Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမေ့ကျေးဇူး

$
0
0

             ချစ်မိတ်ဆွေတစ်ယောက် အလုပ်လေးမအားလို. ချစ်သူမြို.တော် မရောက်တာကြာလှပေါ့။။။စာလဲမရေး ကဗျာလဲမရေးနဲ.လေ...

ခုတော့ဝါလလွတ်ကင်းကျွတ်သီတင်းရောက်တော့မှာမို. ချစ်မိတ်ဆွေ လိုင်းပေါ်ပြန်ရောက်လာပေါ့...လိုင်းပေါ်ရောက်တာနဲ.တစ်ပြိုင်ထဲ

ဆရာကြီးလေသံနဲ. စာတွေရေးတတ်တယ်ဆိုပြီးတစ်ချို.ကတော့ မေတ္တာပို.နေကြမှာပဲဟဲဟဲ...စာချစ်သူတွေအတွက်ရော စာစီစာကုံးပါသုံး

နိုင်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို ဆရာ့ဆရာများရဲ.အရေးအသားများကို ကိုးကားပြီး ရေးသားခဲ့ပါတယ်ဗျာ......

      

           အမေ့ကျေးဇူးအပိုင်း(၁)

     ချစ်ခင်ခြင်း မြတ်နိုးခြင်း ကိုယ်နဲ.ထပ်တူအကျိုးလိုလားခြင်းဟူသော ဖြူစင်မွန်မြတတ်သန့်ရှင်းသော မေတ္တာတို.ထုံမွှမ်း၍သားသ္မီးတို.ကို

လူလောကထဲရောက်စေခဲ့သူမှာ မွေးမေမေပင်ဖြစ်ပါ၏။အမေ့မေတ္တာအမေ့ကျေးဇူးထက် ဖြူစင်မွန်မြတ်သော မေတ္တာကျေးဇူးတရားတို.ကား

လောကတွင်မရှိဟုဆိုကြပေကုန်၏။အမေဆိုသည်မှာ မေတ္တာ၏ပြယုဂ် မေတ္တာတရား၏သင်္ကေတဟုရှေးပညာရှိတို.က ဆိုကြကုန်၏။။

ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားသည့် မေတ္တာသုတ်ဒေသနာတွင်လည်းအမေတစ်ဦးမှ သားသမိးတို.ကို အသက်ပေး၍ စောင့်ရှောက်

သကဲ့သို. သတ္တ၀ါတို.အပေါ်တွင်မေတ္တာထားရမည်ဟု ဟောကြားခဲ့သည်ကို ကြည့်လျင် အမေ့မေတ္တာဘကီးမားပုံကို သိနိုင်ပါေ၏။ ကျေးဇူး

ကြီး၍လည်းဘုရားရှင်သည် (၇)၀ါမြောက်ကာလတွင် တာဝတိ'သာနတ်ပြည် ကြွရောက်ပြီး အဘိဓမ္မာတရားတွေပြောကြားကျေးဇူးဆပ်ခဲ့

ခြင်းပင်ဖြစ်ပါပေသည်။အမေဆိုသောအမေတို.သည် သားသမီးရုပ်သွင်မမြင်ခင်ချိန်မှစ၍ ကာလလ ရေကြည်တည်ချိန်တွင်ပင်မေတ္တာကို

ပုံပေးခဲ့ကြပေသည်။

           ''ပူလောင်စပ်ခါး မစားတို.ရာ ထကြွဖြည်းဖြည်း ကိုယ်အရေးထက် ဆယ်ဆတက်၍''ဟူသည့်အတိုင်းရင်သွေးငယ်တို.ကျမ္မာရေး

အတွက်အပူ အငန် အစပ် အခါး စသည်ဖြင့် မတည့်သည့် အစားအစာတို.ကိုရှောင်ကျဉ်ခဲ့ကြရပါပေ၏။မိမိအရေးထက် သားသမီးတို၏

အရေးကိုဆယ်ဆမက ဂရုစိုက်ကြရကုန်၏။မြတ်စွာဘုရားရှင်အား ဆွမ်းပန်း ရေချမ်းဆီမီးကပ်လှူပြီး သားသမီးများချမ်းသာပါစေကြောင်း

ဆုမွန်တောင်းပေးကြကုန်၏။''ယောကျာ်းဖောင်စီး မိန်းမမီးနေ"ဆိုသကဲ့သို. မိမိ၏အသက်ကို ပဓါနမထားပဲ ရင်သွေးငယ်အာျးမွးဖွားပေးခဲ့

ကြကုန်၏။လောကတွင် ခေါတ်ပညာများမည်မျှပင်တိုးတက်ထွန်းကားစေကာမူ အဓိကအားဖြင့်မိမိတို. လူလောကရောက်ရှိလာခြင်းသည်

မွေးမေမေ၏မေတ္တာတရား ကျေးဇူးတရားပင်ဖြစ်ပါပေ၏။

ု           အမေတို.သည် ရင်သွေးငယ်ကိုမွေးဖွားပြီးသည့်နောက်တွင်လည်း ချစ်မြတ်နိုးစွာပြုစုစောင့်ရှောက်ခဲ့ကြကုန်၏။ မိမိရင်သွေးငယ်၏

"အူဝဲ"ဟူသောအသံလေးသည်မေမေတို.အတွက် အသာယာဆုံးတေးသံပင်ဖြစ်ခဲ့ကြကုန်၏။    ။အမေ့မေတ္တာအရှိန်အဟုန်သည် အံ့သြ

လောက်ပေသည်။နီရဲသောသွေးသားတို.ကိုပင် သားသမီးတို.အတွက်ဖြူစင်သော နို.ချိုအဖြစ်တိုက်ကျွေးကြပေကုန်သည်။အားဖြစ်စေခဲ့ပါ

ပေသည်။ဖ၀ါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ် အရွယ်လေးမှစ၍  ၀ါးဖက်တော်ကစီနှစ်နှင့် လူလားမြောက်အောင်ပြုစုကျွေးမွေးစောင့်ရှောက်

ခဲ့ကြပေကုန်သည်။မှက် ခြင် ယင်မသန်းရအောင် အအိပ်အနေကိုပြုပြင်ပေးခဲ့ကြရသည်။သင့်တော်ရာဆေးဝါးတို.ကို တိုက်ကျွေးရင်းနှင့်

မိမိရင်သွေးငယ်၏ ကျမ္မာရေးကို ပြုစုစောင့်ရှောက်ခဲ့ကြပေကုန်၏။ မိမိ၏အအိပ်အနေအစားကို ချို.တဲ့ ဆင်းရဲခံ၍ သားသမီးတို.အတွက်

ရှေ.တန်းတင်ပြုစုစောင့်ရှောက်ခဲ့သည်မှာမေမေပင်ဖြစ်ပါသည်။ချမ်းအေးလှသည့် ဆောင်းညချမ်းများတွင်ပင် သားသမိးအညစ်အကြေး

တို.ကိုဖိအိပ်ပြီးနွေးထွေးသော မိမိ၏နေရာလေးအားသားသမီးတို.ကိုချမ်းသာစွာအိပ်စက်စေခဲ့ကြကုန်၏...သြော် ..မေမေတို.မေတ္တာသည်

သားသမီးတိုင်းအတွက်ကျေးဇူးအလွန်ကြီးလှပါပေ၏..

              ဒုတိယပိုင်းကိုဆက်လက်တင်ပြပေးပါမည်...မေတ္တာဖြင့်..ထူးထူး(ကျောက်ခဲလေး)

          စာချစ်သူများရဲ.မေတ္တာကိုအစဉ်လေးစားလျက်.....ချစ်မိတ်ဆွေကျမ္မာရေးမကောင်းလို. နားပါအုံးမယ်ဗျာ.


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>