ကျွန်တော်တို့ မြန်မာ့များထမင်းစားသောက်ကြတဲ့အခါ ယဉ်ကျေးမှုလေးတစ်ခုရှိပါတယ်။
အဲဒါက ထမင်းဝိုင်းထဲမှာ မိမိထက် အသက်ရွယ်ကြီးသူ ဘိုးဘွားမိဘများနဲ့ အစ်ကိုအစ်မများကို
ဦးဦးဖျားဖျား ဦးဖယ် ဦးချ၍စားခြင်းပါဘဲ။ ဒါဟာ မြန်မာတို့ရဲ့ယဉ်ကျေးမှုများထဲက တစ်ခုလို့ပြော
လို့လည်း ရမယ်ထင်ပါတယ်။
သည်လို ဦးဖယ်ဦးချ၍ စားခြင်းကို ယဉ်ကျေးမှုအစဉ်အလာ တစ်ခုအဖြစ်လုပ်လာခဲ့ကြလို့
ကျွန်တော်တို့ သိပ်ပြီးတော့ အမှုမထားခဲ့ပါဘူး။ ဦးဖယ်စားရင် ကုသိုလ်ရမယ်။ ဦးဦးဖျားဖျားစားရင်
ငရဲကြီးမယ် စသည်ဖြင့် ထိုအတွေးမျိုးတွေက ကျွန်တော်တို့ရဲ့ခေါင်းထဲမှာ စွဲနေခဲ့တယ်။ ထိုအကြောင်း
လေးနဲ့ ပါတ်သတ်ပြီး ကျွန်တော်တွေးမိသလောက်လေးတင်ပြချင်ပါတယ်။
မိမိထက် အသက်ရွယ်ကြီးသူများကို ဦးဦးဖျားဖျား ဦးချစားခြင်းအားဖြင့် ကုသိုလ်ကတော့
ရမှာသေချာပါတယ်။ နောက်ထပ်လည်း မိမိထက် အသက်အရွယ်ကြီးသူတွေကို ရိုသေတတ်ခြင်း မိမိကိုယ်ကို
နှိမ့်ချခြင်းဟူသော ဂါရ၀တရား နိဝါတ တရားများလည်း ရရှိမယ်ထင်ပါတယ်။ ဒါ့အပြင် မိမိရဲ့ဘိုးဘွား
မိဘတို့ အဆင့်သင့် စားနိုင်ပါစေဟု သိတတ်မှုစေတနာလေးများလည်း စိတ်ထဲမှာ ဖြစ်တည်နေမယ်
ဆိုရင်ပိုကောင်းမှာပါ။ အဲဒီအချိန်မှာ ဘိုဘွားမိဘတို့ရဲ့ စိတ်တွင်းမှာလည်း သူတို့ရဲ့ သားသမီးမြေမြစ်
တွေက သူတို့အပေါ်ဂရုတစိုက်ရှိမှု သိတတ်မှုတွေကို ကျေနပ်ပျော်ရွှင်နေကြမှာပါ။
နောက်ထပ်က ထိုယဉ်ကျေးမှုလေးနဲ့ပါတ်သတ်ပြီး ဖြစ်ပေါ်တဲ့သံယောဇဉ်လေးပါ။ အမှတ်တမဲ့
ကြည့်လျှင်တော့ မသိနိုင်ပါဘူး။ ထိုယဥင်္ကျေးမှုလေးက မိဘနဲ့သားသမီးဆက်ဆံရေးကို ပိုပြီးနွေးထွေး
စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုကဲ့သို့ ဦးဖယ်စားသုံးစေမှုလေးဟာ မိဘနဲ့သမီးတို့ရဲ့
မေတ္တာကို အပြန်အလှန်ပေါင်းကူးပေးတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ သားသမီးက မိဘတွေကို
ဦးဦးဖျားဖျား စားစေချင်တဲ့ စေတနာ၊ မိဘတွေက သားသမီးတို့ရဲ့ သိတတ်မှုလေးကို ကျေနပ်ပီတိ
ဖြစ်ခြင်း စသည်ဖြင့် အပြန်အလှန်ဖြစ်တည်နေပါတယ်။ ထိုအပြုအမှုလေးက ထင်မှတ်မထားပါဘဲ
မိသားစုရဲ့ ဆက်ဆံရေးနွေးထွေးစေအောင် ပြုလုပ်ပေးတာကိုတွေ့ရပါတယ်။
ဒါကြောင့် ထိုကဲ့သို့ အကျိုးတရားလေးတွေပေးသော ဦးဖယ်ဦးချစားသော ယဉ်ကျေးမှုလေး
ကို တန်ဖိုးထားလေးစားသင့်ပါကြောင်း။
သူရိန်သော်တာ
FB:သူရိန်သော်တာ@thureinthawtar
↧
မြန်မာ့ထမင်းဝိုင်းမှ ချစ်စရာ့ဓလေ့ရိုးရာ
↧