Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အွန်လိုင်းချက်တင်းထဲကအကြောင်း တစေ့တစောင်း…..

$
0
0
အွန်လိုင်းချက်တင်းထဲကအကြောင်း တစေ့တစောင်း…..

မေမေ…. အင်တာနက်သုံးမယ်နော်…..
ဒီလိုခွင့်တောင်းရသေးတယ် ခွန်းချိုက။ အမိန့်တော်ကျမှ ဖုန်းကြိုးကို လက်ပ်တော့နဲ့ချိတ်။ အဟမ်း….. အရင်ဆုံး ဂျီတော့ကိုဖွင့်ရတယ်။ သူကလည်း ဂျီတော့ ဆိုတဲ့အတိုင်း ဂျီကျတယ်လေ.. သူ့ကိုအရင်ဖွင့်မှတက်တာ။ မဟုတ်ရင် retry ပဲအော်နေတာဆိုတော့ သူစိတ်ချမ်းသာမှ ငြိမ်းချမ်းမှာလေ….။ ပြီးတော့ ချစ်သူ့မြို့တော်ကို ၀င်… အိမ်ကိုပြန်ကြည့်ရသေးတယ်….. (ဘာမှမှုတ်ဘူး… နာ့ကိုကို ဘာတွေရေးထားသေးလဲလို့… ကိုကိုရေ… ဒါကိုဖတ်နေရင် တစ်ခါတည်းပြောလိုက်မယ်နော်…. နောက်မှ ကိုကို့အိမ်ဝင်ပြီး ငါးတွေပေးဦးမယ် သိလား… မနေ့က ငါးတွေ မိသေးတယ် လာပေးမယ်…..) ဘယ်ရောက်သွားပါလိမ့် ပြောနေတာ…. အော်… အိမ်ကို နည်းနည်းပြန်မွှေ… ပြီးတော့ ဂျီတော့ပွင့်လာတယ်။ အဲ……. ပြသနာက အဲ့ဒီမှာစတာ…. 5 4 3 2 uno………
ခွန်းချိုရဲ့အကောင့်ထဲမှာက လူတွေအများကြီးပဲ… ကြွားလိုက်ဦးမယ် အကောင့်နာမည်တွေလိုက်ဖတ်သမျှက ယောက်ျားလေးတွေပဲဖြစ်ဖို့များတယ် သိလား….. ခွန်းချိုက ချက်တင်းထိုင်တာနည်းပါတယ် မားသားထံက အမိန့်မကျတာကြောင့်လေ… ဆိုင်လည်း သွားထိုင်ခွင့်မပြုတော့ မားမားပြုသမျှ နုရတော့တာပဲ။ အဲ… အဲ့မှာ ကိုယ့် ဘော်ဘော်ဟောင်းတွေနဲ့ ဘာညာကွိကွ အတုပ်တင်းဖြစ်နေတဲ့ အချိန်မှာ အကောင့်တစ်ခုက……
၁) ဟိုင်း…
ချစ်) ဟိုင်းပါ….
၁) မင်းကဘယ်ကလဲ နာမည်ရော ဘယ်လိုခေါ်လဲ….
စ သုံးလုံးနဲ့ တူပါတယ် ရောက်ရောက်ခြင်းကို မေးတော့တာ…. ချက်ချင်းမမေးရင် မေးဖို့မေ့သွားမှာစိုးလို့ထင်ပါရဲ့
ချစ်) ……. ပါ ရန်ကုန်က..
နာမည်အရင်းကိုတော့ ဒီမှာပြောပြဖူးနော်…. ဟီး သည်းခံ ခွန်းချို အကောင့်ထဲရောက်ရင်တော့ပြောပြမှာပါ…
၁) တစ်လုံးတည်းလား နာမည်က
ခွန်းချိုက နာမည်ကို ရှေ့တစ်လုံးပဲပြောတာများပါတယ် တစ်လုံးသိလည်း ဘာဖြစ်လဲ နာမည်ပဲဟာ.. နာမည်အပြည့်အစုံပြောပြလည်း ပြီးရင် သူတို့က မေ့တာပဲဟာကို… သူကျတော့ သူ့နာမည်မပြောဖူး…..
ချစ်) အဲ့လိုပဲခေါ်ပါနော် နာမည်က ရှည်လို့….. ဒါနဲ့ အစ်ကိုက…..
……………………………………….. ပြန်မဖြေတော့တာ ၁၀ မိနစ်ဖြစ်သည်……………………………………………..
အဲ့လို…. ကိုယ့်ကျတော့ မေးပြီး သူကျတော့ ပြန်မပြောချင်ဘူး ကပ်စေးကုတ်တွေ… အဲ့လိုသူတွေ တော်တော်များတယ် ( ဒီစာကိုဖတ်နေတဲ့သူတွေထဲမှာရော…. ပါသေးလား…. မေးတော့ပါဝူး ကိုယ့်ကိုယ်ကိုယ် သိကြမှာပေါ့နော့) ဒါနဲ့ သူ့နဲ့ချက်နေတာကို ရပ်ပြီး ခွန်းချိုရဲ့ကိုကိုနဲ့ချက်တာပေါ့…. (ဟုတ်တယ်နော် ကိုကို….) သူကလည်းတွေ့တာနဲ့…
ကို) ချစ်………
ချစ်) ပြော ကိုကို….
ကို)ချစ်အိမ်က လန်းတယ်နော် ဘယ်လိုပြင်ထားတာလဲ
ခွန်းချိုအိမ်က ဒီအတိုင်းကလိတာပါ…… သူလည်းကလိထားတာပဲဟာ…. မှန်တာပြောရရင် သူ့အိမ်ကိုလည်ရင်း တစ်ယောက်က သူ့ကိုမေးထားတာလေ.. အိမ်ဘယ်လိုပြင်ထားတာလဲလို့ သူပဲပြန်ဖြေတာ code ကိုမသုံးပဲ ဒီအတိုင်း ပုံဖြည့်ပြီး ပြင်တာတဲ့…. ခွန်းချိုလည်း အဲ့တိုင်းပြင်တာပဲလေ…. အဲ့ဒါကို သူက ပြန်လာမေးတော့ ဒီက ဘာဖြေရမတုန်း….. အလကား သူ့ကိုကြောင်သူတော် ကြွက်သူခိုးပြောလို့ အိမ်ကိုပြင်ချင်နေတာ သိလား.. (ဘယ်သိမလဲ သူကဘယ်သူဆိုတာကို.. မသိဘူးမှတ်လား သူငယ်ချင်းတို့။ သူ့အိမ်က အစတုန်းက ဘုရားပုံတွေနဲ့လေ…. အိမ်ရဲ့အပေါ်ဆုံးမှာတော့“ အချစ်မှာမျက်စိမရှိဘူးဆိုပေမယ့်….” ဆိုလားမသိဘူး အဲ့ဒါနဲ့ စ တဲ့ စာသားတချို့ရေးထားတာလေ…… ဗီဒီယိုတွေတင်လိုက်တာလည်း သူ့အပြင်ရှိဘူး….. အဲ့ တနင်္လာသားနော် သူက)
ချစ်) ဒီလိုပဲကလိထားတာလေ ကိုကိုရဲ့….. ဘာဖြစ်လို့လဲ
ကို) ကလိထားတာမို့လိုပဲ တကယ်များပြင်တတ်ရင် ဘယ်လောက်တောင် ပြင်လိုက်မလဲသိဘူး
အဲ့ဒါတော့ အက်မင်တွေပဲပြင်တတ်မှာ ကိုကိုရေ့လို့ပဲ ပြောချင်လိုက်တာ သိလား… ခွန်းချိုက အခုမှအသက် ၁၈ တောင်မပြည့်သေးတဲ့သူ….. ကွန်ပြူတာနဲ့ပတ်သက်ရင် ဘာမှတတ်သေးတာမှုတ်ဘူး ဘာများ လုပ်တတ်ဦးမှာလဲ တတ်ချင်းတတ်ရင် သူကတောင် ပိုလုပ်တတ်ရဦးမှာကို……
ချစ်) ကိုကိုလည်း ကလိပေါ့…..
…………… ခနရပ်သွားသည်……..
ကို) ချစ်ရယ် နေလည်းမပူ မိုးလည်းမရွာပါဘူး ဦးထုပ်ချွတ်ထားစမ်းပါ….
အဲ့တုန်းက ခွန်းချိုဦးထုပ်ဆောင်းပြီး ရိုက်ထားတဲ့ ဓာတ်ပုံတင်ထားတာလေ…. ဘာပဲဖြစ်ဖြစ် ကိုကို့စကားဆိုတော့လည်း ဓာတ်ပုံပြောင်းတင်လိုက်ပါတယ် ဒါပေမယ့်….
ချစ်) ကိုကိုကျတော့ အနွေးထည်အင်္ကျီ နဲ့ အဘိုးကြီးပေါက်စကျနေတာပဲ ပုံစံက…. ဟိ
ဒီလို….စကားကို နားလည်းထောင်တယ် ပြန်လည်းပြောတာ……ခိ
ကို) အမယ် ကိုရီးယားမင်းသားကိုများ…………………
ချစ်) ဟုတ်ပါတယ် ကိုကိုက ချောပါတယ် ဒါပေမယ့် ကို့ရို့ကားယားမင်းသားပဲဖြစ်မှာ ဟိုက ၀တ်တာတွေကသာ ဟိုနားရွဲ ဒီနားရွဲဖြစ်ပေမယ့် ကြည့်ကောင်းသေးတယ် ကိုကိုက၀တ်ရင် ကို့ရို့ကားယားပဲဖြစ်မှာလေ…..
ကို) တိန်…….
ဒီမှာ သူနဲ့ခနပြတ်သွားရော…. လိုင်းကျသွားတာလေ.. သူကျ ကိုယ်ကျနဲ့ သိတယ်မှတ်လား ဒီက ကွန်နက်ရှင်က ဒီရေနဲ့တူတူပဲဆိုတာ… တက်လိုက်ကျလိုက်နဲ့….
ဖြိုး) ချစ်ညီမလေး….
သူက မုံရွာက…. တအားခင်ဖို့ကောင်းတယ် ချစ်ဖို့လည်း ကောင်းတယ် ရုပ်ရည်က ချောတာမဟုတ်ပဲ ကလေးလေးလို ချစ်ဖို့ကောင်းတာ….. နောက် စ လို့လည်းကောင်းတယ်လေ…. ဆက်ဖတ်ကြည့်ပေါ့ ဘယ်လိုဆိုတာ….
ချစ်) ဟုတ် ကိုကို…..
ဖြိုး) ကိုကို့ကိုတွေ့တာတောင်မခေါ်ဘူး တော်တော်ချစ်ဖို့ကောင်းတယ် ကိုယ့်ညီမက…. သွား မခေါ်တော့ဘူး
သူက အရင်စိတ်ကောက်ပြတယ် ကိုယ်က ပြန်ချော့ဆိုတဲ့သဘော…. ဒါပေမယ့် ခွန်းချိုဘယ်တုန်းကမှ ပြန်မချော့ဖြစ်ခဲ့ပါဘူး သူ့ကိုခင်လို့ ပိုကောက်ပြလိုက်တယ်လေ…
ချစ်) မခေါ်လည်း နေပေါ့…. …… မှာ ကိုကိုတွေအားကြီးများကြီးကျန်သေးတာ… သူတို့တွေက ကိုကို့လိုမှုတ်ဘူး တွေ့တာနဲ့အရင်ခေါ်တယ်… ကိုကိုက ….ကိုဘယ်တော့မှမခေါ်ပေမယ့် ခင်လို့ ဘာမှမပြောပဲနေတာကို ရတယ် သူက မခေါ်ချင်မှတော့ နေပေါ့….
အပြင်မှာဆို ခွန်းချို နှုတ်ခမ်း၂တောင်စူပြီး ခေါင်းပြုတ်သွားလောက်အောင်များ လှည့်မိလိုက်မလားမသိဘူး ဟဟ…… အဲ့မှာ သူပြန်ချော့ရတာပဲ…
ဖြိုး) အာ….. ချစ်တုံးလေး ကလေးလေး အသည်းလေး… ချစ်ညီမလေး စိတ်ချိုးနဲ့နော်…. ကိုကိုက ချစ်လို့ နောက်လိုက်တာပါ……
သူတို့ချစ်တာကလည်း ကြောက်စရာ…. အားအားရှိစိတ်ကောက်ဖို့နဲ့ အဲ့လိုပေါက်တတ်ကရခေါ်ဖို့ အကောင့်ကို လာအင်ဗိုက်သလားမသိ…… ထားပါတော့လေ သူ့ကို ခွန်းချိုပဲ အင်ဗိုက်ထားတာပါ ဒီဆိုက်ကပဲလေ… သူက ဟီး……..
ဖြိုး) ချစ်ညီမလေး အခုဘာလုပ်…
ချစ်) ချက်နေတယ်…… ဘဲဥဟင်းလေ.. စားပါဦး
ဖြိုး) စားမှာပေါ့…..
ချစ်) ဒါပေမယ့် …ပြောတဲ့အတိုင်းစားရမှာနော် ခုနကကိစ္စကို စိတ်ပြေစေချင်ရင် ….ပြောသလိုစားရမှာ…
ဖြိုး) ရတယ် ချစ်ညီမလေး စိတ်ဆိုးပြေရင်ပြီးရော….. ဘယ်လိုစားရမှာလဲ…
ချစ်) အာ…………………. ပါးစပ်ဟ….
ဖြိုး) အာ……………………………………..
ချစ်) ဘဲဥက တစ်လုံးလုံးနော် လျှာမထိအာမထိမြိုချရမှာ အဲ့ဒါမှ ခုနကဟာကို ပြေလည်ရေးလက်မှတ်ထိုးပေးမှာ
ဖြိုး) အင်………………
အဲ့မှာ စကားပြန်မပြောလာတော့တာ ၅မိနစ်လောက်
ချစ်) ကိုကို … နင်နေပြီလား…..
ဖြိုး) အင်း… နင်နေပြီ……. ရေသောက်နေတယ်
ချစ်) သတိထားနော်… ဟိုတလောက ငမိုးရိပ်မိချောင်း၂ကောင်လွတ်သွားတယ်ဆိုပဲ ကိုကိုသောက်တဲ့ရေထဲ ရောက်နေဦးမယ်…. အဲ့လိုဆို ကိုကို့ဗိုက်ထဲမှာ မိချောင်းရော မိချောင်းစားထားတဲ့ အကောင်တွေရော ဖားတွေရော ငါးတွေရော ပါလာမှာ
ဖြိုး) တိန်……………….တိန်……………………တိန်
အဲ့လိုစရပါသည်… အဲ့လိုလည်းချစ်ဖို့ကောင်းပါသည် သူခံရတလှည့်ဆို တိန်ဆိုပြီး ဘာမှချေပခြင်းမပြုတတ်ပါ…
ဖြိုး) ညီမလေးရယ် ဖားတော့ မပါဘူးလို့ပြောပါနော် ကိုကိုက ဖားကြောက်တယ်
ချစ်) ချစ်ဖို့ကောင်းပါတယ် ဖားက
ဖြိုး) အမယ်လေး….. ဖားကလေ..
ချစ်) အင်းလေ…. မျက်လုံးပြူးပြူးလေးတွေနဲ့ဟာ…. ချစ်စရာလေးပါ
ဖြိုး) မချစ်စရာပါဘူး မျက်လုံးကပြူးသေး လျှာကလည်းရဲနေတာ… ရွံစရာကြီး
ချစ်) ဟွန်…. ကိုကိုကလည်း လျှာရဲတိုင်း ဖားဆိုရင် ကိုကိုမှန်ရှေ့ရပ်ပြီး လျှာထုတ်ကြည့် ကိုကိုလျှာလည်း ရဲတာပဲ… ဒါဆို ကိုကိုလည်း ဖားပေါ့….
ကိုယ်လည်း ဖားဖြစ်သွားတာကျတော့ ထည့်မပြောဘူး… ဒီချစ်ခွန်းချိုဆိုတဲ့ ကောင်မလေးကတော့လေ…ေိေိ
ဖြိုး) တိန်……………… ညီမလေး…. ကိုကိုဖားမဟုတ်ဘူးနော်… ကိုကိုဖားမလုပ်ဘူး….
ထားတော့ သူနဲ့က စလိုက် နောက်လိုက်နဲ့ အစီအစဉ်ပြီးနေတာ…. အဲ့အချိန်တစ်ယောက်က……….
၁) ဟိုင်း
ချစ်) ဟိုင်းပါ
၁) ဟိုင်း ဟိုင်း…
စိတ်မရှည်တော့ဘူး
ချစ်) အင်း ဟိုင်းတီးလား…. ကြိုက်တယ်လေ လက်ဖက်ရည်ဆို…. တိုက်မှာဖြင့်တိုက် စကားထစ်မနေနဲ့
၁) ကိုယ်တို့က အဲ့ဒါတွေသောက်ဖူး ခွက်ပုန်းပဲချတာ… သောက်မလား
သောက်ကျိုးနဲ….. ခွက်ပုန်းသမားနဲ့တိုးနေသေးတယ် မှတ်ထားဟ
ချစ်) နိုး….. မသောက်လည်း မသောက်ဘူး လိုက်လည်းမလိုက်ဘူး အဲ့လိုအပေါစားမိန်းမတွေထဲမှာ ….မပါဘူး
၁) အော်… မင်းနာမည်က……..လား
ချစ်) ဟုတ်တယ်…..
၁) ငါ့နာမည်က …………
ချစ်) ဟုတ်….
၁) မင်းက ဘယ်ကလဲ…
လာပြန်ပြီ သန်းခေါင်စာရင်းကောက်တဲ့သူ…. ဟင်း………..
ချစ်) ရန်ကုန်… အကိုကရော
၁) ငါက မေမြို့…. မင်း အသက်ဘယ်လောက်လဲ
ချစ်) ၁၇ ကျောင်းတက်တုန်း…..
၁) ဘယ်ကျောင်းလဲကွ…
ချစ်) စီးပွားရေး ပနှစ်… အကိုကရော… ဘာတွေတက်…
၁) ငါက ပြီးသွားပြီကွ…
ဘာနဲ့ပြီးတာလဲလို့တော့ အမြင်ကတ်ပုဒ်မနဲ့ ဆက်မမေးဖြစ်ပါဘူး အဲ့အချိန်မှာ ဟိုဘက်ကချက်နေတဲ့တစ်ယောက်က ဓာတ်ပုံပြ ကျောင်းလာလည်မလို့ဆိုတာနဲ့ ဓာတ်ပုံတင်ပေးလိုက်ပါတယ် အဲ့တစ်ယောက်က
၂) အိုး…………………………….. နတ်သမီး
သူတို့တွေ တွေ့သမျှကို အဲ့လိုပဲပြောနေကြဖြစ်မယ်…. လက်ကသွက်လိုက်တာ ဓာတ်ပုံတောင် တင်ပြီးတာ သိပ်မရှိသေးဘူး စာကတက်လာပြီ….. အဲ့မှာ ပထမတစ်ယောက်ကလည်း
၁) အဲ့ဒါမင်းလားကွ
ချစ်) အင်း…
၁) ဂလု… ချောသားပဲမင်းက….
အဲ့ဂလုဆိုတာ ဘာမှန်းမသိ….
တခြားဆိုက်က ကိုနေဆိုတဲ့သူနဲ့လည်း ခွန်းချိုချက်နေတာဆိုတော့ သူက
နေ) ညီမလေး…. ဓာတ်ပုံက ညီမလေးလား
ချစ်) ဟုတ်…
နေ) အကိုထင်ထားတာထက်ချောတာပဲ…
သူကဘယ်လိုများထင်ထားလဲ မသိ ရိချင်တာနဲ့ အနာခံပြီး
ချစ်) ဘာလဲ ကိုနေတွေးထားတုန်းက အစွယ်၂ချောင်းပါတပ်ထားလို့လား…
ဟုတ်တယ် ဘာလို့အလုပ်မရှိအလုပ်ရှာပြီးလျှောက်တွေးနေလဲမသိဘူး အလုပ်မရှိတာလည်း မဟုတ်ဘူး သူက အားအားရှိ အလုပ်နဲ့ ခရီးထွက်နေတာ….
နေ) မဟုတ်ပါဘူး… ကိုယ့်ညီမက ချောတယ်လို့….
ခွန်းချိုက ရုပ်ဆိုးပါတယ် ခက်တာက သူတို့နဲ့တွေ့တိုင်း ကိုယ့်မျက်နှာမှာ ရေညှိတက်တက်သွားသလိုပဲ…
၁) ဟေ့….
ဂလု ပြန်တက်လာသည်…
ချစ်) ပြော…
၁) ငါရောချောလားကွ
ဟုတ်တယ် သူ့ဓာတ်ပုံတင်ထားသားပဲ… ဒါပေမယ့် ဘေးတိုက်ပုံ..
ချစ်) ဟ… ဘယ်လိုကြည့်ရမှာလဲ ဘေးတိုက်ဟာကို
၁) မင်းကလည်း ဘေးတိုက်ဆိုပေမယ့် ချောလားမချောလားပြောလို့ရပါတယ်ကွ
အော် ယောက်ျားလေးဖြစ်နေပေလို့နော်…. စိတ်ကိုထိန်း….
ချစ်) အင်း… ကြည့်လိုက်ဦးမယ် နေဦး
ခန ချောင်ထိုးထားလိုက်သည်။ ချန်ခဲ့တဲ့စာသားတွေရှိပါသည်။။။။ တခြားမဟုတ် ဘွင်းဘွင်းကြီးကို မေမြို့ဝိုင် လာတိုက်ခြင်းနှင့် ရည်းစားစကားပြောခြင်း… စဉ်းစားပေးပါ ဆိုပြီး ကွန်ပြူတာ အောက်ခြေကနေ တွယ်တွယ် တက်လာတာ…. အပြင်မှာဆိုရင် ရိုက်သတ်မိမလားမသိ… တကယ်ညစ်စရာ… အဲ့ စဉ်းစားပေးပါ က ပြန်ခါနီးအထိ တွယ်နေလို့ ဘလောဂ့် ချလိုက်တယ် ပြီးရော…. ဘာမှမလုပ်ရသေးဘူး ဓာတ်ပုံတွေ့တာနဲ့ လာပြီ ချစ်တာ ကြိုက်တာ ခိုက်တာတွေ…. အလကား အရှုပ်.. ( ခွန်းချိုအကောင့်ကို လာအင်ဗိုက်ပြီး ထိုကဲ့သို့လုပ်မည့် အစီအစဉ်ရှိသူများ ချက်ချင်း ခြေထောက်တွေလက်တွေကိုပြန်ရုတ်ပါ…. မဟုတ်လျှင် ဘလောဂ့်ခံရမည်…. သတိ)
အွန်လိုင်းချက်တင်းထဲမှာ ဒီလိုချည်းပဲကြုံရတာ…. တော်တော်များပြီ ဒါကြောင့် အားလုံးကို ကိုယ့်အစ်ကိုတွေလို ခင်သည် ချစ်သည် တရွေးသားမှ မေတ္တာမပို… ဒါကိုဘောင်ကျော်ပြီး လာချစ်နေကြသေးတာ…. ဘယ်သူထင်လို့လဲ… ဒီဆိုက်ကတော့ မဟုတ်ပါဘူး… တခြားဆိုက်က အက်မင်တစ်ယောက်….. သူနဲ့က စရိုက်ချင်းလာတူနေတော့ တစ်ညတည်းနဲ့ တအားခင်သွားသည်။ သူလည်း ဓာတ်ပုံပြမိလိုက်ကာမှ အဖြူရောင်ကနေ ဘာအရောင်တွေ ချက်ချင်းကူးပြောင်းသွားလဲမသိ…. သူနဲ့တုန်းက ခွန်းချို ပထမဆုံးဆိုတော့ အလိုက်သင့်နေပေးပါသေးသည်။ နောက်ပိုင်းနေလို့မရတော့ ။ ဘလောဂ့်လိုက်သည်တော့မဟုတ်ပါ ဟိုတိမ်း ဒီယိမ်းပေါ့နော့……. ( အွန်လိုင်းတက်ရင် ဒီအဖြစ်တွေကြုံမယ်လို့များ ကျိန်စာတိုက်ထားလေသလားမသိ။ ကိုယ်ကတော့ ဒီလိုမလုပ်ချင်ပါဘူး…. ၀ဋ်ဆိုတာ ပြန်လည်တတ်တာကိုး…..)
တချို့တွေကတော့ ကောင်းသည်။ ဘယ်ဆိုက်ဆို ဘာရှာလွယ်သည်။ ဘယ်ဟာက ဘယ်လိုလုပ် စသည်ဖြင့် လမ်းညွှန်ပေးသော အကိုတွေမို့ ဒီကနေ ကျေးဇူးလည်းတင်ပါသည်။ ပို၍လည်းခင်မိပါသည်။ မုံရွာက အကိုဆိုရင် စီးပွားရေးတက်တာပဲမို့ စာမေးနိုင်သည်။ စင်ကာပူက အစ်ကိုက စိတ်ညစ်နေလျှင် ပျော်လာအောင် လုပ်ပေးတတ်သည်။ မိန်းခလေး သိက္ခာမကျအောင် နေတတ်ဖို့ ဆုံးမသည်။ စာကျက်ခိုင်းသည်။ သူ့ကိုယ်သူ ဥပမာပေးပြီး သင်ခန်းစာယူစေသည်။ မလေးကအစ်ကိုတွေကျတော့ ထွေရာလေးပါးပဲပြောပေမယ့် ပွင့်လင်းသည်။ ကိုယ့်အပူ သူ့အပူဝေမျှပြီး အဖြေထုတ်ပေးတတ်သည်။ မြိတ်ကအစ်ကိုဆိုရင် သူ့ညီမနဲ့ မွေးနေ့တူလို့ဆိုပြီး ညီမအရင်းလိုဆက်ဆံပြောဆိုသည်။ ဒီလိုလူမျိုးတွေနဲ့ကျတော့ အွန်လိုင်းဆိုတာ မိသားစုလို။ တော်တော် ကပြက်ကချော်နိုင်တဲ့ သူတွေနဲ့တွေ့ရင်တော့ အွန်လိုင်းဆိုတာ ဆယ်ခါပြန်လောက် သတ်ပစ်ချင်စိတ်ပေါက်စရာ ဖြစ်သွားရော….။ ခွန်းချိုပြောချင်ပါတယ် ခွန်းချို အွန်လိုင်းဆိုတာကို မိသားစုပဲ ဖြစ်စေချင်ပါတယ်… အားလုံးဟာ တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားနဲ့အသက်ရှင်နေတာပါ။ ဒါကိုလှည့်စားဖို့ မွေးဖွားလာတာဆိုရင် ကိုယ့်နှလုံးသားရော အဲ့လိုအလှည့်စားခံနိုင်လား ပြန်မေးကြည့်ပါဦး။ အပျော်အပြက် ဆိုပေမယ့် တချို့တွေက ဘ၀နဲ့ရင်းထားကြတာပါ။ အွန်လိုင်းကနေတွေ့ကြပြီး အပြင်မှာ ဘာတွေညာတွေဖြစ်ပျက်ကြ… အားလုံး လွန်ကုန်မှ ဖြတ်ထားခဲ့တာတွေ…. ပစ်ထားခဲ့တာတွေ…. ဒါတွေကြားရတာ ရှက်စရာပါ… ဂျောက်ဂျက်ပြောသလို “လူတိုင်းအသည်းကွဲဖူးပါတယ် အသည်းအမဲ ရူးကြတယ် မျက်ကွယ်ပြုမရတဲ့ အဆုံးကြတော့ အသက်အရွယ်နဲ့ကုစားတယ် မင်းလည်းအသည်းကွဲတဲ့ ဒုက္ခကို ဖက်တွယ်ဖူးတာပဲ ဖြတ်ခဲ့တဲ့သူက အသာပဲ… ပြက်ရယ်မပြုပါနဲ့” တဲ့။ နောက်တစ်ခုက “ကယောင်ခြောက်ခြား ကြောက်စရာအချစ် ၁၅၀၀ မေတ္တာမှာ ပူလောင်ကြရရှာတဲ့လူပေါင်းများစွာအစား ငါ့ဆုတောင်းစကားပါ တစ်ဦးတစ်ယောက်က သူ့ကြောင့်လူတစ်ယောက်ကိုရူးလောက်အောင် ပြုစားတဲ့ အပြုအမူမျိုး ရှောင်ရှားပါစေသား နောက်ဘ၀သာ ကံကောင်းထောက်မစွာရခဲ့ရင် ငါ့ရဲ့မေတ္တာကို ဓားနဲ့ခြစ်သွားတဲ့နင် ငါ့အဖြစ်လို ၀ဋ်မလည်ပါစေနဲ့ သေရာပါမယ့်ဒဏ်ရာမျိုးလည်းအမြစ်မတွယ်ပါစေနဲ့” တဲ့။ ကဲ… ဒါတောင် သီချင်းမို့ ဒီလိုစကားလုံးတွေလှအောင် ရေးထားတာ တကယ်ခံစားရရင် ဒီထက်တောင် ဖွဲ့လို့ကုန်ပါ့မလား…. ခွန်းချိုဒီလောက်ပဲပြောချင်ပါတယ်။ ပညာရှိတို့မည်သည် ပြေးကြည့်တာထက် တွေးကြည့်တာပိုမှန်ပါသည်တဲ့ သူငယ်ချင်းတို့လည်း ခနလောက် ပညာရှိလုပ်ကြည့်လိုက်ပါ….. အသိတရား တစ်ခုမဟုတ်ပဲ တစ်ပိုင်းလောက်ကို ခွန်းချို မီးမောင်းထိုးပြနိုင်တယ်ဆိုရင်ပဲ… ခွန်းချိုအကောင့်ထဲမှာ ဟိုလိုလို ဒီလိုလို လူတွေများနေတာကို ကျေနပ်ပါတယ်……….
အားလုံးပဲ… အွန်လိုင်းချက်တင်းပေါ်ကပြသနာတွေနဲ့ ခပ်ရှင်းရှင်းဖြစ်ပါစေလို့ ဆုတောင်းပြုရင်း….


ချစ်ခွန်းချို…….bingocloud.win2@ gmail.com

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>