`` အားလုံးပဲ..... နားတော့မယ်ကွာ.... ဘိုင် ဆီးယူ ´´ နှုတ်ဆက်ရင်း အိမ်ထဲ လှမ်းဝင်သွားတဲ့ မင်းသမီးကို
ပြန်နှုတ်ဆက်ရင်း အသီးသီး ထွက်သွားကြတယ်..။ ကျွန်တော်လည်း ကားလေးကို မောင်းထွက်လာခဲ့တယ်...။ ည. နေ၀င်ချိန်
ခြံဝက CCTV ကင်မရာ မှန်လေးက အနီရောင်လေး ဖြစ်နေပြီ....။ ထိန်းချုပ်ရေး အခန်းထဲမှာတော့ မှတ်တမ်း သွင်းထားမှာပေါ့...
ရက်ပေါင်း (၃၀)မှတ်တမ်းလုပ်လို့ရတဲ့ စနစ်ကို သုံးထားတယ်လေ..... ။
ရေချိုးပြီးလို့ ရေသုပ်ရင်း ညစာဘာစားရမလဲစဉ်းစားနေတုန်း ဖုန်းသံမြည်လာတယ်.... ဖုန်း စခရင်ကို ကြည့်
လိုက်တော့ မင်းသမီးဖုန်းပဲ...
`` ဟဲလို.... အီတာ ပြောပါ... ´´
`` ဟိုင်း.... ဆမ် ရေချိုးပြီးပြီလား..... ´´
`` အင်းပြီးပြီ... ဘာများ´´ စကားမဆုံးလိုက် မင်းသမီးက `` ဒင်နာ သွားစားရအောင် လာခေါ်နော် စောင့်
နေမယ်..... Lady's Heart ကိုသွားမယ်.... မြန်မြန်လုပ်.....´´
`` အာ.. ကျွန်တော် အလုပ်ရှိသေးတယ်/ နောက်မှ လုပ်ပါလား..´´ ဘာကြောင့်မှန်းမသိ ချက်ချင်းငြင်းဆို
လိုက်မိတယ်.....။ `` မရဘူး... ယူ အလုပ်မရှိဘူး မစ္စတာ လူးကပ်စ်ကို အိုင်မေးပြီးပြီ...´´ တဲ့... ဗုဒ္ဓေါ လို့ စိတ်ထဲမှာ ရေရွတ်
မိသွားတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီး မင်းသမီးက ထိထိရောက်ရောက် ခန့်မှန်းနိုင်နေပြီပဲ။ ဒါဆိုရင်ကျွန်တော့်ရဲ့ Zero Level
တော်တော်ကျဆင်းနေတာလား၊ မင်းသမီးကပဲ ပါးနပ်လွန်းတာလား တစ်ခုခုပဲ။ မစ္စတာလူးကပ်စ်လို့ ခေါ်တဲ့ကျွန်တော့်ဌာနမှူးနဲ့
ဘယ်လောက်တောင်ရင်းနှီးနေလဲ မသိဘူး.... နောက်ကို သတိထားရတော့မယ်....။
`` ဒါဆို ခဏစောင့် ရှုပ်တဲ့ နေရာတွေ မသွားဘူးနော်.... နားအေး မျက်စိအေးတဲ့ နေရာမှာပဲ နေချင်တယ်
စိတ်ရှုပ်တတ်လို့.....´´
`` ယက်စ်ဆား..... ယူက Lady's Heart ကိုမရောက်ဖူးဘူးလား...´´
`` နိုး..... မရောက်ဖူးဘူးလေ... ´´
`` ယူ သဘောကျမှာပါ...´´
`` အိုကေ မဒမ် လာခဲ့မယ်... ပလိစ် ၀ိတ် ....´´
အပေါ်ကုတ်အင်္ကျီဝတ်သွားချင်စိတ်မရှိလို့ ရှပ်လက်ရှည်လေးပဲ ၀တ်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် မိုးပြာ
ပြာရောင်လေး.. ဘောင်းဘီကတော့ နက်ပြာ...လိုရမယ်ရ...နားကျပ်ကလေးတော့ တတ်သွားဦးမှ..။ အာ... မဖြစ်သေးပါဘူး
သေနတ်ကလေးလဲ ဆောင်သွားရမယ်?ကျည်(၅)တောင့်လောက် တော့ ထည့်သွားမယ်၊ ဒါဆိုမထူးတော့ပါဘူးကုတ်အပါးလေး
ဝတ်သွားတာပဲ ကောင်းပါတယ်...။
`` အင်း... ယူနဲ့ အေးအေးဆေးဆေး စကားပြောချင်တာရယ်.. ကိုယ့်ကို စောင့်ရှောက်ပေးမဲ့ လူကို ဂုဏ်ပြု
တာရယ်လို့ မှတ်ထားပေးနော်...။ ယူ ကြိုက်တာမှာ.. အိုင်က စကော့ (1899) စပျစ်ဝိုင်နဲ့ ငါးဥ မှာထားတယ်။ ၀ိုင်ကနှစ်ချို့လေ
ကောင်းလေပဲ၊ ခွက်ကလေးကိုလှည့်ရင်း ဖြေးဖြေးလေး မျှင်းပြီး လျှာတစ်ပြားစာလောက် စုပ်ယူ... ပြီးရင်ပါးစပ်ထဲမှာခဏလေး
ထားပြီးမှ လည်ချောင်းထဲကနေစီးဝင်သွားတာလေးကို အရမ်းကြိုက်လို့..။ စားဖို့ကအမဲသားနဲ့ ဟင်းသီးဟင်းရွက်ကြော်တစ်ပွဲ
မှာထားတယ်´´ ဖယောင်းတိုင် မီးရောင်အောက်မှာ ပြုံးပြုံးလေးနဲ့ ပြောနေတဲ့မင်းသမီးကို ကြည့်ရတာ ပန်းလေးတစ်ပွင့်လိုလို
ကြယ်လေးတစ်ပွင့်လိုလိုပါပဲ။ ဒီနေ့ည သူ သိုးမွှေးဆွယ်တာ အပါးလေး ၀တ်ထားတယ်။ ရွှေအိုရောင် ဆံနွယ်တွေကိုလည်းဖြန့်
ချထားတယ်။ ဘာမှ ထွေထွေထူးထူးလည်း လိမ်းခြယ်မထားဘူး....။ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းသည်နဲ့အတူ အမှတ်တရ ညစာ
စားတဲ့ ပုံစံမျိုးလေး..... ဟုတ်တာပေါ့.... သူလည်း မွန်းကျပ်နေမှာပဲလို့ တွေးမိသေးတယ်....။
`` ကျေးဇူးပါ´´ ပြောရင်း သခွားမွှေးကို လိမ္မော်သီးနဲ့ ရောဖျော်ခိုင်းလိုက်တယ်။ စားဖို့ကတော့ မြူစွမ်ရယ်၊
အာလူးရယ်၊ ကြက်သားရယ်ကို နူးနေအောင် ပြုတ်ခိုင်းလိုက်တယ်။ ယနေ့ည Lady's Heart ရဲ့ အထူးစားစရာ ငါးဆားငံသီး
ပေါင်းတစ်ပွဲပေါ့....။
စားစရာတွေ မရောက်ခင် အီတာက ၀ိုင်သောက်ရင်း စပ်စုလာတယ် `` ဆမ် ပြောပြရဦးမယ် ဒို့ မွေးစား
အဖေက မြန်မာပြည်ကို ရောက်ဖူးတယ်သိလား..၊ သူ့ မှတ်စုထဲမှာ မြန်မာပြည်အကြောင်း ရေးထားတယ်။သူငယ်ငယ်က ကုလ
သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတယ်။ နောက်ပြီး နဲနဲကြီးလာတော့ ICRC အဖွဲ့နဲ့ ရောက်
ခဲ့တာတဲ့။ လူတွေ ယဉ်ကျေးတဲ့အကြောင်း....၊ ရေမြေလှပတဲ့အကြောင်း....၊ အသားအရည် နုညက်တဲ့အကြောင်း....၊ ရိုးသား
ကြောင်းတွေ ရေးထားတယ်။ ဓါတ်ပုံတွေလဲ အများကြီးတွေ့ရတယ်..။ နောက်ပြီး သူက Mr. Thant ရဲ့ ရုံးကဆိုတော့ အရမ်း
လေးစားတာလေ။ ကမ္ဘာစစ်ကိုတောင် တားဆီးနိုင်တဲ့ ပုဂ္ဂိုလ်တဲ့၊ စစ်အေးခေတ်ဦးကာလ စိမ်ခေါ်မှုတွေ အများကြီးကြားထဲမှာ
ကမ္ဘာစစ်ကို တားခဲ့တဲ့ ငြိမ်းချမ်းရေးရဲ့ ဖခင်အစစ်တဲ့။ ဒီလို ပုဂ္ဂိုလ်တွေကို နောက်ပိုင်းမှာ မရနိုင်တော့ဘူးလို့ ခဏခဏပြောခဲ့
တာပေါ့.... ဒါကြောင့် သူက ရီပတ်ဗလီကန် အမတ်ဖြစ်လာတာလေ.... ငြိမ်းချမ်းရေးဆဲလ်တွေ ၀င်နေတာပေါ့....´´
ကျွန်တော် မင်းသမီးကို အံ့သြ၀မ်းသာစွာ အကြာကြီး စိုက်ကြည့်နေမိတယ်။ ကျွန်တော့်ရဲ့ ကြည်နူးကျေ
နပ်နေတဲ့မျက်ဝန်း Plus Level ကို မင်းသမီးတွေ့နေတာကိုသတိမထားမိခဲ့ဘူး...။ စိတ်ထဲကနေ ကျေးဇူးပါ.. လို့ ဘယ်နှစ်
ကြိမ်ပြောနေမိပါလိမ့်။ သူ့မျက်နှာကို ကြည့်နေရင်း ပါးစပ်ကလည်း တိုးတိုးလေး ထွက်သွားတယ်လေ... `` Thank....´´ လို့
ဝိုက် တစ်ငုံသောက်ပြီး ဆက်ပြောလာတယ်....။
`` မစ္စတာသန့်ကို အင်္ဂလိပ်လို ဘာသာပြန်ရင် Clean လို့ အဓိပ္ပါယ်ရတယ်တဲ့။ သန့်စင်သော သူပေါ့....
တကယ်လည်း အမည်နဲ့ လိုက်ဖက်ခဲ့တာနော်.... Mr. Thank ကလေ....´´
`` ဟုတ်တယ် အီတာ... သန့်စင်ယုံတင် မကဘူး မွန်မြတ်ခဲ့တာပါ။ ကိုယ်တို့ မြန်မာနိုင်ငံသားတွေအ
တွက် ဂုဏ်ယူမဆုံးတဲ့ ပုဂ္ဂိုလ်ကြီးပေါ့....´´
`` ဟုတ်တာပေါ့... ဒါနဲ့ ဆမ် ယူ့ မြန်မာနံမယ်ကရော....´´
`` အဲ... အဲဒါကလေ..... ဟို..´´
`` ပြောပါ...မပြောချင်ရင် ဒီမှာ ရေးပြကွာ..´´ ပြောရင်းနဲ့ မင်းသမီးက စားစရာမှာတဲ့ ပန်းရောင် စက္ကူ
လေး လှမ်းပေးတယ်.... ကျွန်တော်လည်း ရေးပေးလိုက်ပါတယ်.... `` U Thank Sin Ko ´´ လို့.....။
မင်းသမီးက စာရွက်လေးကို သေသေချာချာကြည့်ရင်း `` Mr.Thant ထက်နှစ်လုံးပိုတယ်နော် မြန်မာ
တွေရဲ့ ရိုးရာ အမည်လား....´´
`` မဟုတ်ပါဘူးကိုယ်တို့မြန်မာတွေမှာ အမည်ပေးတာနဲ့ ပါတ်သက်ပြီး လွတ်လပ်ကြပါတယ်...။ မျိုးရိုး
အမည်ဆိုတာ မရှိဘူး.. U ဆိုတာက လူကြီးတွေကို ထည့်ခေါ်တာ..။ Thank Sin ဆိုတာက Clean ပါပဲ..။ Ko ဆိုတာက
ဒီလိုပဲ ထည့်ခေါ်တာပါ... အဓိပ္ပါယ် သတ်မှတ်ချက် သီးသန့် မရှိပါဘူး။ A Ko ဆိုရင်တော့ Brother ပေါ့ ´´ အဓိပ္ပါယ် သေ
သေချာချာ ရှင်းပြချင်စိတ်ပေါက်သွားပေမဲ့ သိပ်မရှင်းတတ်တော့ နားလည်သလိုပဲ ပြောပြလိုက်ရတယ်။ ဒီ တစ်ခါတော့ကိုယ့်
မြန်မာတွေရဲ့ ၀ိသေသတွေကို သေသေချာချာ လေ့လာထားဖို့လိုအပ်တယ်လို့ ခံစားလိုက်မိတယ်.... နောင်တတွေနဲ့ပေါ့....။
`` အင်း... ဆမ်ရေအိုင်လဲ မျှော်လင့်ပါတယ်။ ဆမ်က ငြိမ်းချမ်းခြင်းတွေကို ယူဆောင်လာနိုင်မယ်လို့
လေ... Mr.Thank လို ပေါ့နော်...။ နောက်မှ ပြောပြစရာတွေ အများကြီး ရှိသေးတယ်....။ အေးအေးဆေးဆေး ကြုံရင်
ပြောပြဦးမယ်...´´
မင်းသမီး စကားကိုနားထောင်ရင်းသူ့ကို ကျွန်တော် ကြည့်နေမိတယ် သူရဲ့ Zero Level မှာ နဲနဲလေး
ညှိုးငယ်သွားတဲ့ မျက်ဝန်းတွေကို မြင်နေရတယ်... သူ့မှာ ပူပန်စရာလေး တစ်ခုခု ရှိနေပါလားလို့ နားလည်ရင်း.....
`` အီတာရေ... လှပပြီး တန်ဘိုးရှိတဲ့စကားတွေနဲ့ ကြည်နူးစရာ ညလေးကိုကိုယ်ထာဝရသိမ်းဆည်း
ထားပါ့မယ်...´´ လို့ အသံတိတ်ပြောလိုက်မိတယ်...။ ဒီ ညလေးမှာ ကြည်နူးကျေနပ်နေသလို ရင်းနှီး ပူပန်မှုတွေလည်း
ရောယှက် နေလေရဲ့..... ကိုယ့်လူမျိုး...ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ သတ်မှတ်ချက် အကြောင်းအရာလေးတွေကိုလည်း
သေသေချာချာလေ့လာထားရမယ်ဆိုတာကိုလည်း သင်ပြပေးလိုက်သလိုပါပဲ အီတာရေ.... ကျေးဇူးပါ......။
ကျွန်တော် သက်တော်စောင့်...... (၉)သို့