0
0

သီတင်းကျွတ်တာနဲံ့ ရွာ၏ပတ်လည်မှာဘုရားပွဲတွေနဲ့ စည်ကားလှပါသည်

ကျနော်ရယ်သူငယ်ချင်းဖိုးကျော်၊ဇင်ကို၊မိုးဝင်းတို့ နဲ့ အတူ

ကျနော်တို့ ရွာတောင်ဘက်မှာရှိတဲ့ မကြီးတောရွာကလေးသို့ 

ပွဲသွားကြည့်ရန်ဆိုင်ကယ်လေးကိုစက်နိုးပါတော့သည့်...

ဆိုင်ကယ်တွေကဆောင်းအငွေ့ သတ်ကိုစတင်ခံရသည်မိုလားမသိ

တော်တော်နှင်နှိုးမရပါကျနော်တို့ တွေနှိုးနေတာကိုကြည့်ရင်း

ကျနော်အကိုဝမ်းကွဲကလှမ်းပြောတာက...

”နှိုးမရတွန်းသွားလေကွာ”

“ဟာအကိုကလဲမနောက်ပါနဲ့“

ထိုစဉ်ကျနော်တိုဆိုင်ကယ်နှစ်စီးမှစက်ကလေးကမနှိုးချင်နှိုးချင်နဲ့ နှိုးလာပါသည်

ကျတော်တို့ ပျော်သွားသည်ဒါနဲ့ ကျနော်တို့ လဲဆိုင်ကယ်လေးစီးကာ

မကြီးတောသို့ ခရီးအသော့နှင်ပါတော့သည်...

ဟိုရောက်တော့စည်ကားလိုက်တာလူတွေများကောင်မလေးတွေကလဲလှလိုက်တာ

ကျနော်တို့ လဲဘရားဖူးပြီးဟိုကြည့်ဒီကြည့်လိုက်ကြည့်နေခိုက်

“ဟိုက်“

“ကျနော်ရင်ဘက်ထဲမှ ဒိန်း..ဒတ်..ဒိန်း“

ရင်ခုန်သံတွေကြားနေရတယ်ကျနော်လဲသူငယ်ချင်းတွေဘက်လှည့်ကာ

“ဖိုးကျော်။ဇင်ကိုဟိုမှာတွေ့ လား”

ကျနော်လက်ညှိုးညွှန်ရာသို့ သူတို့ ကြည့်ပြီးတော့

“ဟာတော်တော်လှတယ်နော်“

“အေးငါရင်ဘက်ကိုလာထိသွားပြီ“

“မင်းဟာမြန်လိုက်တာကွာ”

ဖိုးကျော်ကပြောလိုက်တယ်ကျနော်ကတော့ပြုံးရုံသာပြုံးပြလိုက်ပါသည်

ထိုစဉ်နောက်ကခေါ်လိုက်တာကကိုလင်း

“ဟေးစာဥဘာတေါအဲလောက်ကြည့်နေတာလဲ”

“ဟိုကောင်မလေးကိုကြည့်နေတာလေ”

”ဟာကိုလူကတော့ယက္ခစောင့်သည့်ပန်းမှစိတ်ဝင်စားနေတာကို”

“ဆိုစမ်းပါဦးကိုလင်းရ“

“ဒိလိုလေစာဥရသူကနာတို့ ရွာမှာအချောဆုံးအလှဆုံးနောက်

သူအကိုတွေကလဲနှမထိတာနဲ့ ဓါးကြည့်ဆိုသလိုကြမ်းတယ်လေ”

“ဒါနဲ့ သူနာမည်ကဘယ်လိုခေါ်လဲ”

”လွင်လွင်အေးတဲ့ကိုလူ”

နာမည်လေးကလဲယဉ်ရုပ်ရေကလဲလှတော့အကိုတွေစောင့်ကြပ်တာမဆန်းပါဘူး

“ကိုလင်းသူအကိုတွေနဲ့ ရင်းနှီးလား“

”ရင်းနှီးတာပေါ့”

”ဒါဆိုကျနော်မိတ်ဆက်ပေးတော့ကိုလင်းရေ”

”မင်းကဘာလုပ်ဖို့ လဲစာဥရာ”

နှမလိုချင်မောင်နဲ့ တည့်အောင်ပေါင်းတဲ့..ဟားး..ဟားး

ကျနော်သဘောကျစွာရယ်လိုက်ပါတော့သည့်ဒီလိုနဲ့ ကိုလင်းမိတ်ဆက်ပေးမှု့ ကြောင့်

ယက္ခစောင့်သည့်ပန်းကလေးအကိုတွေနဲ့ ရင်းနှီးရပါပြီ

တကယ်တော့သူတို့ ကလူဖြောင့်တွေဗျ...လူတစ်မျိုးပေါ့ဗျာ

သူအကိုကိုမောင်အကျင့်ကဒီလိုဗျ..

တစ်နေ့ ကိုမောင်နဲ့ ကျနော်ဈေးမှာတွေ့ တယ်ဒါနဲ့ ကျနော်လဲ

“ဟောကိုမောင်ဘာဝယ်လာတာလဲ”

”အေးကွာအိမ်ကယာခင်းအတွက်ဆေးလာဝယ်တာ”

“ဒါဆိုလာဗျာဘီယာလေးဘာလေးသွားသောက်ရအောင်”

ကျနော်ကိုမောင်ကိုခေါ်ကာဘီယာဆိုင်လေးသို့ ခြေဦးလှည့်ပါတော့သည်

ဆိုင်ရောက်တော့ဘီယာမှာပေးလိုက်တယ်ကျနော်ကမသောက်ပါဘူး

ဘီယာလေးသောက်ရင်းစကားပြောလာတာကိုမောင်တစ်ယောက်မူးလာတော့ပြောပြီ

”ဟေ့ကောင်မင်းကငါညီမကိုကြိုက်နေတာဆို”

“ဟာမဟုတ်ပါဘူးအကိုကြီး”

“ဘာမဟုတ်ရမှာလဲခွေးမသားသေပေတော့”

ကိုမောင်ဘီယာပုလင်းကိုင်ကာကျနော်နောက်လိုက်ပါတော့သည့်ကျနော်လဲ

ကျသင့်သည့်ပိုက်ဆံကိုစားပွဲခုံပေါ်တင်ကာပြေးရပါတော့သည့်

ပုဆိုးမနိုင်တစ်နိုင်နဲ့ ပြေးလိုက်လာနေသောကိုမောင်ကိုကျနော်က

ရွှေယောက္ဖကြီးရေဟုတ်တယ်ကိုမောင်နှကျနော်ချစ်နေတာ

ကျနော်ရှေ့ ကပြောလဲပြောပြေးလဲပြေးပေါ့...ဈေးထဲကလူတွေကတော့အထူးဆန်းအနေနဲ့ ကြည့်နေတာပေါ့

“ဝုတ်..ဝုတ်..“

ပြေး၇တာမောတဲ့အထဲဈေးစောင့်ခွေးကြီးကဘေးပေါက်ကနေလိုက်ဆွဲသေးတယ်

ဒါနဲ့ ကျနော်လဲခြေကုန်တင်ကာဈေးအပြင်ဘက်ကမကြီးပင်တ်းဆီပြေးရပါသည့်

ဈေးခွေးကြီးကကျနော်မမှီတော့နောက်ကကိုမောင်က၇ိုထပ်ဆွဲပြန်ပါရော

ကိုမောင်တစ်ယောက်ကျနော်ဆီပြေးလာပါတော့သည့်ကျနော်ဒီတစ်ခါတော့မပြေးတော့ဘူး

ဘာလို့ လဲဆိုတော့ကိုမောင်အမူးပြေလောက်ပြီလေ...ကိုမောင်ကမူးသာသွေးဆိုးတာအမူးပြေရင်

လူအေးလေဒါကြောင့်ကျနော်မပြေးတာလေ..

ကိုမောင်ကျနော်နားရောက်တော့

“မင်းတော်တော်တရားတဲ့ကောင်”

“ဘာလို့ လဲကိုမောင်ရဲ့ ”

”ငါကိုခွေးနဲ့ တိုက်လို့ လေ“

“ဟုတ်ဘူးလေကိုမောင်ရ”

မဟုတ်လဲပြီးရောပြန်မယ်ကွာ

ထို့ သို့ ပြောကာနှစ်ယောက်သားဈေးထဲသို့ ပြန်လှည့်လာပါတော့သည့်

ဈေးထဲရောက်တော့ကျနော်ကိုလူတေါကကြည့်ရယ်ကြတယ်

ကျနော်လခြပ်တည်တည်ပဲလေဘာရယ်မှန်းတော့မသိဘူး

ဒါနဲ့ ကျနော်ကိုမောင်ရှေ့ ကသွားစဉ်

”ဟေ့ကောင်မင်းပုဆိုး“

“ဘာဖြစ်လို့ လဲကိုမောင်”

မင်းပုဆိုးပေါင်ခြေထိပြဲနေပြီကွ

ကိုမောင်ပြောပြီးတာနဲ့ကျနော်လဲဆိုင်ကယ်ဆီပြေးသွားကာဆိုင်ကယ်စက်နှိုးကာ

ဈေးမှပြန်ခဲ့ပါတော့သည်......................

 

ဆက်လျှက်ရှုစားရန်.............

                                            ကြိုးစားပါဦးမည်........

 

နှစ်ဖြာသုာခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

 

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>