Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***ရေပူကန် ကြာမလွမ်းတော့ပြီလား***(အပိုင်း ၁)

$
0
0

           တွစ်..တွစ်..တွစ်..၀ူးးးးးးဝူးးးးးးးးးဝူးးးးးးးးးးးးဝေါးးးးးးးးးးးးး

နေမင်းသူရိန် အနောက်ယောဂါသို့ လှည့်ပတ်စောင့်ရှောက်ချိန်မှာ ကျနော် ချင်းတွင်းတံတားလေးပေါ် စိတ်ပြေ

လက်ပျောက်လှမ်းလျောက်ထွက်ဖြစ်ခဲ့ပါတယ်  အဖေါ်မပါ တစ်ယောက်ထဲပါ၊ အဲ့ဒီအချိန်မှာ ဟိုးးးးးးးအတိတ်က

ချစ်သူပ၀ါးလေး လေပြေဝှေ့လို့ လွှင့်စင်သွားခိုက် ကျနော် အမိအ၇လက်ဖမ်းပေးခဲ့တဲ့နေရာလေး ဖြစ်မှန်း ရင်ထဲ

ကဒိတ်ခနဲအသိပေးခဲ့တယ် ကျနော့်စိတ်တွေက ဟိုးးးးးးးးအတိတ်ဆီ မနှင်ဘဲပြေးထွက်ခဲ့တယ်၊ အနောက်ဘက်

ကမ်းလှမ်းမျှော်ကြည့်လိုက်ပြန်တော့ နှစ်ဦးသား ကတိသစ္စာတွေနဲ့လွှမ်းခြုံခဲ့တဲ့ရွှေတောင်ဦးစေတီတော် နှစ်ဦးသား

ရင်တွင်းစကားတွေကိုမျှဝေနားလည်ခဲ့တဲ့နေရာ သူနှစ်ကိုယ်ကုသိုလ်ထူးတွေနဲ့ပြည့်နက်နေတဲ့နေရာလေးးးးးးးးးးးးး

          ကျနော် ကျောင်းပြီးလို့ ဘွဲ့ယူအပြီး အလုပ်လျှောက်တဲ့နေ့လေးမှာပဲ သူလဲ ဘွဲ့ယူပြီး အလုပ်လျှောက်တော့

နှစ်ယောက်စလုံးအလုပ်ရခဲ့ကြတယ်(အလုပ်ကတော့ မပြောတော့ပါဗျာ) အဲ့ဒီနေ့မှာ အင်တာဗျူးက သူနဲ့ကျနော်က

ရှေ့ဆင့်နောက်ဆင့် ကျနော်ကအရင် သူကကျနော့်နောက်ကလေ နာရီဝက်လောက်ကြာမယ်ထင်တယ် အင်တာဗျူးက

ကျနော်က ဗျူးပြီးတော့ နေကာမှန်မျက်ဝယ်ဆိုပြီး ထွက်လာခဲ့တယ် ကျနော် ပြန်လာတော့သူလဲ အင်တာဗျူးပြီးလို့

အထွက် ကျနော်နဲ့ဆုံတယ်လေ ကျနော်က ဟေး  ညီမအဆင်ပြေလား မေးလိုက်တယ် သူက အင်း ပြေပါတယ်

အစ်ကိုကော တဲ့ ကျနော်က ပြေပါတယ်  ဒါနဲ့ညီက ဘယ်ကလဲ ဘယ်မှာနေလဲလို့မေးလိုက်တယ် သူက ဒီမုံရွာက

ကျောက္ကာလမ်း ဆူးလေကုန်းရပ်ကွပ်ထဲမှာ တဲ့ ကျနော် က ဟင်း ဟုတ်လား ကျနော်လဲ အဲ့ဒီမှာပဲလေ ဒါနဲ့ဒီက ညီမ

နာမည်က ဘယ်လိုခေါ်လဲ မေးတော့ သူက ညီမနာမည်က ပန်းသစ္စာပါတဲ့  ကျနော် အော် ဟုတ် လား နာမည်ကလှတယ်

နော် လူနဲ့လိုက်ဖတ်ပါတယ် တကယ်ပြောတာပါ စိတ်မဆိုးနဲ့နော် ဟိ ကျနော်နာ့မည်က လွမ်းသစ္စာပါ ကျနော်က ဖေဖေ

မေမေမရှိတော့ဘူး ဘွားဘွား ကြီးကြီးတို့နဲ့နေတယ်လေ ဆိုပြီး ပြောတော့ပန်းက ဟယ် ဟုတ်လား ညီမက အိမ်မှာဖေဖေ

မေမေကိုကိုတို့နဲ့နေတာ မိသားစုလေးယောက်ပဲရှိတာပါတဲ့ အိမ်လာလည်လေ အိမ်မှာက ညီမပျင်းရင်မတီးတ်တီတတ်နဲ့

တီးတဲ့ပီိယာနိုရှိတယ် ဘိုးဘိုးက လက်ဆောင်အဖြစ်ပေးခဲ့တာလေ အစ်ကိုတီးတတ်လားမေးတယ် ကျနော် က အင်းတီးတတ်

ပါတယ် ကျောင်းကပွဲတွေက အစ်ကိုက ပိယာနိုတီးရတာလေ အင်း ဟုတ်လား  တဲ့ ဒီလိုစကားလေးပြောရင် လာခဲ့လိုက်တာ

မကြာခင်ပဲ သူ့အိမ်ရှေ့ေ၇ာက်လာပါတော့တယ် သူ က အစ်ကို ညီမအိမ်ရောက်ပြီး ဆိုပြီး သူက ဘိုင့်ဘိုင် နောက်ဆိုအိမ်လာ

လည်နော် တဲ့ သူလက်ပြပြီး အိမ်ခြံလေးထဲ့ဝင်သွားပါတော့တယ်  အိမ်လေးက နှစ်ထပ်တိုက်ပုလေး သပ်သပ်ရပ်ရပ် သိပ်မချမ်း

သာပေမဲ့ အသင့်တင့်တော့ ရှိရှာပါတယ် ကျနော်တို့ခြံနဲ့ဆို သုံးလေး အိမ်ခြားတယ် ကျနော်လဲ ပန်းကို နုတ်ဆက်ပြီး ပြန်လာ

ပါတော့တယ်၊

         အားလပ်တဲ့ တနင်္ဂနွေနေ့တွေမှာ ပန်းနဲ့ ကျနော် ဘုရားဖူးရင်း အပျင်းပြေထွက်ဖြစ်ခဲ့ကြတယ် ဗောဓိတစ်ထောင်

 ရွှေတောင်ဦးဘု၇ားအဲ့ဒီဘုရားတွေမှာခြေရာထပ်အောင် လည်ခဲ့ကြတယ် ရွှေတောင်ဦးဘုရားကိုအမြဲတမ်းလိုလိုရော်ခဲ့ကြ

တယ်၊  ပျော်ရွှင်ကြည်နူးဖွယ်ရာ အတိပြီးတဲ့နေ့ရက်ကလေးတွေပါပဲ  ဒီလိုနဲ့နှစ်ဝက်ကျော်လာတဲ့အချိန်မှာ ပန်းက ကျနော်ဆီ

ဖုန်းဆက်ပြီး လာမည့် တနင်္ဂနွေမှာ တနေရာသွားပြီး ပန်းတို့ ရှေ့ရေးလေး ဆွေးနွေးရအောင် ဆိုပြီး ပြောပါတယ် ကျနော်က

ကောင်းပါပြီဗျာ တကယ်နော် ဘယ်နေရာလဲ မေးတော့ သူက သွားနေကျနေရာလေတဲ့ကျနော်သိလိုက်ပြီး ရွှေတောင်ဦးဘု၇ား

ပန်း က ညီမက မိန်းမသားလေ ပိုသေချာချင်တယ်နော် တဲ့ ကျနော် က အင်းပါ ဆွေးနွေးကြတာပေါ့ ဆိုပြီးပြောလိုက်တယ်

သူလဲ ဖုန်းချသွားတော့ ကျနော်မှာ အတွေးလေးတွေနေရာယူလာကြတယ် ကြည်နူးဖွယ်အတွေးလေးတွေ တနင်္ဂနွေနေ့မတိုင်

ခင်မှာ  ပန်းက ကျနော့်ကိုသူ့အိမ်လာလည်ဖို့ဖိတ်ခေါ်ပါတယ် ကျနော်လဲ သွားလိုက်တယ် ဟိုရောက်တော့ ပန်းရဲ့ဖေဖေမေမေက

သဘောကောင်းကျြတယ် ကျနော့်ကိုဖေါ်ဖေါ်ရွေရွေပါပဲ ကျနော့်ကို နာမည်တွေ မိဘတွေမေးပြီးတော့ ကဲ မောင်လွမ်းရေ သမီးနဲ့

စကားပြောကြနော် ဆိုပြီး အသာထိုင်ကာ ကျနော်တို့ပြောတာနားထောင်နေပါတယ် ကျနော် ပီယာနိုတီးပြတော့ ပန်းဖေဖေက

 ဟ  မောင်လွမ်းက တယ်တော်ပါလား    ဦးဖြင့် သိပ်မတီးတတ်ဘူးဗျာ သမီးနဲ့ဆိုမောင်းလွမ်း ကပိုတော်မယ်ထင်တယ်ကွယ်တဲ့

 အော် မောင်လွမ်း မင်း ဟို သီချင်း စိန်ခြူးကြာညောင် သီချင်းတီးတတ်လားလို့မေးတယ် ကျနော် က တီးတတ်ဘဘဆိုပြီး တီး

ပြတော့  ပန်းရဲ့ဖေဖေက မောင်လွမ်းမင်း အဲ့ဒီသီချင်းတီးပြတာ သိပ်တော့်တယ်ကွာ ငါ ပန်းရဲ့ဘိုးဘိုးကို သိပ်သတိရမိတာပဲ

ပန်းရဲ့ဘိုးဘိုးက အဲ့ဒီ သီချင်းလေးနဲ့ တူနှစ်ကိုယ်ဘ၀စခဲ့ကြတာတဲ့  ဒါပေမဲ့းးးးးးးးးးဟိုးးးးးးးးးအတိတ်မှာကျန်ခဲ့ပါပြီး ခုဆို

ပန်းရဲ့ဘိုးဘိုး ငါ့ဖေဖေလဲ မရှိတော့ဘူးလေ မောင်လွမ်းတော်ပါတယ် ပန်းတောင် အဲ့လောက်ကျွမ်းကျင်မှုမရှိဘူး နောင်လဲ

အားရင် လာတီးပြနော် မောင်လွမ်း လို့ပြောပါတယ် ၊ ကျနော်က ဟုတ်ကဲ့ ဘဘ ကျနော်အားရင်အိမ်လာလည်ပြီး တီးပြပါမယ်

ဆိုပြီး ပန်းနဲ့ပြောစရာလေးတွေပြောပြီး ကျနော်ပြန်ခဲ့ပါတော့တယ်..............

                အားလုံးကိုလေးစားလျက် လွမ်းသစ္စာ(ငိုနေသူလေး)

             ဆက်လက်ကြိုးစားပါအုံးမယ် (ကိုယ်တိုင်ေ၇း)

*********စံလွန်းတင်**********


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>