ကျွန်တော်..မောင်အောင်ထက်..ခုရက်ထဲ..စာဖတ်တာထက်..စာရေးတာကပိုပါတယ်..
အထူးသဖြင့်တော့..စာပေဟောပြောပွဲ တွေပဲနားထောင်ဖြစ်ပါတယ်..
စင်္ကာပူ..မော်လမြိုင်..တောင်ငူ..မြောက်ဥက္ကလာ..နယူးယော့..ဟင်္သာတ ဟောပြောပွဲတွေပေါ့..
မနေနိုင်မှ..ဂျာနယ်လေး..မဖတ်ရသေးတဲ့ BIOGRAPHY တွေပဲဖတ်ဖြစ်ပါတယ်..။
ဟောပြောပွဲတွေကလဲ အပြောရောအဆိုပါ ကောင်းမှကောင်း..
အဆိုမကောင်းပေမဲ့ အပြောကောင်းသူက..ဆရာမ ခင်ခင်ထူး ပါပဲ..
ကျွန်တော် ခင်ခင်ထူးကိုစတင်စွဲလန်းခဲ့ရတာ သူ့ရဲ့မအိမ်ကံ..ဆိုတဲ့ဝတ္ထုရှည်ကြီးကြောင့်ပါ။
မအိမ်ကံကို ဖတ်ပြီးထဲက..သူမအရေးသားကိုစွဲလန်းခဲ့ရာက..
ခုတော့သူ့အပြောကိုပါကျွန်တော် အောင်ထက်ကြီး စွဲလန်းရပြန်ပါပြီဗျာ..
ဒါနဲ့ပဲ..တပည့်စာကြည့်တိုက်မှူးကို..ခင်ခင်ထူး..စာမှန်သမျှ စုခိုင်းပြီး..မနေမနားဖတ်ဖြစ်ပါတော့တယ်..။
ကျွန်တော်ညွှန်းချင်တာလေးက..သူ့ရဲ့..” ၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်..” ၀တ္ထုစာအုပ်လေးပါ..
ရသစာပေဆိုတာဘာလဲ..သိချင်တဲ့..ကလေးတွေ ဖတ်ပေးကြပါ..။
ဖတ်ပြီးရင်..ရသစာပေဆိုတာ ဒါပဲဆိုတာ သိသွားပါလိမ့်မယ်..။
လူတွေဟာ..ဘယ်သူမှ မငိုချင်ကြပါဘူးဗျာ..
ဒါပေမဲ့..တစ်ခါတစ်ရံ မျက်ရည်ဝဲရတာကို ကြိုက်ပါတယ်..
ကျွန်တော်က..စာဖတ်သက်အတော်အတန်ရှိပါတယ်..တော်ရုံဝတ္ထု မတိုးပါဘူးဗျာ..
ခင်ခင်ထူးရဲ့ ” ၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်..” ကတော့
ဒီဖက်ခေတ်..ရသမှာ..ကျွန်တော်ကို အတော်ထိခိုက်စေခဲ့ပါတယ်..
ဝတ္ထုတို..လတ်..ရှည်..အရေးကျင့်ချင်သူတွေလဲဖတ်သင့်ပါတယ်..
ဝတ္ထုတိုသဘောတရားကိုလဲ သိနိုင်လောက်ပါတယ်..
ဝတ္ထုဆိုတာ..စိတ်ကူးယဉ်ဖြစ်ကောင်းဖြစ်ပါမယ်..ဒါပေမဲ့..ဖတ်ရင်းနဲ့ကို..
ကိုယ်ပါ စီးဝင်နစ်မြောစေရပါ့မယ်..။
ဇာတ်လမ်းလေးက သိပ်အဆန်းတကြယ်မဟုတ်ပါဘူး..
အညာကျေးလက်.ဧရာဝတီနဲ့ ချင်းတွင်မြစ်နှစ်သွယ်ကြားက ဖြုံဖူး ရွာသူလေး..ခင်နှောင်းနဲ့..
ထန်းတော ရွာသား..ကိုကျီးညိုတို့ရဲ့ မေတ္တာဘွဲ့လေးပါ..
သူတို့နှစ်ဦးသား..နှစ်စဉ်သွားနေကျ..ရေကူနီ ပခန်းကိုကြီးကျော် နတ်ပွဲအသွား လမ်းမှာဆုံခဲ့ကြတာပါ..
ခင်နှောင်း တို့လူသိုက်က ရွာကနေ နံနက်စောစော လှည်း ဆယ့်ငါးစီးလောက်နဲ့ ထွက်ခဲ့ကြပါတယ်။
လမ်းခရီးတစ်ဝက်မှာ အဆင်းနက်သလောက် အတက်မတ်စောက်လှတဲ့ မိုးကွဲချောက်ကို အကူးအဖြတ်မှာ
ခင်နှောင်းတို့လှည်းရဲ့..နွားတစ်ကောင်ခြေခေါက်လဲပါတယ်..အခက်တွေ့နေတဲ့ ခင်နှောင်းတို့
မောင်နှမနှစ်ယောက်ကို ထန်းတော ရွာသား ကိုကျီးညို ကကူညီခဲ့ရင်း..တွေ့ခဲ့ကြပါတယ်..
နောက်..ကိုကြီးကျော်နတ်ပွဲမှာထုံးစံတိုင်း ပန်းတော်ဆက်..ကြက်လောင်းကြေးဆက်ဖို့..ခင်နှောင်းတို့
ပွဲခင်းထဲတိုးဝင်ကြ..နတ်ပွဲလာပရိသတ်က..တိုးမပေါက်တော့..
ခင်နှောင်း..အဖေါ်တွေနဲ့တစ်ကွဲတစ်ပြားစီဖြစ်ဒုက္ခရောက်နေချိန်..ကိုကျီးညိုနဲ့တွေ့လို့
နတ်ပန်းတော်ဆက်နိုင်ခဲ့ရပါတယ်..ပိုမိုရင်နှီးမှုရခဲ့ကြပါတယ်..။
နောက်တော့..ခင်နှောင်းအစ်ကို..နွားကောင်းကြိုက်တဲ့ လူခွစာကိုချစ်ခင်နဲ့ ကိုကျီးညိုတို့
ရင်းနှီးသွားကြပါတယ်..
အဲဒီည..ပွဲခင်းထဲမှာ..ခင်နှောင်းအစ်ကိုကိုချစ်ခင်လူရိုက်ခံရပါတယ်..
ကိုကျီးညိုက..အကူညီပေးလို့..ရေစကြို ဆေးရုံကိုပို့ပေးရပါတယ်..။
ကိုချစ်ခင် ဆေးရုံကဆင်းတော့ ပဲသိမ်း အလုပ်တွေကလှိုင်တဲ့အချိန်မို့ကိုကျီးညို ထန်းတောရွာကိုမပြန်နိုင်ပဲ..
ခင်နှောင်းတို့အိမ်မှာ..သောင်တင်လို့ ပဲသိမ်းနှမ်းသိမ်းပေးလို့နေရပါတော့တယ်..
နောက်နှစ်မှာ. အတော်တန်ပြည့်စုံတဲ့ ခင်နှောင်းတို့အိမ်မှာ..ကိုကျီးညို စာရင်းငှားဝင်လုပ်ပါတယ်..
တစ်ယောက်နဲ့တစ်ယောက်..မေတ္တာရှိနေကြပါလျက်..စာရင်းဒိုင်သမီးနဲ့ စာရင်းငှားမို့
သိုသိုသိပ်သိပ်လေးပဲ ရင်ထဲမှာသိမ်းထားခဲ့ကြတာပါ။
အလုပ်အကိုင်လက်ကြောတင်းတဲ့ ကိုကျီးညိုကို ခင်နှောင်းအမေ က တူမ၀မ်းကွဲ မိစန်းနဲ့
နေရာချထားဖို့အလောသုံးဆယ်စီစဉ်ပါတော့တယ်..
အမေနဲ့ အဒေါ် ဒီအကြောင်းတိုင်ပင်နေတာကို ကြားလိုက်ရတဲ့ ခင်နှောင်းတစ်ယောက်
ကိုကျီးညို အလုပ်နေတဲ့ ယာခင်းထဲကို လိုက်သွားပါတယ်..
ရင်ထဲမှာ.. သိမ်းဆည်းထားရတဲ့ သူတို့နှစ်ဦးသား မေတ္တာ အဖူးအငုံလေးတွေ ပွင့်အံသွားကြပါတော့တယ်..။
(အဲဒီနေရာလေး..ခင်ခင်ထူး..အရေးကောင်းလွန်းလှပါတယ်)
နောက်တော့..အဒေါ်ဖြစ်သူ (မိစန်းအမေ) က ခင်နျောင်းနဲ့ ကိုကျီးညိုတို့အဖြစ်ကိုရိပ်မိပါတယ်..
မိခင်ဖြစ်သူက..ဥစ္စာဓန အားနည်းတဲ့ ကိုကျီးညိုနဲ့..သမီးခင်နှောင်းကို သဘောမတူနိုင်ခဲ့ပါဘူး..
ကိုကြီးကျော်..နတ်ပွဲချိန်လည်းနီးလာပါပြီ..
နောက်တော့ ခင်နှောင်းအမေက သားအမိနှစ်ယောက် ရန်ကုန်ကို ဘုရားဖူး အကြောင်းပြပြီး
အလည်ဖို့ စီစဉ်ပါတယ်..
ရန်ကုန်မသွားခင်ညမှာ..ခင်နှောင်းနဲ့ ကိုကျီးညိုတို့ ခဏလေး ချိန်းလို့တွေ့ဖြစ်ခဲ့ပါတယ်..
ခင်နှောင်းက..ပခန်းကိုကြီးကျော် နတ်ပွဲမှာ ၀တ်ဖို့ အ၀တ်စားဝယ်ဖို့..
ကိုကျီးညိုကို ငွေလေး တစ်ထောင်ငါးရာ ပေးရင်း
မျက်ရည်လည်ရွဲ ခွဲခွာခဲ့ကြရပါတယ်..။
(အဲဒီနေရာလေးလည်း အရမ်းကောင်းလွန်းပါတယ်.)
ရန်ကုန်ရောက်တော့..ခင်နှောင်းကိုထားခဲ့ပြီး အမေဖြစ်သူက ရွာပြန်ခဲ့ပါတယ်..
ခင်နှောင်းတစ်ယောက်ရွာနဲ့ အဆက်သွယ် ပြတ်နေရပါတယ်..
ပခန်းကိုကြီးကျော် နတ်ပွဲနီးမှ..ခင်နှောင်း ရွာပြန်ခွင့်ရပါတယ်..
ဒါပေမဲ့..ကိုကျီးညိုတစ်ယောက်ကတော့..သူအပြန်ကို ကြိုမနေနိုင်ခဲ့တော့ပါ..
(မင်ဘာများခင်ဗျား…ဒီနေရာလေးမှာတင် ဖြတ်ထားပါရစေ..မိမိဖာသာရှာဖတ်ရင်း အရသာခံနိုင်အောင်ပါ)
စာအုပ်အပေါ် ဝေဖန်ချက်…
၁။ ဆရာမ ခင်ခင်ထူးရဲ့ တောင်ငူစာပေဟောပြောပွဲကို နားထောင်ဘူးခဲ့ရင်..
အဲဒီဟောပြောပွဲမှာ..သူရဲ့ အညာလေ..အညာအငွေ့အသက်ကို တွေ့မိပါလိမ့်မယ်..
ခင်ခင်ထူးရဲ့အရေးအသားကလည်း..ဟောပြောပွဲပုံစံအတိုင်းပါပဲ..
၂။ ဇာတ်ရဲ့ အဆုံးသတ်ကတော့
Happy Ending..တော့မဟုတ်ပါ။
၃။ ကျွန်တော်ကတော့ ကြိုက်ပါတယ်ဗျာ..ဇာတ်သိမ်းခန်းလေးက..လွမ်းစရာပါ..
ရင်ထဲမှာကိုလှိုက်လှိုက်တက်လာပါတယ်..
စာအုပ်လဲ ဆုံးရော..ဘယ်သူ့ကို မကြေနပ်မှန်းမသိတဲ့ ခံစားချက်ကြီးဖြစ်ကျန်ခဲ့ပါတယ်..
၎။ ရသ စာပေဆိုတာ ဘာလဲလို့သိချင်ရင်..ခင်ခင်ထူးရဲ့ “ ၀တ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြို ”
ကိုသာဖတ်လိုက်ပါခင်ဗျာ..