Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***ဝေဟင်မှာပျော်ပါစေ..ပျံလွှာလေးရယ်*****

$
0
0

ကျွန်မဆေးရုံတခုမှာ...တာဝန်ထမ်းဆောင်နေတဲ့...သူနာပြုပါ။

ကျွန်မရင်နာစရာဇာတ်လမ်းလေးတပုဒ်ကိုကိုယ်တွေ့ခံစားလိုက်ရသလိုပါပဲရှင်။

..ကျွန်မအဓိကတာဝန်ထမ်းဆောင်ရတာ.

.ကင်ဆာဌာန...ကျွန်မလေ..ဝေဒနာခံစားရနေတဲ့လူတွေ...ကြည့်ပြီး...တနေ့နေ့..

ကျွန်မရဲ့အာရုံဦးနံနက်ခင်းတိုင်းမှာသူတို့အတွက်..ဆုတောင်းပေးမိပါတယ်...

ကျွန်မဆုတောင်းတိုင်းပြည့်မယ်ဆို..ဝေဒနာတွေအကုန်သက်သာပျောက်ကင်းပါစေရယ်။

ကျွန်မကတန်ခိုးရှင်လည်း..မဟုတ်ဘူးလေ။

ဘယ်လိုဖြစ်ဖြစ်ကျွန်မမေတ္တာစွမ်းကြောင့်

ရောဂါနည်းနည်းသက်သာလိုသက်သာငြားပေါ့.....

ကံကြမ္မာက....ရက်စက်လွန်းတာလား...

ဒီကလေးနှစ်ယောက်ကပဲ..၀ဋ်ကြွေးရှိလို့..ဒီဘ၀ပေးဆပ်နေရတာလား...ကျွန်မမသိတော့ပါဘူး...

အခန်းနံပါတ်(၂)ကကောင်လေးနာမည် ပျံလွှား အသက် က ခုမှ(၁၅)နှစ်

ခံစားနေရတဲ့ဝေဒနာကသွေးကင်ဆာ...

ကောင်လေးကမိဘမဲ့တကောင်ကြွတ်ဦးလေးတယောက်ကလာလာကြည့်ပေးနေ

ဆေးရုံစရိတ်ထောက်ပံ့နေသူပေါ့...ဆွေမျိုးနီးစပ်တော်သူ..

ကံကြမ္မာကဒီကလေးကိုမျက်နှာသာမပေးဘူး...မိဘမဲ့တဲ့အပြင်.

.ဒီရောဂါဝေဒနာတောင်ထပ်ပေးလိုက်သေးတယ်.....

အခန်းနံပါတ် (၃)ကကောင်မလေးနာမည်က မေကြင်နာ အသက်က ခုမှ(၁၄)နှစ်

ခံစားနေရတဲ့ဝေဒနာကသွေးကင်ဆာ...

ကောင်မလေးကတော့ပြီးပြည်စုံတဲ့နတ်သမီးလေးပါပဲ...သူခမျာရောဂါဝေဒနာခံစားနေရရှာတယ်

သူကတော့နည်းနည်းနေကောင်းပြန်ဆင်းသွား..ပြန်လာလိုက်....

တနေ့ကောင်လေးအခန်းမှာ...ဆေးကောင်တာကကောင်မလေးတယောက်ကကောင်လေးကို ..သားဦးလေးမလာသေးဘူးလား..

ဒီနေ့ဘေရှင်းရမှာသားလေးအတွက်သွေးသွင်းတာ..ဆေးဖိုးငွေ...ပေးရမယ်....

ကျွန်မ၀င်သွားတော့...ကောင်မလေးက...

“မမရေ...ဒီကောင်လေးဦးလေးလာတာတွေ့မိလား..ဆေးကောင်တာဘေလ်မှာ...ပေးစရာများနေ

ပြီမမ...သူဦးလေးလာရင်ပြောပေးပါနော်။”

ကောင်မလေးကထွက်သွားတော့..ကျွန်မလည်းကောင်လေးကိုလုပ်ပေးစရာရှိတာလုပ်ပေး

ကိုယ်ပတ်တိုက်..ဆေးတိုက်...ကော်ဖီတိုက်ပြီး..ကျွန်မလုပ်စရာရှိတာဆက်လုပ်ဖို့ထွက်သွား...

ပျံလွှာလေးက..ဆေးရုံပန်းခြံထဲသွားထိုင်ပြီး..ငိုနေခဲ့တယ်....

ဒါကိုမေကြင်နာလေးကတွေ့ပြီး....

“ဟိတ်ကောင်လေး ငိုနဲ့လေ..ဘာလုပ်နေတာလည်း...”

လူကြီးစတိုင်လေးနဲ့

ကောင်လေးကလည်း ချက်ခြင်းမော့ကြည့်ပြီး..ကော်ပတ်ရုပ်လိုချစ်စရာကောင်မလေးကိုကြည့်ပြီး

ငိုနေတာချက်ခြင်းရပ်ပြီးရှက်သွားတယ်လေ..ကောင်မလေးတယောက်ရှေ့မှာငိုနေမိတာရှက်လို့ဖြစ်မယ်။

ကောင်မလေးက...ကောင်လေးကိုမေးတော့..       

“ငါဆေးဖိုးအတွက် ငါ့ဦးဦးလာမပေးလို...ကောင်တာကမမကလာတောင်းနေတယ်..

ငါ့မှာမှပိုက်ဆံမရှိတာ...”

“အော်..ဒါလေးများနင်ကလည်း..ငိုနေပါနဲ့လာမှာပေါ့နင့်ဦးဦး

မိတ်ဆက်ရဦးမယ်..ငါနာမည်ကမေကြင်နာ..နင်နာမည်ကကော....”

“ငါနာမည်ပျံလွှား...”

ကံကြမ္မာက ညှာတာမရှိတယ်ပဲပြောမလား ...အဖော်မဲ့နေတဲ့အထီးကျန်နေတဲ့ပျံလွှာလေးကို ....သူငယ်ချင်းကောင်မလေးတယောက်ပိုလွတ်ပေးခ့တယ်

... မျှော်လင့်ချက်ကင်းမဲ့နေတဲ့...သူအချင်းချင်း....တယောက်ကိုတယောက်ဖေးမရင်သံယောဇဉ်ဖေးမကြတယ်..

.မေကြင်နာမိဘတွေကလည်းပျံလွှာလေးဆေးဖိုးကိုထောက်ပံ့ပေးခဲ့တယ်.

..သူသမီးလေးပျော်ရွှင်နေတာတွေ့ရတော့...မေကြင်နာမိဘတွေကပျော်နေကြတာပေါ့... ညနေခင်းတိုင်း

ဆေးရုံပန်းခြံလေးမှာထိုင်ပြီး..စကားပြောကြ....ရောဂါဝေဒနာ....နာကျင်ခံစားမှုတွေကို

အချင်းချင်း..ဖေးမပေးရင်..တစတစ..သံယောဇဉ်တွေဖြစ်လာခဲ့ကြတယ် ကလေးနှစ်ယောက်

မိုးလင်းကနေ..မိုးချုပ်အထိအတူတူ တစ်ဦးကိုတစ်ဦး ဖေးမ၊ တစ်ဦးကိုတစ်ဦး အားပေးရင်း

နေ့ရက်တွေကို........ဖြတ်ကျော်ခဲ့ကြတယ်။

ကံကြမ္မာကသူတို့နှစ်ယောက်အတွက်..ထပ်ပြီးကြေကွဲစရာဖြစ်လာခဲ့တယ်....ပျံလွှာလေးအတွက်

အဖော်မဲ့ဖို့ဖြစ်လာပြန်တယ်....မေအကြင်နာလေးကို..မေအကြင်နာမိဘတွေက..နိုင်ငံခြားခေါ်ပြီး..ဆေးသွားကုတော့မယ်....

မေကြင်နာလေးကလည်း....တငိုငိုတရီရီ...မသွားချင်ဘူး..ဘယ်လိုငြင်းငြင်း....မရခဲ့ပါဘူး...

မေကြင်နာလေးနဲ့ပျံလွှားလေးတို့နှစ်ယောက်သား....အဖြစ်ကိုကြည်ပြီး

ကျွန်မလူကြီးဖြစ်တဲ့လူတောင်မျက်ရည်ကျရပါတယ်....

မေကြင်နာလေးမသွားခင်ညနေမှာ....ကောင်လေးကကောင်မလေးအတွက်အမှတ်တရအနေနဲ့

ကောင်မလေးပုံကိုပန်းချီဆွဲပြီးလက်ဆောင်ပေးလိုက်တယ်...

“ငါ့မှာပိုက်ဆုံမတတ်နိုင်တော့..နင်အတွက်ငါဒါပဲပေးနိုင်တယ်ကြင်နာ”

ကောင်မလေးက        

“ပျံလွှာရယ်...နင်အဲလိုမပြောပါနဲ့နင်ပေးတဲ့လက်ဆောင်ကငါအတွက်အရမ်းအဖိုးတန်ပါတယ်

ငါတသက်လုံးသိမ်းထားမယ်..ငါပြန်လာရင်နင်ကိုလာတွေ့မယ်လေနော်....

နင်ငါအတွက်အသက်ရှင်နေရမယ်...ငါလည်းနင့်အတွက်အသက်ရှင်နေမယ်....ပျံလွှား...

ရော့နင်နဲ့ငါအတူတူဝတ်လို့ရအောင်..ငါမေမေကိုဝယ်ခိုင်းထားတာ..နင်တသက်လုံးဝတ်ထားရမယ်နော်...

ဒီလက်စွပ်ကို...နင်နာမည်ကိုငါပုံဖေါ်ထားတာငှက်လေးလေး...”

“ဟယ်...ကြင်နာ..နင်စိတ်ကူးကောင်းလိုက်တာ ငါတန်ဖိုးထားပါမယ့်

နင့်လက်ဆောင်လေးကို.နင်လည်းငါပန်းချီးကားလေးကိုသိမ်းထားနော်....

နင်ငါကိုမေ့မသွားပါနဲ့နော်မေကြင်နာ...ငါနင့်အတွက်အသက်ရှင်နေမယ်”

ကလေးနှစ်ယောက်မျက်ဝန်းမှာမျက်ရည်ကိုယ်စီနဲ့...

လက်ကလေးတွေကိုတင်းတင်းဆုပ်ထားကြတယ်......

ကောင်မလေးက

“ငါနင့်ဆီစာအမြဲရေးမယ်...နင်လည်းငါ့ကိုစာပြန်ပေးလိုရရင်စာပြန်နော်.

.ဒီမှာငါတည်းမယ်နေရာလိပ်စာပါတယ်..ငါမေမေဆီကတောင်းထားတာ.”

“အေးပါဟ..ငါစာပြန်ပါမယ့်”

နောက်နေ့မနက်...ကောင်မလေးကထွက်သွားချိန်မှာတော့....ကောင်လေးခမျာ...

.ငိုကြွေးနေလိုက်တာ... ကျွန်မလေးပျံလွှားလေးကိုနှစ်သိမ့်ပေးလိုက်ပါတယ်...

“ပျံလွှာလေး..အခုပျ့လွှာလေးကိုရောဂါခံစားနေရတာဘယ်လောက်နာကျင်လည်း

ခုမေအကြင်နာလေးကိုရောဂါပျောက်အောင်သူမိဘတွေကသွားကုတာလေ.

.သားလေးကဆုတောင်းပေးလိုက်ပေါ့နော်..”

ကျွန်မပြောလိုက်တော့..ပျံလွှားလေးက

“မမဆရာမ..သားသူအတွက်ဝမ်းသားလို့ငိုမိတာပါ..သားသူငယ်ချင်းလေးမြန်မြန်ကျန်းမာပါစေ..

သားဆုတောင်းနေမှာပါ”

အို..သိတတ်လိမ္မာလိုက်တဲ့ကလေးရယ်.....

ဒီလိုနဲ့ကောင်လေးဆီကိုကောင်မလေးဆီကစာတွေအဆက်မပြတ်လာခဲ့ပါတယ်..

..လက်ဆောင်တွေကော..ဆေးတွေကောလှမ်းပို့ခဲ့တယ်.....

ကောင်လေးကလည်း..ကောင်မလေးကိုသူကျန်းမာကြောင်း

မေအကြင်နာကျန်းမာအောင်နေဖို့...ရောဂါကိုတွန်းလှန်ဖို့..အားပေးစကားတွေ..စာပြန်ခဲ့တယ်....

တနေ့သောဆောင်းနံနက်ခင်းလေးမှာတော့...ကောင်လေးကိုရောဂါက

အနိုင်ယူသွားတော့မယ်အချိန်မှာပဲကောင်လေးက..ကျွန်မကိုစာအိပ်တွေတစ်ထပ်ကြီးပေးပြီး...

“မမဆရာမ..သားမရှိတော့တယ်အချိန်မှာ......ဒီစာလေးတွေကိုမေ့အကြင်နာဆီအမြဲပို့ပေးပါနော်...

သားသူ့ကိုစောင့်နေပါတယ်လို့ထင်ရအောင်....သားမရှိတော့တာသူ့ကိုမသိစေချင်ဘူး....

သားကိုဒါလေးတခုတော့ကူညီပါနော်....”

အော်...သားလေးရယ်..ကျွန်မမျက်ရည်ကိုထိန်းထားနိုင်စွမ်းမရှိတော့ပါဘူး..

ကိုယ်ဝေဒနာခံစားနေရတာတောင်မှ..သူများအတွက်စဉ်းစားနေတဲ့ကလေးရယ်

“အင်းမမပို့ပေးမယ်နော်....သားလေးသက်သာမှာပါ...စိတ်တင်းထားလေကလေး”

သားသိနေပါတယ်..သားအရမ်းနာတယ်မမ...သားမေအကြင်နာနဲ့ထပ်တွေ့ချင်သေးပေမယ့်....

သားကိုဒီရောဂါကြီးကအနိုင်ယူတော့မှာ..”

ကောင်လေးစာထဲဘာတွေရေးလည်းဆိုတာဖတ်ကြည်လိုက်မိချိန်မှာတော့

*********************************************

သို့/

ကြင်နာရေ..

နေကောင်းအောင်နေနော်...နင်ကိုမျှော်နေတဲ့ပျံလွှာလေးတကောင်ရှိနေတာမမေ့ပါနဲ့...

ပျံလွှာလေးကိုမပျံနိုင်လို့မလာနိုင်ပေးမယ်..မေကြင်နာဆိုတဲ့ကောင်မလေးအတွက်

အမြဲဆုတောင်းပေးနေတယ်နော်....

ကြင်နာလေးကျန်းမာပါစေ

မိသားစုလေးနဲ့ထာဝရအတူရှိနိုင်ပါစေ

ပျံလွှာလေးကိုလည်းအမြဲသတိရနေပါစေ

ပျံလွှာလေးဆုတောင်းနေမယ်နော်.....

တို့တတွေ....ကျန်းမာတဲ့ဘ၀နဲ့...ဟိုကောင်ကင်ကပျံလွှားငှက်တွေလို့ပျံသန်းကြမယ်...

.အဆုံးမရှိတဲ့ကောင်ကင်ကြီးကိုပျံသန်းရင်ပေါ့....

နင်အနားမှာငါအမြဲ...အားပေးနေမယ်..ဖေးမနေမယ်...

မင်းကိုအမြဲခင်နေတဲ့

ပျံလွှား

************************************

ဆောင်းမနက်ခင်းလေးမှာပဲ.....ပျံလွှားငှက်လေးတကောင်ကတော့...

ဝေဟင်ဟိုးအဝေးကြီးတနေရာကိုပျံသန်းရှာသွားလေပြီ....

ပျံလွှားလေးရေ၀ဋ်ရှိခဲ့ရင်..ဒီဘ၀သာကျေပါစေကွယ်....


မေအကြင်နာလေးဆီမမစာပို့ပေးနေပါမယ်......

မေအကြင်နာလေးတယောက်...ပျံလွှာမရှိမှန်းသာသိခဲ့ရင်.....

 

အားလုံးကိုလေးစားလျှက်

ဝေဖန်အကြံပြုချက်များလက်ခံပါသည်။

ကြိုးစားပါဦးမည်

ရှင်းသန့်မေ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>