အသံနဲ့ပြောထားတာကို စာနဲ့အနီးစပ်ဆုံးဖြစ်အောင်ပြန်ရေးပေးထားပါတယ်။ လိုအပ်တာရှိရင် မလေးလိုတာပါ…။
full screen mode နဲ့ဆိုရင် ပိုကြည့်လို့ကောင်းပါတယ်။
အောက်တိုဘာရဲ့ညနေခင်းတွေမှာဆိုရင် မားစ်ဂြိုလ်ကို အနောက်တောင်ဘက်အရပ်မှာ မြင်ရမှာဖြစ်ပါတယ်။ အောက်တိုဘာကုန်ခါနီးလေ မိုးကုပ်စက်ဝိုင်းနားကို ကပ်သွားလေဖြစ်မှာဖြစ်တဲ့အတွက် မြင်ရတာပိုခက်လာမှာဖြစ်ပါတယ်။
ညနက်လာရင်တော့ ဂျုပီတာကို မြင်ရမှာဖြစ်ပါတယ်။ တယ်လီစကုပ်အသေးလေး သို့မဟုတ် မှန်ဘီလူးနဲ့ နေစင်္ကြာထဲကအကြီးဆုံးဂြိုလ်ဖြစ်တဲ့ ဂျူပီတာရဲ့အလှကို ရှုစားနိုင်မှာဖြစ်ပါတယ်။
“Great Square” ရှိတဲ့နေရာကတော့ constellation Pegasus ဖြစ်ပါတယ်။ Pegasus ထဲမှာရှိတဲ့ 51-Pegasi ကတော့ နေကဲ့သို့သောကြယ်တစ်လုံးပဲဖြစ်ပါတယ်။
The Greate Square ထဲမှာရှိနေတဲ့ အတောက်ပဆုံးကြယ်ဖြစ်တဲ့ Alpheratz ကတော့ constellation Andromeda ထဲမှာလည်း အတောက်ပဆုံးကြယ်တစ်လုံးအနေနဲ့ရှိနေပါတယ်။ ဘုံကြယ်ပေါ့။ ဂရိဒဏ္ဍာရီမှာတော့ ပင်လယ်ထဲကရေသတ္တ၀ါဘီလူးကြီးရန်မရှာအောင်၊ ဘီလူးကြီးငြိမ်နေရအောင် အင်ဒရိုမီဒါမင်းသမီးလေးကို လူတွေက ပင်လယ်နားကကျောက်တုံးနားမှာ သံကြိုးနဲ့ချည်ထားကြတယ်လို့ ဆိုကြပါတယ်။
အင်ဒရိုမီတာထဲမှာ M31 ဆိုတဲ့ ဂလက်ဆီကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ m31 ဂလယ်ဆီထဲဟာ ကြယ်တွေဘီလျှံချီရှိနေတဲ့ ကြယ်ပင်လယ်ကြီးပါပဲ။ ကြည်လင်တဲ့ညမှာ ခပ်မှုန်မှုန်လေးမြင်ရမှာဖြစ်ပါတယ်။ မျက်စိကောင်းသူတွေအနေနဲ့ဆို ဒီအတိုင်းတောင်မြင်ရပါတယ်။
M31 ဟာ ကျနော်တို့ Milky Way Galaxy နဲ့ အနီးဆုံး spiral galaxy တစ်ခုဖြစ်ပါတယ် အလင်းနှစ် ၂.၅ မီလျှံအကွာမှာ ရှိပါတယ်။ မှန်ဘီလူးကောင်းကောင်းရှိသူတွေ နဲ့ တယ်လီစကုပ်ရှိသူတွေကတော့ M31 ရဲ့ နယူကလီးယစ်အပြင် လက်တံတွေကိုပါ မြင်ရတတ်ပါတယ်။
အနည်းငယ်သေးငယ်တဲ့ M31 ရဲ့အဖော်ဖြစ်တဲ့ M110 ကိုတော့ အစက်လေးအနေနဲ့ M31 နားမှာ မြင်ရမှာဖြစ်ပါတယ်။ အင်ဒရိုမီဒါဂလက်ဆီဟာ သူ့အနားက M32 ဂလက်ဆီအသေးလေးကို တစ်ဖြည်းဖြည်းဝါမြိုနေတာဖြစ်ပါတယ်။
အာရုံဦး(နေမထွက်ခင်) တွေမှာတော့ ဗီးနပ်စဂြိုလ်ကို အရှေ့မိုးကုပ်စက်ဝိုင်းမှာ မြင်ကြရမှာပါ။
အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ရက်မှာတော့ ကြယ်ကြွေတဲ့ရက်တွေပါ။
သန်းခေါင်ကျော်ရင် အရှေ့ဘက်ကောင်းကင်မှာ မောင်ရင်ဆိုင်းထမ်းထွကလာပါမယ်။ မိနစ်အနည်းငယ်တိုင်းမှာ ဟယ်လီကြယ်တံခွန်ကချွေချလိုက်တဲ့ ကြယ်မှုန်ကလေးတွေ မောင်ရင်ဆိုင်းထမ်းနားမှာ ကြွေကြွေသွားတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ညရဲ့ကောင်းကင်ဟာ အာကာသစင်မြင့်ကြီးပဲဖြစ်ပါတယ်။ ဘယ်မှဝေးဝေးသွားစရာမလိုဘဲ ကိုယ့်ခြံထဲကနေရင်းကို အာကာသရှိုးကေ့စ်ကို ရှုစားနိုင်ကြမှာဖြစ်ပါတယ်ရှင်။ http://www.ainchannmyay.com/?p=1576