အဖေ ကြားနိုင်မယ်ဆိုရင် တစ်ခါလောက်တော့ ခေါ်ချင်သေးတယ် အဖေရယ် ။ အဖေ ဆိုတဲ့ ခေါ်သံလေးကိုပေါ့ ။ အဖေ! သမီးတို့ မိသားစုလေးကို လက်ပြနှုတ်ဆတ်သွားတာ အချိန်အားဖြင့်တော့ တော်တော်ကြာပါပြီ ။ ရက်လ နှစ်တွေ ပြောင်းလဲ သွားပေမဲ့ ပြန်လည်စဉ်းစားလိုက်ရင်တော့ သမီးရင်ထဲမှာ မနေ့တစ်နေ့ကလိုပါပဲ အဖေရယ် ။
သမီးတို့ မိသားစု ဘဝလှေကလေးကို အဖေက ပဲ့ကိုင်ရှင် အဖြစ် လှော်ခတ် ပေးခဲ့တယ်လေ အားအင်တွေ အပြည့်နဲ့ပေါ့ ။ အဖေ ကွယ်ပျောက် သွားတဲ့အချိန်မှာတော့ သမီးတို့ မိသားစု ဘဝ လှေကလေး ဖရိုဖရဲ ဖြစ်ခဲ့တယ် အဖေ ။ ငိုမြဲ ငိုလျှက်ပေါ့ ။
မျက်ရည်ဆိုတာ မကျသင့်တဲ့ အရာ တစ်ခု ငါ့သမီးဘဝမှာ မျက်ရည်မကျရဘူးလို့ အဖေပြောခဲ့တဲ့စကား သမီးနားထဲ ကြားမြဲကြားယောက်မိနေတယ် ။လောကကြီး ကို အရှုံးမပေးနဲ့ ငါ့သမီးမငိုနဲ့ မျက်ရည်မကျနဲ့ လို့ အဖေပြောခဲ့တယ်။ အားငယ်လာတဲ့ အချိန်မှာတော့ အဖေ့ အကြောင်းလေး ပြန်လည်စဉ်းစားမိတိုင်း အဖေကို ပြန်လည်တမ်းတမိတိုင်း တားဆီး မရတဲ့ မျက်ရည်တွေက သမီး ပါးပြင် အထက်မှာပါ အဖေ ။ အဖေ စကားကို နားမထောင် မိသလို ဖြစ်သွားခဲ့ရင်တော့ သမီးတောင်းပန်ပါတယ်
'' ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင် မေ့ '' ဆိုပေမဲ့ သမီးရင်ထဲမှာ အဖေ့ ကို မေ့မရတာ ယနေ့အထိရယ်ပါ ။ အားငယ်လာတဲ့ အချိန်မှာ အဖေ ကမ်းပေးတဲ့ အဖေ့ လက်ကလေးကို ဆုပ်ကိုင်ချင်မိတယ် ။ ကြောက်ရွဲ့ လာတယ် အချိန်တွေမှာ အဖေ ရဲ့ ရင်ခွင်လေးထဲ တိုးခို ချင်တယ် ။ အဖေ့ရဲ့ ဆုံးမ စကားသံတွေ အဖေ့ ရဲ့ အပြုံးတွေ အဖေ့ ရဲ့ မေတ္တာတွေ အဖေ့ ရဲ့ ဂရုဏာတွေ သမီးပြန်လိုချင်တယ်
အဖေ့ ကို ပြန်လည်တမ်းတမိတိုင်း သမီး လွမ်းလှတဲ့ ရက်တွေက များလှပါပြီ အဖေ ။ ဘာဖြစ်လို့ သမီးတို့ ဘဝလေးထဲကနေ အဖေ အစောကြီး ထွက်ခွာသွားရတာလဲ ? ။ လောကကြီးကို ရက်စက်တယ်လို့ သမီး အပြစ် မတင်ချင်တော့ပါဘူး သေခြင်းတရားက မည်သူမှ ရှောင်လွဲလို့ မရဘူးလေ သမီးသိနေပေမဲ့လဲ အဖေကို လွမ်းတိုင်း အဖေ့ကို ပြန်လည်တမ်းတ မိတိုင်း သမီး မျက်ရည်ကျမိတယ်
အဖေ ဘယ်နေရာ ကို ရောက်နေလဲ ဆိုတာ သမီးမသိပေမဲ့ သမီးရင်ထဲမှာတော့ အဖေ့ကို အောင်းမေ့ဆဲပါ အဖေ ။ သမီး ငိုကြွေးနေတဲ့အခါ ကျဆင်းလာတဲ့ မျက်ရည်တွေကို အဖေ့ လက်ကလေးနဲ့ ဖယ်ရှားပေးရင်း အဖေ ပြောမဲ့အားပေးစကားသံတွေကိုလဲ သမီး လိုချင်မိတယ် ဒါပေမဲ့ အဖေရယ် စိတ်ကူးရင် အိပ်မက်လေးတွေ ထဲမှာ ပဲ ဖြစ်ပေါ်ခဲ့တယ်
အဖေ ကတော့ သမီးတို့ ဘဝလေးထဲကနေ ထွက်ခွာသွားလို့ မေ့များမေ့နေပြီလားတော့ မသိပါဘူး ။ဒီနေ့က အဖေ သမီးတို့ဘဝလေးကို လက်ပြ နှုတ်ဆတ်သွားတဲ့ နေ့လေးလေ ။ အမေ ကပြောတယ် အဖေ သမီးတို့ ဘဝလေးထဲကနေ ထွက်ခွာသွားတာ အနှစ်(???) ရှိပြီတဲ့ သမီးကတော့ မနေ့ ကလိုပဲ ထင်လိုက်မိတယ် အဖေရဲ့ အပြုံးပီတိတွေက သမီးမျက်လုံးထဲ မြင်နေဆဲပဲလေ ဒီနေ့ အဖေ့ကို ရည်စူးပြီး အိမ်မှာ အလှူ တစ်ခု လုပ်တယ် ။ သမီးတို့ ပြုခဲ့တဲ့ ကုသိုလ် ကောင်းမှူတွေကို အဖေ ရောက်ရာ ဘုံဘဝက သာဓုခေါ်ပေးပါနော်
အဖေ့အား ရည်စူ၍...............................................................
ကြာခဲ့ပါပြီ
နှစ်လရက်တွေပြောင်း
ရင်ထဲမှာ ဟောင်းနွမ်း မသွားခဲ့တာ
အဖေ့ အပြုံးတွေပါ။
နဖူးကချွေး
ခြေမအထိအောင်ကျ
မိသားစုဘဝ
သာယာလှပဖို့အရေး
ခွန်အားတွေပေး
ဘဝ လှေကလေး
ပဲ့ကိုင်ခဲ့တာလဲ အဖေ ပါ။
ယနေ့ထိမေ့မရပါ
ထွက်ခွာသွားတာ ကြာခဲ့ပေမဲ့
မနေ့တစ်နေ့ကလိုထင်
အဖေ့ ပုံရိပ်တွေ မျက်လုံးထဲပြန်မြင်ဆဲပါ။
တစ်နေ့မှ မေ့မရ
နွေးထွေးတဲ့ အဖေ့ရင်ခွင်
ခဏတာ ပြန်ခိုဝင်ချင်လို့
တမ်းတတဲ့အခါ
လွမ်းမျက်ရည်ပါ ကျမိပါတယ်။
လက်ပြ နှုတ်ဆက်
ရုတ်တရက် ထွက်ခွာ
အဖေ့အား
ပြုလုပ်ကုသိုလ်
ထိုကောင်းမှူ အစုစု
ပေးဝေအမျှ
ရောက်ရာဘုံဘဝက
ခေါ်ဆိုသာဓု
အဖေ့အားရည်စူး၍။
(အမျှ အမျှ အမျှ)
ခဏခဏ ''တ''လွန်းတော့လဲ ဖြေမပြေဘူး '' အဖေ''
.............................................................................................................
သူငယ်ချင်းတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်အား ခဏတာမျှဝေခံစားပြီး ရေးဖွဲ့ထားခြင်းဖြစ်ပါသည်
.............................................................................................................
ရဲရင့်ရထာ