Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အဘိဓမ္မာအခါတော်နေ့

$
0
0

သိ. ဟော. မြဲနေ. ဆင်းနတ်ပြည် မှတ်လေအ၀ိဇဟိတ လေးဌာန၊

အထက်ပါလင်္ကာလေးအရ မြတ်စွာဘုရားရှင် ( ၇ ) ၀ါမြောက်မှာ ဟာတာဝတိံသာနတ်ပြည်မှာမယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအမှုးပြု၍ နတ်ဗြဟ္မာအပေါင်းကို  မိဘကျေးဇူးဆပ် အဘိဓမ္မာတရားကို ၀ါတွင်းသုံးလ

ပတ်လုံးဟောတော်မူပြီး ၀ါလကျွတ်သော သီတင်းကျွတ်လပြည့်နေ့၌  တာဝတိံသာနတ်ပြည် သိကြားမင်း၏ မြို့တော်သုဒဿနမှ လူ့ပြည် သင်္ကဿနဂိုရ် မြို့အ၀င်တံခါးဝသို့ကြွချီသက်ဆင်းတော်မူခဲ့လေသည်။      ထိုသို့သက်ဆင်းတော်မူလာသောအခါ မြတ်စွာဘရားသည် ရတနာ (၇ ) ပါးဖြင့်စီခြယ်ထားသော အလယ်ဗဟို

အနီရောင်ပတ္တမြားလှေခါးမှ ဆင်းသက်တော်မူ၍ ဗြဟ္မာမင်းနှင့် ဗြဟ္မာပရိသတ်သည် ဘုရားရှင်၏ လက်ယာဘက်

အဖြူရောင် ငွေလှေခါးမှလည်းကောင်း၊ သိကြားမင်းနှင့် နတ်ပရိသတ်အပေါင်းသည် လက်ဝဲဘက်အ၀ါရောင်

ရွှေလှေခါးမှလည်းကောင်း ဆင်းသက်လာကြသည်၊ သင်္ကဿနဂိုရ်ပြည်မှ စောင့်ကြိုနေသော ပရိသတ်ကြီးသည် ရတနာ ( ၇ )ပါးအပြည့်အစုံကိုမမြင်ရဘဲ ရတနာသုံးပါး ( ငွေ.ရွှေ.ပတ္တမြား ) ဖြင့် စီချယ်ထား

သော လှေခါးကိုသာ မြင်တွေ့ကြရလေသည်။ လူ့ပြည်မှ ရဟန်း ရှင် လူပရိတ်သည်ကြီးသည်လည်း မြတ်စွာဘုရားခြေတော်ရာချမည့် သင်္ကဿအ၀င် မြို့တံခါးအ၀၌ ရောင်စုံမီးများထွန်းညှိကာ ပူဇော်ခြင်းဖြင့် ကြိုဆိုခဲ့ကြလေသည်။   ဗုဒ္ဓ၀င်ကျမ်းစာများအရ တာဝတိံသာနတ်ပြည်မှဆင်းသက်တော်မူရာ သင်္ကဿမြို့သည် ဘုရားရှင်တို့ မစွန့်သော အ၀ိဇဟိတ လေးဌာနတွင် တစ်ခုအပါအ၀င်ဖြစ်ပေသည်၊

( ဒေ၀ါရောဟဏကာလေ သင်္ကဿနဂရေ ပဌမပါဒ ဌာနံ အ၀ိဇဟိတမေ၀ ဟောတိ  )

ယင်းသို့ သီတင်းကျွတ်လပြည့်နေ့၌ နတ်ပြည်မှဆင်းတော်မူလာသောမြတ်စွာဘုရားကို လူ့ပြည်မှ ရဟန်းရှင်လူအများ ရောင်စုံမီးများဖြင့် ပူဇော်ခဲ့ကြသည်ကိုအတုယူကာ ယခုတိုင် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဘုရားကျောင်းကန် ဇရပ်တန်ဆောင်များ၌လည်းကောင်း၊ မိမိတို့နေထိုင်ရာအိမ်များ၌လည်းကောင်း လမ်းကြီးလမ်းငယ်အသွယ်သွယ်တို့၌လည်းကောင်းရောင်စုံမီးများဖြင့်

ပူဇော်ကြလေသည်၊ အချို့ မီးပုံပျံများဖြင့်လည်း ကောင်းကင်သို့လွတ်ကာ မြတ်စွာဘုရားဆင်းကြွတော်မူလာမည့်ချိန်ကို မှန်းဆကာ လွတ်တင်ပူဇော်ကြလေသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို မှန်းဆကာ ပူဇော်ကြသည် ဟုလည်းဆိုကြသည်။

ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ ဟု သတ်မှတ်ကာအဘိဓမ္မာ ဆိုင်ရာ ပဌာန်းဒေသနာများရွတ်ဘာသ်ကာ နေရာဒေသအသီးသီးတိုင်းမှာ မြတ်စွာဘုရားကို တစ်မျိုးတဖုံပူဇော်ကြလေသည်။ 

သံဃာတော်များဘက်မှကြည့်ရင်လည်း
 ပုရိမ၀ါဆိုခဲ့ကြသောရဟန်းတော်များ ၀ါတွင်းသုံးလမှ ၀ါကျွတ်သောနေ့-

ဝါဆိုသောသံဃာ အချင်းချင်း အပြစ်ရှိက တောင်းပန်ပြောကြားကြသော မဟာပ၀ါရဏာနေ့ ထူးနေ့မြတ်မျိုးလည်းဖြစ်ပါသည်။

 လူဒကာ.ဒကာမများဘက်မှာဆိုရင်တော့ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့တက်ကာ မယ်တော်သန္တုဿိတနတ်သားကို မိဘကျေးဇူးဆပ်ဟောကြားတော်မူခဲ့သည်ကို အတုယူကာ သီတင်းကျွတ်ရောက်တိုင်း မိဘတို့ကို ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့ပါက  ခွတ်လွတ်ပေးရန် ကန်တော့ဝန်ချကြသောနေ့ထူးနေ့မြတ်လည်းဖြစ်ပါသည်၊ ၊ ဒါကြောင့် အခုလို့သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားရှင်ကို ရောင်စုံဆီမီးများဖြင့် ပူဇော်ရင်း အဘိဓမ္မာတရားများဖြစ်သော ပဌာန်းဒေသနာများကိုရွတ်ဘာသ်ပူဇော်ရင်း မိမိတို့၏ မိဘ ဘိုးဘွားတို့ကို အပြစ်ရှိသမျှဝန်ချတောင်းပန်ကန်တော့ရင်းဖြင့် မိဘကျေးဇူးကို နားလည်ကာ ကုသိုလ်များပွားများနိုင်ကြပါစေလို့ ပတ္ထနာပြုရင်း             ……………………….

 

                                                                                           အားလုံးကိုလေးစားလျက်

                                                                                                  ကိုလေးကျော်

                                                                         

                                                 





 

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>