ယခုခေတ်ကျောင်းသားလူငယ်ချင်းအားအပေါ်ကျွန်တော့်အမြင်ကိုထောက်ပြပြောပြချင်းပင်ဖြစ်သည်..။
ခေတ်၏ တိုးတတ်ပြောင်းလည်းလာမှုနဲ့အမျှ လူငယ်လူရွယ်များရဲ့ဝတ်စားပုံ..နေထိုင်မှုအဆင့်အတန်း..တွေဟာတဖြည်းဖြည်းနဲ့
ခေတ်ရေစီးကြောင်းအတိုင်းလိုက်ပါ ပြောင်းလည်းလို့လာနေခဲ့ပါတယ်..။
ဒီလိုခေတ်အလိုက်ပြောင်းလည်းလာရာမှာ ပြောင်းလည်းမှုအပေါ်ကောင်းကျိုးတွေရှိသလိုဆိုးကျိုးဆိုတာလည်းဒွန်တွဲလို့ပါလာတယ်..
ဒီလိုခေတ်အပေါ်မှာကျောင်းသားအရွယ်မှစ၍ ပြောင်းလည်းနေကျတာတွေ့ရတယ်.. အခုကျောင်းသူကျောင်းသားများဟာ..အရင်က
ကျွန်တော်တို့ခေတ်လို အဖြူအစိမ်းလေးတွေဝတ်ထားတာ မပြောင်းလည်းပေမယ့်ပြောင်းလည်းနေတာကတော့ သူတို့ဝတ်ပုံလေးတွေ
နောက်သူတို့ရဲ့စိတ်ဓာတ်လေးတွေ ပြောင်းလည်းနေတာတွေတွေ့နေရပါတယ်..။
အခုကျောင်းသားသူတွေအများစု ဝတ်ထားတဲ့ပုဆိုးက မြေကြီးနဲ့တိုက်လို့တံမျတ်စည်းတောင်မလိုပါဘူး..နောက်ဆံပင်ပုံဆံ...
တွေများကြည့်လိုက် ကိုရီးယားလားတောင်ထင်ရပါတယ်..ဒါကိုသူတို့လေးတွေက style လို့ဆိုကျတာပေါ့ ....။
ကျောင်းသူလေးတွေလည်းဒီအတိုင်းပဲ..ဒါပေမယ့်ဒီလိုကိစ္စတွေကတော့ခေတ်အလိုက်ဝတ်စားဆင်ယင်မှုလို့ဆိုရမှာပေါ့ ဒါပေမယ့်
အပြင်ပိုင်းဝတ်စားဆင်ယင်မှုလေးတွေပြောင်းလည်းတာ ကိစ္စသိပ်မရှိပေမယ့်ကျောင်းသားတစ်ယောက်ရဲ့စိတ်သဘောထားလေးတွေ
အတုယူများတဲ့ စိတ်ကူးအရည်အသွေးလေးတွေ ပြောင်းလဲနေတာကတော့
ပြောစရာလေးတွေဖြစ်လာပြီပေါ့ ဒါဆိုခေတ်အလိုက်ပြောင်းလည်းတာဆိုးကျိုးတစ်ခုလိုံဆိုရမှာပေါ့..။
လူရယ်လို့ဖြစ်လာရင်တော့ အပေါင်းအသင်းလေးတွေရှိကျရတာပေါ့ ဒီလိုအပေါင်းအသင်းလေးတွေကိုကျောင်းသားလေးတွေအများ
စုပေါင်းသင်းတက်ဖို့လိုပါတယ်..အပေါင်းအသင်းတွေနဲ့ တစ်ခါတလေစိတ်ပြေလက်ပျောက် လ္ဘက်ရည်ဆိုင်ထိုင်တယ်..။
style ကျနအောင်ဆိုကာ လ္ဘက်ရည်ဆိုင်ထိုင်ရင်း ဆေးလိပ်ကလေးဖွာတယ်.. ပထမအစသောက်တာကတော့ style ပေါ့နောက်တော့
ဂံတွင်းချဉ်လို့ပေါ့ နောက်တော့ဆွဲသွားတာပေါ့ ..။ ဒါမလုပ်သင့်တဲ့ style ပေါ့ဗျာ..နောက်ကျောင်းထဲမှာခိုးသောက်လောက်ရအောင်ကို
ဆွဲသွားကျတာတွေလည်းရှိတယ်..။ ကျောင်းသူလေးတွေ ..ကြည့်လိုက်တာနဲ့မသိရင်တက္ကသိုလ်ကျောင်းသူတွေအလားမှတ်ရတယ်..
ပြင်ဆင်ထားတာကအလွန်ပင် style ကျနတာပေါ့ ဒါကြောင့် တချို့ပုရိဿ ယောကျာ်းလေးတွေ ရည်းစားစကားလိုက်ပြော..။
ငယ်ရွယ်သူစိတ်ကလေးတွေကိုယ့်ကိုမထိန်းသိမ်းနိုင်သေးတော့ အခက်တွေတွေ့ကျရတာပေါ့ဗျာ..ဒီလိုကိစ္စတွေလည်းအခု
နောက်ပိုင်းအများဆုံဖြစ်နေကျလေးတွေပေါ့..။
style ကျနစွာလှပချင်ရင်တော့ ကျောင်းသူကျောင်းသားလေးတွေ အဖြးအစိမ်းလေးနဲ့သာကျောင်းကိုစိတ်ပါလက်ပါ တက်ကျပါ
သူ့အလိုလိုကြည့်လို့လှပြီးသားပါ..ဘာမှပြင်ဆင်စရာမလိုပါဘူး..။
အဖြးအစမ်းလေးနဲ့ ဖြူစင်စွာနဲ့ချစ်စရာကောင်းပြီးလှပတဲ့ ကျောင်းသားလေးတွေ ကျောင်းသူလေးတွေအဖြစ်အလိုလိုလူတိုင်း
တဏှာမပါတဲ့အချစ်နဲ့ချစ်ကျမှာ ဆေးလိပ်အစားဘောပင်လေးကိုင်ပြီးတော့ စာရေးစားပွဲလေးမှာ အပေါင်းအသင်းလေးတွေနဲ့
နေကြည့်လိုက်ပါ အလိုလိုစတိုင်ကျနေပါလိမ့်မယ်.. အပြင်မှာအပေါင်းအသင်တွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး ဆေးလိပ်သောက်တာ
ထက်ဒီလို နေထိုင်ကြည့်လိုက်ပါ ပိုstyle ပိုကျပါလိမ့်မယ်....။
(ချစ်ဦးမောင်)**##ရေးသားတင်ဆက်သည်..။
အခုခေတ် ကျောင်းသားကျောင်းသူလေးများအား..ဆေးလိပ်သောက်ချင်း..အလှအပလိုက်စားချင်း ..ထိုအကြောင်းအရာ အာား..
အကြောင်းပြုကာရေးသားထားချင်းသားဖြစ်တယ်..။