အခန်းဆက်(၂)
"အမေကြီး..အမေကြီး".. အဖွားဖက်ဆေးလိပ်ကို လက်ဖြင့်ညှပ်လို့ "ဟဲ့ ဝက်ပုမ တက်ခဲ့လေ၊ တကထဲ ညီးမလည်း အမြဲပြာယာခက်နေတာပဲ..."ဝက်ပုမလက်ထဲမှာ ပုဂံတစ်ချပ် လို့ "ဟုတ်အမေကြီး ..ဒီမှာလေ မောင်းလေးညီမလေးတွေစားဖို့ ပဲလွန်းဆံပြုတ်လေးကို ကုန်းကြက်သွန်နီနဲ မနေ့ကမှ အိမ်ကနွားနဲ ဆုံမှာ ကြိတ်ခဲ့တဲ့ ပဲဆီစစ်စစ်နဲ သုတ်ပြီးလာပေးတာ ပြီးတော့ ခုနက အသံကြီးအကြောင်း အမေကြီးမြေတွေကိုပြောပြမှာလည်းသိလို့..နားထောင်ချင်လို့"...ဖွားဖွားမှ အကြံလည်းကြီးပါ့တော်..လာလာတက်ခဲ့..ညည်းယောက်ကျားပြန်လာလို့မတွေ့ရင်အရိုက်ခံရအုံမယ်" "အခုမရိုက်တော့ဘူး အမေကြီးသားကလိမ္မာနေပါပြီ.."ပြောလည်းပြော ရော့နေတဲ့ အကြမ်းအိုးကိုထလည်းတယ် "...အရင်ကတော့ အမေကြီးသိတဲ့အတိုင်း ၊ဘုရားမသိတရားမသိနဲ ..စကားမများနဲ့ သူ့လက်ကအ၇င် လင်းဆိုးမယားတစ်ဖားဖား ဆိုသလိုပေါ့ ..တစ်ခါတစ်လေ ဘုရားရှိခိုးနေတဲ့ အမေကြီးကိုတောင် စောင်းမြောင် ဆဲတက်သေးတာ ..ဆဲတိုင်းလည်း သူ့မှာ သံစူးခံရတာနဲ၊ချော်လဲလို့ ခါးမြက်ရတာနဲ ၊နွားခွေ့ခံရတာနဲ ဒဏ်ရာမျိုးစုံရတတ်တာအမေကြီးရေ.."ဟုတ်ပါပြီ ဝက်ပုမရယ် ညီးမလည်း စကားကြောရှည်တတ်ရန်ကော်.."ဝက်ပုမယောက်ကျား ကိုမြမောင်အကြောင်းတော့မြေးတွေက အကုန်သိနေကြတယ်။မြမောင်ကြီး သံစူးတုန်းကသေမလို့ဖြစ်တာ။ဖွားဖွားပဲ ခြံထဲက သံပရာသီးကို ကျောက်ပြင်မှာ လိမ့်ပြီး ၊ချက်ခြမ်းခွဲလို့ သံစူးတဲ့နေရာကပ်ပြီ အဝတ်စည်းပေးတာ၊ခဏကြာတော့ သက်သာလာတာ ၊တစ်ရွာလုံးမှာဖြစ်သမျှ ဖွားဖွားဆီလာရင် အဖွားက မညိုမညင်ကုပေးတာပဲ။ထူထူးခြားခြာ ဆေးပညာတော့တက်တာမရှိဘူး ။ဘုရားရုပ်ပွါးတော်တွေ့ပြီးနောက်ပိုင်း..ဖွားဖွား စိတ်ထင်တဲ့ အရွက်ခူးပြီးကုတာပဲ ။ကုတိုင်းလည်းပြောက်တာကများတယ်။ဘုန်းတော်ကြီးက မိခိုင်ဆေးကုနေတယ်ဆိုလို့ ဆေးကျမ်းတွေပေးထာတာ ၊တခါမှ ဖွားဖွားဖတ်တာမတွေ့ရဘူး။ကျောက်ပြင်ကလည်းထူဆန်းတယ်ပြောရမှာပဲ ထောက်လေးထောက်ကို နတ်သားလေးပါးကထမ်းထားတယ်။ရှေ့ပညာရှိတွေရဲလက်ရာကောင်း တ ခုလို့တော့ဆိုလောက်တယ် ပုံတွေက အသက်ဝင်နေတယ်။ရွာသားတွေကပြောကြတယ် ။ဆေးကုတာကျောက်ပြင်စွမ်းလို့၊ဖွားဖွားကငါးပါသီလလုံခြုံလို့၊အိမ်မက်ထဲကနတ်သမီးကကုပေးလို့ စသည်ဖြင့်ပေါ့။ပြီးတော့ဖွားဖွားအိမ်က ဘုရားရုပ်ပွါးတော်မြတ်က အရမ်းတန်ခိုးကြီးတာ အဓိကပဲလို့ပြောနေကြတယ်။
(ယခုတိုက်တဲ့လေပြင်းနဲတော်လည်းသံကြီးက ခံစားမှုပြင်းပြင်းနဲ့ငိုကြွေးသလို မြည်းဟီးနေတော့ ဘုရားရုပ်ထုတွေ သူခိုးခိုးတာပဲဖြစ်ရမယ်။)
ဦးမြမောင်ကြီးက လိမ္မာနေပြီအခု အလုပ်အားရက်ဆို ဖွားဖွားခြံထဲလာပြီး မြေဆွပေါင်းသင်လုပ်ပေးတယ်။သီပင်စားပင်တွေက ဖွားဖွားက အမြဲလှူနေတော့ ကုသိုလ်လည်းရတယ်လို့ ယုံကြည်နေတယ်။ဝက်ပုမစကားသာများတာ အဖွား ဘာဖြစ်ချင်တယ်ဆိုတာအရမ်းအကင်းပါတာ၊ခုနက သူမဟုတ်သလို ညီမလေပြာတာကို မဆီမဆိုင် ၇င်ခွင်ထဲထဲ့လို့ အဖွားပြောမှာကိုနားစွန့်နေတယ်၊ဖွားဖွား ဖက်ဆေးလိပ်ကိုပြာချွေလိုက်တယ်။မီကြွင်းနေတဲ့ မညီမညာ အစွန်းအစများကို တံတွေးလေး လက်မှာဆွတ်လို့ အနားသက်လိုက်တယ်၊ကျနော်ဖိုးဆန်းနဲ ငကြည်ကတော့ မေးကိုလက်ဖနောင့်လေးထောက်ပြီး ငြိမ်သက်စွာ နာစွံ့နေကြတယ်။
ဒီလို ဗဟုသုတတွေက ဖွားဖွားလိုရှေ့မီ နောက်မီတွေပဲသိတာ။နစ်တိုင်းကျောင်းကလုပ်တဲ့ ကျဘန် ပါဆယ်ဂိမ်းတွေမှာ ပထမဆု ၊ဒုတိယဆု ခဏခဏရတယ်။မှတ်မိတာဆို သာသနအာဇာနည်နဲတခါ။လွတ်လပ်ရေးဖခင်နဲတစ်ခါ ဆောင်အိမ်မက်ဆိုပြီး တခါ ရဖူးတာရှိတဲ့။ငကြည်လည်း သင်္ချာဥာဏ်စမ်းတွေ ခဏခဏရတယ်။
"...မြေးတို့ရေ ဒီလို လေပြင်းတွေတိုက် ...တော်လည်းသံကြီးတွေမြည်ဟီးတယ်ဆိုတာ..အဖွားသိတာ ..အကြောင်းနှစ်မျိုး။၇ှိတယ် တမျိုးက ဗုဒ္ဓဘုရားရှင်နဲ သသနာကိုအကျိုးပြုမဲ့ သာသနာဇာနည်းပေါ်ထွက်လာလို့ ..ဂုဏ်ပြုပြီး အားပေးချီးမြှောက်ခြင်းအဖြစ်မြည်းဟီးတာ..ကျန်တမျိုးက သာသနာကို ဖျက်ဆီးဖို့ တစ်ဦးဦးက ကြံရွယ်လို့ ဘုရားရှင်ရဲရုပ်ပွါးတော်မြတ်တို့ကို အကျိုးစီးပွားအတွက် လောဘရမက်တက်ပြီး ခိုးယူလို့မြည်ဟီးတာ။ ယခုတိုက်တဲ့လေပြင်းနဲ တော်လည်းသံကြီးက ခံစားမှုပြင်းပြင်းနဲ ငိုကြွေးသလိုမြည်ဟီးနေလို့ ဘုရားရုပ်ထုတွေသူခိုးခိုးတာပဲဖြစ်မယ်။အဖွားအတိအကျသိသလိုပြောပြသည်။ ဖွားဖွားကျောင်းပိတ်ရက်တိုင်း ငရဲအကြောင်း၊နတ်တွေအကြောင်း၊ ၅၅၀ ဇာတ်နိပါတ်တွေအကြောင်းပြောပြခဲ့လို့မြေးတွေက မသိတာမရှိသလောက်ဖြစ်နေကြတယ်။ကျနော်တို့မောင်နှမ တစ်စုလည်း ပဲပြုတ်စားလိုက် ငါးရံပလူရွက်သုတ်စားလိုက်နဲ ဖွားဖွားကကြောက်စိတ်တွေကင်းအောင်ပြောပြခဲ့လို့ စိတ်တွေကြည်လင်နေတယ်။အိမ်အပြန်ကို ဝက်ပုမ ယောက်ကျား ကိုမြမောင်ကြီးလိုက်ပို့တယ်။ကျောင်းပိတ်ရက် တညတာ အိမ်မက်လှလှ မက်လို့မိုးလင်းခဲ့တယ်။
"..မိခင်ရေ..မိခင်...ညကရွှေပေါင်လောင်း ..ရွှေမုတ်ဌောဘုရားမှာ .ရုပ်ပွါးတော်တွေ သူုခိုးခိုးလို့တဲ့..တစ်ယောက်က သူခိုးချောက်ထဲ ပြုတ်ကျပြီးသေနေတယ်တဲ့ ..ကျားလိုက်အခံရဆိုပဲ၊ဘုရာတွေယူသွားတဲ့ သူခိုး နှစ်ယောက်တော့ ရူးသလိုဖြစ်ပြီး..ရဲစခန်းထဲ လမ်းမှာပြီးဝင်လို့ အခုအဖမ်းခံနေ၇တယ်တဲ့ .." .အမေက သူကျားလိုက်ခံရတာတော့ သဘောမကျထင် "..ကျားမှမရှိတာတော်" "..နတ်ကျားနေမှာပေါ့ မိခင်ရ ..ကျားစီးကိုတော်၊ မီးကျောင်းစီးကိုတော် ဘုရာမှာ ကိုးကွယ်ထားတာပဲ.." အမေဘာမှ မပြောသာတော့ ဒါတောင် ".. ဘုရားတွေ သူခိုးခိုးခံရတာ ညကထဲက သိပါတယ်တော် .သားပြောပြလို့ သားတို့အဖွာက ဒီလိုပဲပြောလိုက်တာတဲ့။ကျနော်ကတော့ ကျားစီးကိုတော့ ၊မီးကျောင်းစီးကိုတော့တို့ကိုသားအတွေးနှင့်ဖူးနေမိသည်။
အခန်းဆက်(၃) မျှော်