Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

'''''မသေ သေးခင် ဘဝတွင် ပြင်ဆင်ကြစေချင် "'''

$
0
0

                                  ညစာ ထမင်းစားတော့ ည ၁၀ နာရီကျော်ပါပြီ။ သူငယ်ချင်းနှစ်ယောက်နှင့် တူတူစားနေတုန်း သွားက ကိုက်လာတော့ အသဲအသန် ပလုတ်ကျင်း အခန်းထဲပြေးပြီး Dantel Flosser သုံးတော့လဲ သွားက မသက်သာလာခဲ့။

                  သွားက ညာဘက်မှာက အပေါက်လေးလို ဖြစ်နေပေမယ့် အရင်က ဘယ်လိုမှမနေခဲ့.။ မြန်မာပြည်ပြန်ရင် ဆေးခန်းသွားဖို့  စိတ်ကူးကရှိနေတော့ ဒီနိုင်ငံမှာလဲ မသွားချင်။ ဒေါက်တာတော်တော် များများက ကုလားတွေဆိုတော့ မသွားချင်တာလဲပါသည်။

                  နောက်ဆုံး သွားတိုက်ဆေးတွေ အများကြီး တိုက်ပြီး ပလုပ်ကို ထပ်ခါခါ ကျင်းမှ သက်သာတော့သည်။ တွေးမိတာကတော့ ဟိုးအရင်ဘဝက သူများတွေကို လိမ်ပြောခဲ့လို့ ဖြစ်လိမ့်မည်။

                                   ပျင်းတာနှင့် လက်တော့ရှေ့  ပိုစ်လေးရေးရအောင် စိတ်ကူးပြီး ဝင်ပြန်တော့ အကြောက တက်လာပြန်သည်။ မျက်မှန်လေး ကောက်တတ်ပြန်တော့ ပါဝါက တိုးချင်လားမသိ။ မျက်မှန်က ၁၃ နှစ်သမီးကတည်းက တပ်ခဲ့ရတော့ အမြဲတစေ ပါဝါလေးများက လိုက်လိုက်လာသည်ပေါ့။

                      သြော် စဉ်းစားမိပြန်တော့ အရင်ဘဝက အကုသိုလ်ကြောင့် ဖြစ်မည်။ အရင်ဘဝတွေက ခိုးဆိုး လုရက်တဲ့သူက ဒီဘဝမှာ မျက်စိမှုံတာ မျက်စိမကောင်းတာ ဖြစ်တတ်သည်တဲ့လေ။

           အသက်က ပြန်တွက်ကြည့်ရင် ၃၀ ပါ။ လူ့ သက်တမ်းက ရုပ်လျှော့လာတော့ သက်တမ်း ၆၀ ဆိုရင်တောင် တဝက်က ကျိုးနေပြီ။  

             ငယ်ငယ် က လူကြီးများပြောတာ သွားသတိရမိတော့ အသက်ကလေးက ရလာရင် သွားကမကောင်းရတာ မျက်စိကမှုံရတာ နားကထိုင်းရတာ။

                                            ခရေတို့  အသက်က ၃၀ စွန်းရုံကို ခံစားနေရပါပြီ။ လူ့  ဘဝဆိုတာ ရတောင့် ရခဲပါတဲ့ ။ လူတွေက နတ်တွေထက်တောင် မြင့်မြတ်တယ်တဲ့ ။

                             ကိုယ့် အကျိုးပေး ပါရမီအရ ကိုယ်ကြိုးစားရင် နိဗာန်ရောက်မယ့် လမ်းတွေ လုပ်လို့ ရပါတယ်တဲ့လေ။

            ခရေ လဲ စဉ်းစားမိတာက ဇရာက ထောင်းလာရင် မနေတော့ပါဘူး။ Signal က ပြလာတော့ပေါ့လေ။ သံဝေဂလေးတွေ ရစရာပါ။ အသက်ကသာ ရလာတာပါ လူ့ ဘဝအတွက် အကျိုးပြုတာ ကိုယ့်ဘဝအတွက် သေရင် ပါမယ့် အရာတွေ ဘာတခုမှ မလုပ်ရသေးပါလား။

                    သာသနာ နှစ်မှာ ခုလုပ်ရင် ခုပဲခံစားရတယ်ဆိုတာ တကယ်မှန်ပါတယ်။ ဝဠ်ကြွေးဆိုတာ ကြောက်ဖို့ ကောင်းလှပါတယ်။ ချက်ချင်း လက်ငင်းကို အကျိုးပေးတဲ့ အရာပါ။ ဝ၌ကြွေးပါလို့ လဲ ဆပ်သင့်တာ ဆပ်ခဲ့ရပြီးပြီ။

            မသေခင် ဘာလုပ်မလဲ။ သူများအကျိုးပြုဖို့  မစဉ်းစားနဲ့  ကိုယ့်ကို ကိုယ် အသေဖြောင့်အောင် ဘာလုပ်သင့်သလဲ။။ အဖြေကို စဉ်းစားရင်..

စဉ်းစားရင်း.

စဉ်းစားရင်း…

 

မအိုသေးခင်
လှချင်ပချင် ရုပ်အဆင်..

မနာသေးခင်
ဖြစ်ချင်သွားချင် စိတ်အထင်..

မသေသေးခင်
ကြောချင်မောချင် မာနတွင်..

သင်အိုသောအခါ
သင့်ခန္ဓာ ပျက်စီးရွတ်တွမှာ..

သင်နာသောအခါ
သင့်ဥစ္စာ အမှန်မကယ်သာ..

သင်သေသောအခါ
သင့်မာန ထားခဲ့ရမှာပ.

မသေသေးခင်

စပ်ကြားတွင်

ပြင်ဆင်ကြစေချင်..

သေသောအခါ

ပါသွားမှာ

မိမိကုသိုလ်သာ..


အားလုံးပဲ ခရေလို ဘဝအတွက် အချိန်လေးတွေကို စဉ်းစားမိကြပါစေလို့ ..

စိတ်နှလုံးသာယာပျော်ရွှင်ကြပါစေနော်..

                                                                                                                ခရေ

                                                                                              (ကြိုးစားပါအုံးမည်)

။။။ ကိုယ်ပိုင်ရေး ဘလော့ ။။။။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>