Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သေကြောင်းကြံစည်မှုများကို တားမြစ်နိုင်မည့် feature ကို Facebook ထည့်သွင်း

$
0
0

နာမည်ကျော် လူမှုကွန်ရက်ဆိုက် Facebook မှ စိတ်အားငယ်၊ စိတ်ဓာတ်ကျနေသည့် မိတ်ဆွေသူငယ်ချင်းများအတွက် အကြံပေးပညာရှင်တစ်ဦး၏ နှစ်သိမ့်ဆွေးနွေးအကြံပေးမှုကို လျှို့ဝှက် chat ကဏ္ဍမှတစ်ဆင့် ဆက်သွယ်ရယူနိုင်စေမည့် feature သစ်တစ်မျိုးကို ပြီးခဲ့သည့်ရက်က စတင်မိတ်ဆက်ပေးလိုက်ကြောင်း သိရသည်။ အကျိုးကျေးဇူးကောင်းများစွာပေးနိုင်မည့် အဆိုပါ feature သစ်က နေ့စဉ် မိမိကိုယ်မိမိအဆုံးစီရင်သည့် အမေရိကန်နိုင်ငံသားဦးရေကို လျှော့ချပေးနိုင်ကြောင်း ပညာရှင်များကဆိုသည်။ ၎င်းဝန်ဆောင်မှုသစ်သည် Facebook ၏ အသစ်ထပ်မံပြုလုပ်ထားသော tool ဖြစ်ပြီး ၎င်းတို့အနေဖြင့် အဆိုပါဝန်ဆောင်မှုအသုံးပြုကာ ကမ္ဘာတစ်ဝန်းမှအသုံးပြုသူ သန်း ၈၀၀ ကျော်ကို ပိုမိုဘေးကင်းလုံခြုံစေမည်ဖြစ်ကြောင်း Facebook မှ public policy မန်နေဂျာ Fred Wolens ကပြောကြားခဲ့သည်။ ၎င်းဝန်ဆောင်မှုသစ်ကိုအသုံးပြုရန်မှာ မိမိကိုယ်မိမိအဆုံးစီရင်လိုသည့် အဓိပ္ပာယ်ရသည့် ဖော်ပြချက်မျိုးကို မိတ်ဆွေသူငယ်ချင်းတစ်ဦး၏ စာမျက်နှာပေါ်တွင်တွေ့ရှိပါက ၎င်းမိတ်ဆွေထံသို့ ယင်းကဲ့သို့ စိတ်ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို "report" ခလုတ်ကိုနှိပ်ပြီး မေးမြန်းနိုင်မည်ဖြစ်သည်။ အဆိုပါအသုံးပြုသူ၏ ပြန်လည်ဖြေကြားသည့် အဖြေပေါ်တွင်မူတည်ကာ ၎င်းနှင့်သင့်လျော်စေမည့် အကြံပေးမှုများပြုလုပ်နိုင်သူ၏ ဖုန်းနံပါတ်ပါဝင်သော အီးမေးလ်နှင့် နှစ်ဦးချင်းလျှို့ဝှက်စွာစကားပြောဆိုနိုင်စေမည့် link တစ်ခုတို့ကို မိမိကိုယ်ကို အဆုံးစီရင်လိုသူထံသို့ Facebook မှပေးပို့မည်ဖြစ်သည်။ ဆက်သွယ်လိုခြင်းရှိ၊ မရှိကို ပေးပို့ခံရသူစိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုကို Lifeline နှင့် Crisis တို့မှ Facebook နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးလျက်ရှိသည်။

အင်တာနက်ဂျာနယ်မှကူးယူးဖော်ပြသည်................ရုပ်စိုမလေး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>