Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
''''''' အဝေးရောက် ပရဟိတ အလှု ပါဝင်ကာ မျှဝေကြပါစို့ ...''''''
$
0
0
                    ရွှေမြို့ တော်က အကို အမ မောင်လေး ညီမလေးများ အားလုံးမင်္ဂလာပါလို့ .. ခရေ ကနေနှုတ်ခွန်းဆက်သပါတယ်။။
                                                တနေဝင် တနေထွက် ရုန်းကန်လို့ ဘဝကို ဆက်ပြီး လှုပ်ရှားနေရတဲ့  အချိန်လေးတွေမှာ ရက်သီတင်းပါတ် ပြည့်လို့ တနင်္ဂနွေနားရက် ရောက်ပြန်တော့မယ်ပေါ့.. အားလုံး စိတ်လက်မောပန်းများ ပြေကြပါစေလို့  ဆုတောင်းချွေလိုက်ပါတယ်။
                   ခရေ ဒီတခါရေးချင်တာကတော့ မြို့ တော်ရဲ့  ဆိုက်လေးထဲမှာ တွေ့ မြင်နေရတဲ့  အဝေးရောက် ပရဟိတ လူငယ်များရဲ့  နာမည်လေးတွေပါ။ မိမိ နာမည်လေးတွေ ဘေးမှာ ( အဝေးရောက်)ဆိုပြီးထည့်ထားကြပါတယ်။
               သူတို့ လေးတွေက သိရသလောက်တော့ အမိမြန်မာပြည်နဲ့  ဝေးကွာတဲ့ နိုင်ငံရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာ လူငယ်မောင်မယ်များပါ။ မိမိ အိမ်နဲ့ ဝေးနေတဲ့သူတွေ ဘယ်လို ခံစားရတယ်ဆို တာ ခရေ က ကိုယ်တွေ့ ပါ။
နောက် လူမျိုးခြား ၊ ဘာသာစကားမတူ တဲ့  လူတွေနဲ့  ပေါင်းသင်းလုပ်ကိုင်နေရတဲ့  ဒုက္ခဟာလဲ မသေးပါဘူး။ အလို ကြားလေးထဲကနေပြီး သူငယ်ချင်းတွေ စုပေါင်းလို့  မြန်မာပြည် တောရွာလေးက တနေရာမှာ စာကြည့်တိုက်ဆောက်မယ် ဆိုတဲ့  အစီအစဉ်လေးပါ။
အမတန်မွန်မြတ်လှတဲ့  စာပေအလှုလေးပါ။ ခရေတို့  မြန်မာ လူမျိုးတွေမှာ စကားပုံတွေရှိကြပါတယ်။
                                                       စာအုပ်စာပေ လူ့ မိတ်ဆွေ
                     ဆိုပြီး စာပေနဲ့ ပါတ်သက်လို့  ဆိုကြပါတယ်။ ခရေတို့  တွေ စာပေကို ဖတ်ရှုရတဲ့ အကျိုး ပြောမကုန်ပါဘူး။ အနဲဆုံးတော့ မသိတာတွေ သိရမယ်။ ဗဟုသုတတွေ ရရှိမယ်။ အတန်းပညာ ဟာ ဘယ်ရွေ့ ဘယ်မျှ တက်ပါစေအုံး အသိပညာ နဲပါးရင် လူက အမြဲ နောက်ကျတတ်ပါတယ်။
 အသိပညာအတွက်က ကိုယ်တိုင်ရှာမှ ရပါတယ်။ အတော့ အသိပညာပေါကြွယ်ဝတဲ့ စာပေတွေ စာအုပ်တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။
                            တချို့ ဒေသလေးတွေမှာ ရှားပါးလှပါတယ်။ မြို့ တက်စာအုပ်ဝယ်ဖို့  စာအုပ်တွေ ဖတ်ချင်တာတောင် အခွင့် အရေး မပေးလို့ အကြောင်း အမျိုးမျိုးတွေကြောင့် စာပေးအသိနည်းခဲ့ရပါတယ်။
                  ခုလို အဝေးရောက် မောင်နှမများ ပေါင်းလို့ မတည်ထားတဲ့  စာကြည့်တိုက် အလှုလေးဟာ ဝမ်းသာစရာကောင်းလှပါတယ်။ အဝေးရောက်နေလို့  အဝေးရောက်လို့  ပေးထားပေမယ့်  မြန်မာပြည်တွင်း နေထိုင်သောသူများ. ၊ ရန်ကုန်မြို့ တွင်းနေထိုင်သောသူများလဲ အားပေးပါဝင်စေလိုပါတယ်။
                             ခရေတို့ တွေရဲ့  လုပ်ခလေးတွေထဲက ခရေ လှုနေတဲ့ အလှုလေးကို တွက်ပုံလေးပြောပြပါ့မယ်။ ခရေ ဒီက နိုင်ငံငွေ ၄၀၀ ကျော်ကို မြန်မာ ငွေ ၁သိန်းပို့ ရပါတယ်။ မြန်မာငွေ ၁သောင်းဆို ဒီကငွေ ၄၀ကျော်လောက်ကျပါတယ်။ လစာလေးထဲကနေ မြန်မာငွေ ၁သောင်းအတွက် ဒဟန်း ( ယူအေအီး ငွေ)  ၄၀ လောက်ကို သတ်သတ်ဖယ်မိပါတယ်။
      အတော့ ခရေခု မိဘမဲ့ ကလေးများအတွက် လှုနေတာ ၂ လရှိပါပြီ။ ဒီလကစလို့  စာကြည့်တိုက်လဲ လှုပါ့မယ်။ နိုင်ငံခြားမှာလုပ်နေလို့  ပိုက်ဆံပိုရလို့  လှုနိုင်တာလဲမဟုတ်ပါဘူး။ မြန်မာပြည်ကလူတွေလဲ တွက်လို့ ရပါတယ်။ လစာထုတ်ရင် အထဲက တလ ၃လေးထောင် လောက်ကို အရင်ဖယ်လို က်ရင် လှုမိပြီးသားဖြစ်ပါတယ်.
              အဒီငွေ ၃ လေးထောင်က သုံးတော့လဲ ကွမ်းဖိုးဆေးလိပ်ဖိုး ထဲပါသွားတာပါ။ ဘယ်လောက်လှုမှ ပိုက်ဆံတွေ အများကြီးလှုမှ မဆိုလိုပါဘူး။
                                                နောက် ခရေ တခု သတိရမိတာကတော့ စာအုပ်လေးတွေလဲ လှုစေချင်ပါတယ်။ ခရေ မေမေ ပြောတဲ့ စကားလေးမှတ်မိလို့ ပါ။ မေမေက ဝတ္တု အရမ်းကြိုက်ပါတယ်။ စာရေးဆရာတွေကို တော်တော်များများဖတ်ပါတယ်.။
          ဒါပေမယ့် လတိုင်း ၃ ၄အုပ်ကအသစ်ထွက်ပေမယ့် အချိန်တိုင်းမဖတ်တော့ စာအုပ်တွေက မထပ်ဘူးပေါ့. အတော့ အသစ်ဆို ငှား ခ ဈေးကြီးတယ်။ အမေက အဟောင်းပဲဖတ်တယ်။ မဖတ်ရသေးရင် အသစ်ပဲတဲ့ စာအုပ်တွေကလေ။
                          ခရေတို့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ သူတစွယ်စုံတို့ ၊ မြတ်မင်္ဂလာတို့ ၊ မင်္ဂလာမောင်မယ်တို့  အလိုစာအုပ်လေးတွေ ဟာ ဗဟုသူတလဲရ ပညာလဲရကြပါတယ်။ တချို့ အိမ်တွေမှာ လူကြီးတွေက သိမ်းတတ်ကြပါတယ်။ အလိုဟာလေးတွေကို လှုစေချင်ပါတယ်။
                             ခရေ အကြံကတော့ မြန်မာပြည်ကလူတွေကို ဒုက္ခပေးသလို ဖြစ်နေလားတော့ မသိပါဘူး။ ခရေကလဲ တာဝန်ခံ မဟုတ်သလို ဝေးလဲနေလို့ ပါ။ ခရေ မြန်မာပြည် ပြန်အခြေချရင်တော့ ခရေ ပါဝင်ကူညီပါ့မယ်လို့ ။
                            ခရေတို့ ရဲ့  ပရဟိတ စာကြည့်တိုက်လေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်အောင် ဝိုင်းဝန်း ကူညီပေးကြသော ရွှေမြို့ တော်ရဲ့  အက်မင်များ တာဝန်ခံများ အားလုံး အဝေးရောက်လူငယ်အဖွဲ့ သားများ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
                            ဆထက်တိုး ပြီးပရဟိတတွေ လုပ်ဆောင်နိုင်ပါစေလို့ ။
                             ကုသိုလ်လေးတွေ မျှဝေရင်း လက်တွဲနိုင်ကြပါစေလို့ ။
                              အဝေးရောက် လူငယ်များရဲ့  စာကြည့်တိုက်လေး ကိုလဲအလှုလေးတွေ ပါဝင်နိုင်ကြပါစေလို့ ..
                                            ဆုမွန်တောင်းရင်း ခရေ ရဲ့  အလှုလေးကိုလဲ မြို့ တော်နေပြည်သူများ သာဓုခေါ်ဆိုကြပါလို့ ..
             ခရေ တို့ ရဲ့  အဝေးရောက် ပရဟိတ လူငယ်များရဲ့  ဆိုက်လေးမှလဲ ဖိတ်ခေါ်ပါတယ်နော်..
            ..http://awayfriend.blogspot.com/
              လှုဒါန်းချင်တယ် ဆိုရင်တော့ မြန်မာပြည် တာဝန်ခံ
              မရှင်းသန့် မေ ( ရွှေမြို့ တော် ပရဟိတ )
                     ရှင်းသန့်မေ -09420057992
 သို့  လှုဒါန်းနိုင်ပါတယ်လို့
                                                                                                                    ခရေ
                                                                                                        ( ကြိုးစားပါအုံးမည်)                                                       
။။။။။ကိုယ်တိုင်ရေး ဘလော့။။။။။
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>