အကောင်းဆုံးလက်တွဲဖော်ဆိုတာ
- ကိုယ့်ကို သတိရပါတယ် ခဏခဏပြောနေတဲ့သူမဟုတ်ဘူး ကိုယ်သတိရမိတဲ့အချိန်တိုင်းအနားမှာ ရှိနေပေးတဲ့သူဖြစ်တယ်
- ကိုယ့်ကို လွမ်းပါတယ် ခဏခဏပြောနေတဲ့သူမဟုတ်ဘူး ကိုယ်မျက်ရည်ကျချိန်တိုင်း သုတ်ပေးတတ်တဲ့သူဖြစ်တယ်
- ကိုယ့်ကို ချစ်ပါတယ်ခဏခဏပြောနေတဲ့သူမဟုတ်ဘူး အချစ်ကိုဖွင့်မပြောပဲနဲ့တောင်အကောင်းဆုံးသက်သေပြနိုင်တဲ့သူဖြစ်တယ်
- နူးညံ့ညင်သာတဲ့ စကားလုံးတွေ ရွေးပြောနေတတ်တဲ့သူမဟုတ်ဘူး ကိုယ့်အကျိုးအတွက်ဆို မာကြောတဲ့စကားတွေကို စေတနာအပြည့်နဲ့ပြောတတ်သူဖြစ်တယ်
- အချိန်တိုင်းကိုယ့်လက်ကို တွဲထားတဲ့သူမဟုတ်ဘူး ကိုယ်မလဲကျအောင် ကိုယ့်နောက်ကနေ အမြဲ ကူညီ ဖေးမပေးနေတဲ့သူဖြစ်တယ်
************************************************
`` သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ´´
ခင်တက်တဲ့ လူကဲလေး :p