ဘွားသက်ရှည်၏ အသက် ၁၂၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ဓမ္မပူဇာပူဇော်ပွဲ ကျင်းပမည်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ နယ် ပေါက်ချိုင်ကျေးရွာတွင်နေထိုင်သည့် ဘွားသက်ရှည်
ဒေါ်မြကြည်၏ အသက် ၁၂၀ ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် တရားပွဲများကို အဆိုပါရွာ တွင်
သုံးရက်တိုင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
၎င်း၏ မှတ်ပုံတင်မွေးသက္ကရာဇ်အရ ဒေါ်မြကြည်မှာ ယခုလလယ်တွင် အသက် ၁၂၀ ပြည့်မည်
ဖြစ်ပြီး မွေးနေ့ အထိမ်းအမှတ်အဖြစ် ဧည့်ပရိသတ်များ အား ယခုလ ၁၆ ရက်နေ့က စတုဒီသာ
ကျွေးမွေးခဲ့သည်။
တရားပွဲများကို ယခုလ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ဆရာတော် ဒေါက်တာအာဒိဇ္ဇ၊
ပုလဲဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် ဆရာတော် ဘဒ္ဒန္တ တိက္ခ(၀ါခင်းကုန်း)တို့က ပေါက်ချိုင်
ကျေးရွာတွင် နေ့ရက်အစဉ်လိုက် ဟော ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
"အဘွားက ကျန်းမာရေးကောင်းဆဲ ပါပဲ။ စက်မှုဇုန်ထဲက ဆရာဝန်နဲ့အတူ ကျွန်တော်တို့
စောင့်ရှောက်ပေးနေပါ တယ်။ သူ့မွေးနေ့ပွဲမှာ အနီးအပါးရွာက လူဦးရေ ၁,၀၀၀ လောက်ကျွေးမွေး
နိုင်ဖို့ စီစဉ်ခဲ့ပါတယ်။
"အဘွားရဲ့တရားပွဲမှာ ပါဝင်လှူဒါန်း ကုသိုလ်ယူလိုကြသူတွေ အနေနဲ့ ဦးလှဝင်း ၀၂-၆၈၃၀၅၊
ဦးညိုတင် ၀၉- ၉၁၀၀ ၉၆၈၀၊ ဦး ကျော်စိုး ၀၉-၉၁၀ ၃၈၉၁၂ တို့ကို ဆက်သွယ်နိုင်ပါတယ်"ဟု
ပေါက်ချိုင် ကုန်းကျေးရွာအနီး မယ်တော် စုရွာမှ ဦးကျော်စိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။
အဘွားဒေါ်မြကြည်မှာ ပေါက်ချိုင် ကျေးရွာ သာသနာ့ရက္ခိတကျောင်းဝင်း အတွင်းရှိ အိမ်ငယ်တွင်
တစ်ကိုယ်တည်း နေထိုင်လျက်ရှိကာ တရားပွဲများကို အဆိုပါကျောင်းဝင်းအတွင်း ကျင်းပသွားမည်
ဖြစ်သည်