Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမေ့ကျေးဇူးအပိုင်း(၂)

$
0
0

       ချစ်မိတ်ဆွေရဲ.စာချစိသူများအတွက် ကျွန်တော်ချစ်မိတ်ဆွေမှ အမေ့ကျေးဇူး ဒုတိယပိုင်းကို ဆက်လက်ရေးသားပါတော့မယ်ဗျာ..

                                                      အမေ့ကျေးဇူး(၂)

     အမေတို.၏ ကျေးဇူးကြီးမားပုံကို ပထမပိုင်းတွင်ဖော်ပြခဲ့ပါသည်။သို.သော်လည်း တေးသီမကုန်မေမေ့ဂုဏ်ကိုပြန်ပြီးရေးဖွဲပါမည်။

  သားသမီးတို. နားလည်သိတတ်လာချိန်တွင်  လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ပာစရိယမိနှင့်ဖ ဟုဆိုသည့်အတိုင်းအမေတို.သည်သားသမီး

တို.အားတိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ဆုံးမတတ်ကြပေသည်။ ဆရာတော်သံဃာတော်များတွေ.လျင် ဦးတော်ဟုသင်ပေးပြီးလက်အုပ်

ချီစေခဲ့ရာမှငါးပါးသီလစောင့်ထိန်းနိုင်သည်ထိလိုက်နာစေတတ်ခဲ့ကြသည်မှာအမေတို.၏အိပ်ရာဝင်ပုံပြင်တို.၏ကျေးဇူးကြောင့်ပင်ဖြစ်ပေ၏။

ဝတ်စားဆင်ယင်မှုမှသည် တစ်ကိုယ်ရေသန်.ရှင်းရေးထိအစစအရာရာအမေများသွန်သင်ပေးခဲ့ကြပေသည်။သားကောင်းသည်မိခင်မှအသီး

ကောင်းသည်အမြစ်မှ ဟုဆိုသကဲ့သို.မိမိ၏သားသမီးတို. လောကအလယ်ထည်ထည်ဝါ၀ါတင့်တင့်တယ်တယ်နှင့်လူတော်လူကောင်းအဖြစ်

ရပ်တည်နိုင်ရန်အစွမ်းကုန်ကြိုးစားခဲ့သော အမေတို.၏ကျေးဇူးတို.ကားစာဖွဲ.၍ကုန်နိုင်မည်မဟုတ်ပါ။

        စုန်ရေသာရှိ၍ဆန်ရေမရှိသောသားသမီးနှင့်မိဘဖြစ်စဉ်ကို အမေတို.သည်ကျေနပ်ကြည်နူးစွာထွေးပိုက်ထားသူများလဲဖြစ်ကြပေ၏

သို.ဖြစ်၍သမေမေတို.သည်သားသ္မီးတို.အတွက်ပေးဆပ်ရန်သက်သက်သာလောကသို.ရောက်လာသူဟု ပညာရှိတို.မှဆိုကြပေကုန်သည်။

သားသ္မီးတို.အရွယ်ရောက်သောအခါတွင်လည်း အမေသည်ဆင်စီးမြင်းရံသည်ကိုသာမြင်ချင်ခဲ့ကြ ကြားချင်ခဲ့ကြသည်နှင့်အမျှ ကြိုးစားပေး

ခဲ့ကြပေသည်။အချို.သားသမီးလိမ်မာများရှိသလို သားသ္မီးဆိုးတို.ရှိသည့်အခါတွင်လည်း အမေသည်တောင်းဆိုး ပလုံးဆိုး မဟုတ်သည့်

အတွက်မပြစ်ခဲ့ပါ.လက်တွဲမဖြုတ်ခဲ့ပါ။မေတ္တာတရားကိုအရင်းခံ၍ သားသ္မီးဆိုးသမျှ အတိုးချပြီးချစ်ခဲ့သည်မှာ အမေတို.မှလွဲ၍ မည်သူမှမ

ပြုနိုင်ကြပါပေ။သားသမီးဟူသောအသိနှင့် အရာအရာအနှစ်နာခံ စွန်.လွတ်စတေးခဲ့ကြသောအမေ့ကျေးဇူးတို.ကားအံ့ချီးမကုန်ပါပေ။

       ဥပမာပြရမည်ဆိုလျင် အရှင်မဟာမော၈္ဂလာန်ကိုယ်တော်မြတ် အလောင်းတော်ဘ၀တွင် မယားဆိုးမယားမိုက်စကားနားထောင်ပြီး

မိခင်မျက်မမြင်ကြီးကို ခိုးသားယောင်ဆောင်၍ ရိုက်နှက်ခဲ့သောအခါ ''သားမောင်လေး လွတ်အောင်ပြေးနော်ဟု''ဆိုခဲ့သောမိခင်အိုကြီး၏

အသံ၊မေတ္တာတရားကျေးဖူးတရားတို.သည် ဗုဒ္ဓဘာသာဝင်တို.၏နှလုံးသားဝယ် စွဲထင်နေခဲ့ကြသောမှတ်တမ်းတစ်ခုပင်ဖြစ်ပါပေသည်။

ဘီလူးနှင့်လူသား ဇာတ်မတူ၍မနေနိုင်ပါဟုဆိုသော အတွေးအမြင်တို.ဖြင့် ထွက်ပြေးသည့်သားကိုလိုက်ရှာသော်လည်း မိမိပိုင်နက်လွန်

၍ မြစ်တစ်ဖက်ကမ်းရောက်သွားသည့်သားကိုပြန်ခေါ်၍ မရသောအခါ သားလေးရှေ.ရေးအတွက် စိန္တာမဏိဂါထာကိုသင်ပေးပြီးလျင်ရင်

ကွဲနာကျသေဆုံးခဲ့ရသော အဿမုခိ ဘီလူးမအဖြစ်က မိခင်မေတ္တာ မိခင်ကျေးဇူး မိခင်တို.ဘ၀ကို ဖော်ကျူးနေခြင်းပင်ဖြစ်ပါသည်။ဘဝ

နောက်ဆုံးချိန်ထိ သမီးကိုယ်စား ၀ါးချမ်းပြားရက်ချုပ်လေးကို ရင်ဝယ်ပိုက်ပြီး''သမီးလိမ်လိမ်မာမာနေပါ"ဟူသောစကားစုတို.ကိုပြောနေခဲ့

သည့်ကလည်း မိမိအပေါ်မကောင်းသည့်မလိမ္မာသောသမီးမိုက်ကို လောကအလယ်တွင်တင့်တယ်စေလိုသော မိခင်မေတ္တာ မိခင်ကျေးဇူး

မိခင်၏စေတနာတို.သည် မင်းကတော်စကားပြေမှဒေါ်ခင်တွင်သာမက မိခင်တိုင်းတွင်ရှိကြပေကုန်၏။မေမေတို. မိခင်တို.မေတ္တာသည်ကား

သားသ္မီးတို.အပေါ် အလွန်ပင်ကြီးမားလှပေစွ။

              တတိယပိုင်း အဆုံးပိုင်းကိုဆက်လက်တင်ပြပါမည်။စာချစ်သူများ၏မေတ္တာကို အစဉ်လေးစားခံယူလျက်

                                                                     ထူးထူး(ကျောက်ခဲလေး)

           ချစ်မိတ်ဆွေနားပါအုံးမယ်ဗျာ...ဝေဖန်အကြံပေးကြပါအုံးနော်.....

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...