Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***ယက္ခစောင့်သည့်ပန်း**.....(ဒုတိယပိုင်း)

$
0
0

ကျနော်အိမ်ပြန်ရောက်သောအချိန်တွင်သူရိန်နေမင်းသည်

အနောက်ကျွန်းသို့ ဝင်လေပြီ..ကျနော်လဲရေမိုးချိုးခါအမေပြင်ပေးသောထမင်းကို

စားသောက်ပြီးပင်ပန်းလာသောကြောင့်ခေါင်းခချတာနှင့်အိပ်ပျော်သွားပါသည်

မနက်မိုးသောက်ကျေးငှက်ကလေးတို့ အသံကြားရတော့မှကျနော်

အိပ်ယာကနိုးပါသည်..ကျနော်မျက်နှာသစ်နေခိုက်အမေက

“ကောင်လေးမင်းဒီနေ့ ပြောင်းဖူးမျိုးစေ့သွားဝယ်ရမယ်”

ကျနော်မျက်နှာသစ်ရင်းကနေ

“ဘယ်မှာသွားရမှာလဲအမေ”

“မကြီးတောရွာကိုသွားဝယ်ရမှာ”

ကျနော်တော်တော်ပျော်သွားသည်နဂိုကတည်းကမှ

ဒီနေ့ အဲရွာသွားဆုံးဖြတ်ထားတာလေ..

ကျနော်လမျြက်နှာအမြန်သစ်ခါထမင်းကြမ်းစားပြီး

ကျနော်ရဲ့ စီးတော်ဆိုင်ကယ်ကြီးကိုနှိုးပါပြီ....
ဘွတ်..ဘွတ်..ဘွတ်..

ညကအအေးဓါတ်ကြောင့်ထင်သည့်ကျနော်ဆိုင်ကယ်လေးကမနှိုး

နောက်တစ်ခါကျနော်ထပ်နှိုးသည်ညာ့်တစ်ခါလဲဆိုင်ကယ်လေးကမနှိုး

ကျနော်အဖြစ်ကိုမြင်နေသောအဖေက

“ငါသားရာဆိုင်ကယ်မရကလဲမင်းဆက်ဘ်ီးလေးနဲ့ သွားတော့လေ”

“အဖေကလဲသူများရွာသွားတာစက်ဘီးနဲ့ ကအောက်ပါတယ်”

အမှန်တော့အဲရွာမှာကကျနော်ရဲ့ ရင်ခုန်သံလေးလွင်လွင်အေးရှိနေသောကြောင့်

ပြန်ပြောလိုက်ခြင်းပါ...

ကျနော်ထပ်ပြီးဆိုင်ကယ်လေးကိုနှိုးလိုက်သည်

ဘွင်း...ဘွင်း...ဘွင်း

ကျနော်ဆိုင်ကယ်လေးနှိုးလာပါတော့သည်စက်သံကကျယ်နေပါတော့သည်

ကျနော်လဲဆိုင်ကယ်လေးပေါ်တက်လီဗာလေးဆွဲကာကျနော်သူငယ်ချင်း

ဖိုးကျော်ဆီကိုမောင်းပါတော့သည်..

“ဖိုးကျော်ရေ..ဖူိုးကျော်”

“စာဥငါဒီမှာဟေ့”

“ဒီမှာမလုပ်နဲ့ ငါနဲ့ မကြီးတောကိုလိုက်ခဲ့”

“မင်းကတော့နှာထပြီ”

“မင်းစားပြောနေတာကြာတယ်ကွာ”

”အေးလာပါပြီ”

ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက်မကြီးတော့ကိုခရီးနှင်ပါတော့သည်

မကြီးတော့မရောက်ခင်ရွှာအဝင်မှာတော့လွင်လေးရဲ့ အကိုကြီးကိုသာလှလူပျိုကြီးနဲ့တွေ့ ပါသည်

သူကလဲယက္ခကြီးတစ်ယောက်ပေါ့သူကဒီလိုဗျ...

“ဟေးစာဥဘယ်ကိုလဲကွဒီလာပါဦး”

ကျနော်မျက်ခုံးလှုပ်သွားသည်မတက်နိုင်ဘူးသူညီမသဘောကျတော့

အကြိုက်ဆောင်ရတော့မှာပဲဟင်းးး.....

“စာဥဘယ်သွားမှာလဲ”

“ကိုကြီးသာလှတို့ ရွာသွားပြီးပြောင်းဖူးမျိုးသွားဝယ်မလို့ ပါ”

“အစောကြီးရှိသေးတယ်တယ်စကားခဏပြောရအောင်”

ကိုသာလှစကားခကျနော်ကြောက်နေပြီလေကိုလင်းမိတ်ဆက်ပေးတုန်းက

ပြောလိုက်တဲ့စကားစက်သေနတ်လားအောက်မေ့ ရတယ်လေ..

“သြော်ဟုတ်ရပါတယ်အကိုကြီး”

“မချစ်သော်လည်းအောင်ကာနမ်းရတော့မတက်နိုင်ဘူးလေသူညီမချစ်မိနေတာကို

ကိုသာလှစကားအစချီပါပြီ...

ဒီမယ်ငါညီမိန်းမမယူနဲ့ ကွ

ဘာဖြစ်လို့ လဲအကိုရ

ဖိုးကျော်ကလဲ
ဘာကြောင့်လဲကိုသာလှကြီးရဲ့ 

မိန်းကလေးတွေကဘလီဘစအလွန်များကွဆိုပြီးပြောလိုက်တာကျနော်တို့ နှစ်ယောက်အိပ်ငိုက်လာသည်


ထိုအခိုက်ကိုကြီးသာလှဆီလာနေသောသူညီမလေး

“အိုချောလိုက်တာ”

အခုနငိုက်နေတဲ့ကျနော်မျက်လုံးတစ်စုံးမီးကုန်ပွင့်ပြီပေါ့

ကိုကြီးသာလှကတော့စကားပြောမပြတ်ပဲဆက်ပြောနေသည်

ကျနော်အဖြစ်ကိုမြင်ဘသောဖိုးကျော်စာဥမင်းနှာခေါင်း

“ငါနှာခေါင်းဘာဖြစ်လဲ”

ဆေးလိပ်မီးညှီရနေပြီ

“ဟာကွာမင်းကတော့”

ကျနော်တိုပြောနေသောစကားများကိုကြီးသာလှကမကြားပါသူကစကားပြောပြိဆို

တခြားအာရုံမရတော့ဘူးလေ...

ကိုကြီးသာလှကျနော်တို့ အနားရောက်လာတော့

”ကိုကြီး..ကိုကြိး”

“ဘာလဲမိလွင်”

“ကိုကြိးကိုထမင်းအုပ်လာပို့ တာအကိုကြီး”

”အေး.အေးထားခဲ့လူိုက်”

ထမင်းအုပ်လေးထားကာကိုကြီနးသာလှညီမပြန်သွားပါပြီ

ကျနော်တို့ အတွက်အခွင့်ကောင်းလေးပေါ့ကျနော်လဲခဏကြာတော့

“ကိုကြီးသာလှရေအခုမှသတိရတယ်

ကျနော်အမေးဆေးခန်းသွားဖိုန့ လိုက်ပို့ ရဦးမှာ”

“ဟုတ်လားဒါဆိုလဲသွားတော့လေကွာ”

ကျနော်နဲ့ သူငယ်ချင်းဖိုးကျော်ဆိုင်ကယ်လေးပေါ်တက်ခါ

မကြီးတောကိုဆက်ထွက်ခဲ့ပါသည်..

လမ်းမှာကျနော်ရဲ့ ရင်ခုန်သံးလေးကိုတွေ့ ပါတော့သည်ဒါနဲ့ ကျနော်လည်းဆိုင်ကယ်လေးကို

ဘရိတ်ဆောင့်အုပ်လိုက်တော့ကျနော်သသူငယ်ချင်းဖိုးကျော်

ဆိုင်ကယ်လေးပေါ်ကပြုတ်ကျသွားပါသည်..

သူကျတာမှောက်ယက်လေးတိုတော့အောက်ကရျိနေနှင့်သောနွားချေးပုနဲ့ 

မျက်နှာလေးကမိတ်ဆက်မိသွားပါတော့သည်..

ကျနော်လဲသူငယ်ချင်းကိုထူကြာိ့းနောက်

လွင်လွင်းအေးရှိရာသို့ လှမ်းသွားကာ

“လွင်လေး..လွင်လေး”

“ဘာလဲရှင်”

“ငါနင်ကိုပြောစရာရှိတယ်တယ်”

”ပြောလေတော်”

မေတ္တာလှစ်ခါချွေချစ်နေပြီလွင်ရယ်

ဘယ်ကဘယ်လိုထွက်လာသည်မသိစကားကလှနေပြီ

“အို ....ရင်မခုန်ဘူး”

“ဟာအဲလိုမလုပ်ပါနဲ့လေဆစ်ရွာသားအသည်းလှပါတယ်လွင်ရယ်”

“ရင်မခုန်ဘူးလို့ ”

ထိုအခိုက်ရွာထဲမှလာနေသောသူမောင်လေလက်ါထဲမှာလဲလောက်လေးနဲ့ 

ဒါနဲ့ ကျနော်လဲသူအနားကတပ်ပြန်ဆုတ်ခဲ့ပါသည်..

ကျနော်နဲ့ သူငယ်ချင်းဖိုးကျော်မကြီးတော့ကိုဆက်သွားပြီးပြောင်ဖူးမျိုးစေ့

ဝယ်ပြန်လာတော့မှောင်ရီပျိုးနေပါပြီလေ..

လမ်းရောက်တော့ကျနော်တို့ ရှေ့ ကမျက်လုံးတစ်စုံကျနော်ထူးဆန်းစွာကြည့်နေသည်

တစ်ဖြေးဖြေးနီးလာတော့မျက်နှာကြီးကြီးနဲ့ သရဲတစ်ကောင်ဖြထစ်နေတယ်

“ဖိုးကျော်မင်းကိုစိတန်ခေါ်နေတာထင်တယ်”

”စာဥရေငါကြောက်တယ်”

ဟာမင်းဟိုတစ်တုန်းကကျနပန်းလုံးပြီးတော့အခုကျကြော်နေလား

ထိုစဉ်ကျနော်ဆိုင်ကယ်လေားဖင်ထိုင်ခုံပေါ်စီးလာသောအရာတခု

ဟေကောင်မင်းသေးတွေထွက်ကျလာတာလား

အေးဟုတ်

ဟာသေလိုက်ပါတော့သရဲနဲ့ နပန်းလုံးဖူးတဲ့ကောင်ကသေးထွက်ရတယ်လို့ 

အဲတုန်းကငါမူးနေတာကိုကွ

အေးသေးပဲထွက်နော်

ချွးတော့မထွက်နဲ့ ငါကောင်

ကြောက်ပါတယ်ဆိုနေကွာမင်းကလဲ

ဒါဆိုမင်းကိုင်ထားတော့

ဒါနဲ့ ကျနော်လဲဆိုင်ကယ်လေးလီလေးအကုန်ဆွဲကာတည့်တည်ဝင်တိုက်ပြီးတော့

ဖောက်ထွက်ခါရွာလမ်းလေးဆွသို့ .......

ဆက်လက်စောင့်မျှော်ရန်.........................

                                                         ကြိုးစားပါဦးမည်

 

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>