သီတင်းကျွတ် အခါသမယ အချိန်ကို ရောက်လာခဲ့ပြီပေါ့။ ခရေ မြန်မာပြည်နှင့် ဝေးကွာနေတာ ခုနှစ်နဲ့ ဆို နှစ်နှစ်ကျော်ပါပြီ။ အမိမြေကို ဝေး သီတင်းကျွတ် တဆောင်တိုင်ဆိုတာလဲ မကြုံရတာ သုံးကြိမ်မြောက် နှစ်ပါ။
အရင် နှစ်နှစ်တုန်းကတော့ သီတင်းကျွတ်တော့မယ် ဆိုတာက ဒီလို မြန်မာချင်းချင်ပြောမှ ပဲ သိရှိခဲ့မိတယ်။ ဒီနှစ်တော့ စိတ်ထဲမှာ ဝမ်းနည်းသလို ခံစားနေမိတယ်လေ။
ရွှေမြို့ တော် ဆိုက်လေးမှ သူငယ်ချင်းများ က ခရေ ရဲ့  ဘေးမှာ တူတူ ရှိနေသလို ပျော်ရွှင်မိတယ်။ မြန်မာပြည်မှာရောက်နေ ရသလို ခံစားနေရတော့ ပိုလွမ်းမိတယ်။
ခရေ တို့  ငယ်ငယ်က သီတင်းကျွတ် အချိန်ခါကို သွားပြန် သတိရမိခဲ့တယ်။ ငယ်ငယ်က လူကြီးမိဘတွေ ကန်တော့တယ်။ ဆရာ ဆရာမတွေ ကန်တော့တယ်။ ကျောင်းမပိတ်ခင် တရက်အလို ကို အာစရိယ ပူဇော်ပွဲတွေ လုပ်တယ်။
ပျော်စရာကောင်းဆုံးကတော့ ခရေတို့  အဘိုးအဘွားတွေ ကန်တော့ရင် မုန့် ဘိုး ပြန်ရတာပါပဲ။ ငယ်ငယ်ကတော့ မုန့် ဖိုးလိုချင်တော့ အိမ်ကို အဘွား ကို လာကန်တော့ သမျှ ဦးကြီး ဘကြီးတွေနဲ့ ရောပြီ ခဏခဏ ကန့် တော့တယ်။
မှတ်မှတ်ရရ ကန်တော့သာ ကန်တော့နေတာ ။သီတင်းကျွတ်ဆိုတာ ကျောင်းတွေပိတ် ပိတ်လို့ ပျော်တာ။ မုန့် ဘိုး ရလို့ ပျော်တာ အဒါတွေပဲသိတယ် ။ သီတင်းကျွတ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
ဝါလကင်းလွတ်တဲ့ အချိန်အခါ ဆိုတာ ဘာကိုပြောတာလဲ သေချာမသိခဲ့တော့ အဘွားက ရှင်းပြခဲ့ပါတယ်။ ခရေ ဘွားဘွား က ခရေတို့ ကို ရှင်းပြခဲ့တာလေးကို ခရေက အလွမ်းပြေ တင်ပြလိုက်ပါတယ်နော်။
'' ဘွားဘွား စုလှိုင် ဘွားဘွားကို လာကန့် တော့တာနော်. .. ''
'' သိပ်လိမ္မာတဲ့ ကလေးတွေပါလားကွယ် ။ အေး--ခုလို ဝါလကင်းလွတ်လို. သီတင်း ကျွတ်ပြီဆိုတာနဲ. လူကြီး မိဘနဲ. ဆရာသမားတွေကို ကန်တော့တဲ့ အကျင့်ဓလေ့ဟာ ဗုဒ္ဒဘာသာ မြန်မာလူမျိုးတွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့ ဓလေ့ထုံးတမ်းစဉ်လာ တစ် ရပ် ပါပဲကွယ်။ ''
''ဘွားဘွား ကိုကန်တော့ဖို. ဒီမှာ ကိတ်မုန်.နဲ. သစ်သီးတွေ ဝယ်လာပါတယ် ။''
'' ဒါတွေမလိုပါဘူး- သမီးတို့ ရယ် လူကြီးတွေကို ကန်တော့အခါ စိတ်ပါလက်ပါနဲ. လက် အုပ်ချီကန်တော့ရုံနဲ.လည်းလုံလောက်နေပြီပဲကွယ်။ သမီးတို့ တွေ သီတင်းကျွတ် အကြောင်း သိလား ။ ဘာလို့  ခုလို လူကြီးမိဘ ဆရာသမားတွေ ကို ကန် တော့ရလဲ သိလား ။''
'' မသိဘူး ဘွားဘွား အခုလို သီတင်းကျွတ်တိုင်း ဆရာမိဘနဲ. လူကြီးတွေကိုကန်တော့ကြတဲ့အကြောင်း စု လှိုင် တို.ကို ရှင်းပြပါလား ဘွားဘွား။ ''
''ဟုတ်ပါတယ်ဘွားဘွား -သမီးလည်း သိချင်ပါတယ် - ပြောပြပါနော် ။ ''
'' ကဲ ဘွားဘွားပြောပြမယ် နော်. ဒီလို သီတင်းကျွတ်ပွဲတော်အကြောင်း ပြောပြရမယ် ဆိုရင်တော့ ဘွားဘွား တို့  ဗုဒ္ဒမြတ်စွာဘုရား ပွင့်တော်မူပြီးတော့ တဲ့အခါမှာ ပေါ့။
ဘွားဘွား တို့ ရဲ့  ဗုဒ္ဒမြတ်ဘုရားဟာ ဘုရားအဖြစ်ကို ရရှိတော်မူပြီးနောက် တာဝတိံသာ နတ်ပြည်မှာ သတ္တမမြောက် ဝါဆို ဝါကပ်တော်မူပြီးတဲ့အခါ ကျေးဇူးတော်ရှင် မယ်တော်မာယာ (နတ်သား)ကိုအကြောင်းပြုပြီး နတ်ဗြဟ္မာများကို အဘိဓမ္မာတရား ဟောကြားတော်မူတယ် ။
အဲဒီ လို သုံးလပါတ်လုံးတ ရား ဟောကြားတော်မူပြီးလို.သီတင်းကျွတ်လပြည့်နေ. ရောက်လာတဲ့အခါ တာဝတိံသာနတ်ပြည်ကနေ လူ.ပြည်လူ.ရပ်ဌာနကို ပြန်ကြွတော်မူခဲ့တယ်။
ဒီလို တာဝတိံသာနတ်ပြည် မှ မြတ်ဗုဒ္ဒ ပြန်ကြွတော်မူမယ့် သင်္ကသနဂိုရ်ပြည်အထိ ရွှေစောင်းတန်း -ငွေစောင်းတန်းနဲ. ပတ္တမြားစောင်းတန်းကြီးတွေကို နတ်ဗြဟ္မာများကဖန်ဆင်းပေးထားကြသတဲ့ ။
အကြောင်းရင်းကို အခြေခံပြီး ဒီကနေ.တိုင်အောင်ပဲ ဒီလို သီတင်းကျွတ် ပြီဆိုတာနဲ. ဗုဒ္ဒမြတ်ဘုရားကိုရည်စူးပြီး ဆီမီးရောင်စုံတွေ ထွန်းညှိပူဇော်ကြတယ်လေ။ အိမ်တိုင်း လမ်းတိုင်း မကျန် ဆီမီးတွေ ထွန်းညှိ ပူဇော်ခဲ့ကြတယ်လေ။
အေး--အဲဒီ ဗုဒ္ဒပူဇော်ပွဲကို အစွဲပြုပြီး အခုသမီး တို.လိုပေါ့ လူကြီး-မိဘ-ဆရာသမားတွေနဲ.အတူ ကိုယ့်ထက်အသက်ကြီး ဝါကြီးတဲ့သူတွေကို အခုလိုပဲကန်တော့ကြတဲ့ ကြည်နူးစရာအလေ့အထက ဒီကနေ. တိုင်အောင်ပါပဲကွယ်။
''ဒါနဲ. ဝါကျွတ်ပွဲတော် ဆိုတာကကော ဘာအဓိပါယ်လဲ ဘွားဘွား ဘာကိုပြောတာလဲ ။''
'' အင်း အဲဒါကတော့ ဘွားဘွား တို့ ရဲ့ ဂေါတမဘုရားလက်ထက်မှာ ရဟန်းသံဃာတော်တွေ ဘယ်လောက် များသလဲဆိုရင်လယ်ကွင်းပြင်ကို ဖြတ်ဖြတ်ပြီး ဆွမ်းခံကြွရတဲ့အခါ ဆန်စပါး စတဲ့ ကောက်ပဲသီးနှံပင်တွေကိုတောင် ရှောင်လို. မရနိုင်တဲ့အထိပဲတဲ့လေ။
နွေရာသီလို ဆန်စပါး သီးနှံ ပင်တွေ မဖွံ.ဖြိုးသေးတဲ့အချိန်မှာ အကြောင်းမဟုတ်ပေမဲ့ မိုးရာသီရောက်တဲ့အခါ ဒီရဟန်းသံဃာ တွေကြောင့် စပါးစိုက်ခင်းတွေ ပျက်ယွင်းကုန်တဲ့အတွက် စိုက်ပျိုးသူတွေက မြတ်ဘုရားထံ တင်ပြ တောင်းပန်ကြသတဲ့ကွယ်။
ဒီအခါ မြတ်ဘုရားကလည်း ဝါဆိုလပြည့်နေ.ကစပြီး ရဟန်းသံဃာအားလုံး ဘယ်ကိုမှ ခရီးဝေးမထွက်ကြရပဲမိမိတို.ရဲ့ကျောင်းသင်္ခမ်းမှာသာ တရားဓမ္မများကျက်မှတ်လေ့လာကြရမယ် လို. ပညတ်တော်မူလိုက်တယ် ။ ဒါ့ကြောင့် ဝါဆိုလပြည့်နေ.ကို “ဝါဝင်“ တဲ့နေ.လို.သတ် မှတ်ကြတာပေါ့ကွယ် ။
သီတင်းကျွတ်လပြည့်နေ.ရောက်တဲ့အခါမှ သံဃာတော်တွေ လည်း မိမိတို.လိုရာကို ကြွနိုင်ကြတယ် ။ ဒါကို “ဝါကျွတ်“ တယ်လို.သတ်မှတ်ပြိး လူတွေကလည်း ရဟန်းသံဃာများကို ပင့်ဖိတ်ပြီး အလှူဒါနတွေပြုလုပ်ကြတာပေါ့ ။
တကယ်တော့ သံဃာတော်တွေ အတွက်သာ ဝါကျွတ်တာမဟုတ်ပါဘူး။ သမီးတို့ တွေကလဲ လူကြီး မိဖ-ဆရာသမားတွေကို တရိုတသေနဲ. ကန်တော့တဲ့အခါ ကာယကံ- ဝစီကံ-မနောကံ စတဲ့ ကံတစ်ပါးပါးနဲ. ပြစ်မှားခဲ့မိပါကထိုအပြစ်မှ ခွင့်လွှတ်ပေးပါရန် ပန်ကြားရတယ်။
ဒီအခါကန်တော့ခံရ တဲ့ လူကြီးက အပြစ်မှန်သမျှ ခွင့်လွှတ်ကြပြီး ဆုမွန်ကောင်းတွေ တောင်းပေးတာနဲ. ကန်တော့သူရဲ့ စိတ်ထဲမှာ “ ဒီအပြစ်များမှ ကျွတ်သွားပြီ- လွတ်သွားပြီ“-ဆိုတဲ့ ဝမ်းသာ တဲ့ အတွေးလေးတွေ ဖြစ်လာတယ် လေ။
ဒါကြောင့် သမီးတို့ အတွက်ကလဲ ကျွတ်ပြီလွတ်ပြီ ဆိုတဲ့ အတွေးလေးတွေပေါ့ကွယ် ။ ကဲရှင်းပြီလား သိပြီလား ။ ဘာကြောင့် လူကြီးတွေကို ကန်တော့တယ်ဆို တာကို.။ မုန့် ဘိုးရချင်တဲ့ စိတ်နဲ့ ပဲ မကန်တော့နဲ့ နော် ။
နောက်ပြီး ကန်တော့တဲ့ အခါမှာလဲ စိတ်ထဲကနေ ကိုယ့်အမှားတွေကို သေချာ ဝန်ချတောင်းပန်တဲ့ စိတ်လေးနဲ့ ကန့်တော့ရတယ်ကြားလား။ ''
'' ဟုတ်ကဲ့ပါ ဘွားဘွား ''
ခရေ ဘွားဘွား ပြောခဲ့တာ ရှင်းပြခဲ့တာကို သတိရမိပြီး မြို့ တော်က မောင်လေး ညီမလေးများ အားလုံးလဲ သီတင်းကျွတ် အခါမှာ ခရေလို မုန့် ဘိုး လို ချင်တဲ့ စိတ်နဲ့  လူကြီးမိဘ
ဆရာသမားတွေ ကို မကန်တော့ပဲ အပြစ်တွေ တောင်းပန် ပျော်ရွှင်တဲ့ စိတ်မွေးလို့  ကြည်နူးစရာ ပွဲတော်လေး ကို ဆင်နွှဲနိုင်ပါစေလို့ ..
ခရေမှလဲ အဝေးတနေရာကနေ မြန်မာပြည်က အားလုံးသော ဘုရားရှင်ကိုယ်တော်မြတ် နှင့် စေတီတော် အားလုံး ခရေ မွေးမိခင် နှင့် ကျေးဇူးရှင် အဒေါ်အပျိုကြီး နှင့်တကွ ဆရာဆရာမ လေးစားထိုက်သူ အားလုံးကို ပြစ်မှားမိတဲ့ အပြစ်တွေတွေ အတွက် တောင်းပန် ဝန်ချကန် တော့လိုက်ပါတယ်လို့ ..
ပျော်ရွှင်သော သီတင်းကျွတ်ဖြစ်ပါစေနော်..
အားလုံး ကျန်းမာချမ်းသာကြပါစေ..
ခရေ
(ကြိုးစားပါအုံးမည်)