လက်ရှိမြန်မာနိုင်ငံသည် ကိုလိုနီလက်ချဲ့ မခံရသော်လည်း နယ်ပယ်နယ်ချဲ့ခြင်းနေရသည်ဟု နလိမ်ဗိန်တုံး ထင်မိချေသည်တမုံ့။ ယဉ်ကျေးမှုတွင် ကိုရီးယားကနယ်ချဲ့၏ ပညာရေးတွင် အနောက်တိုင်းက နယ်ချဲ့၏ စီးပွားရေးတွင် ကိုတရုတ်တို့က နယ်ချဲ့၏ နတုံး သူငယ်ချင်းတစ်ယောက်ကပြောဖူးသည်။ သူက Tourist Guide တစ်ယောက်ဖြစ်ပေ၏။ နိုင်ငံခြားသားတစ်ယောက်က မြန်မာ ရုပ်သံလိုင်းတွေကြည့်ချင်တယ်ဆိုလို့ ဖမ်းပြလိုက်သည်။ ဖြစ်ချင်တော့ ည 7း00 နာရီဖြစ်နေ၏ မြ၀တီ ကြည့်တော့ ကိုရီးယားကား ၊မြန်မာသံပြောင်းတော့ ကိုရီးယားကား ၊ MRTV4 ရှိုးလိုက်တော့ ကိုရီးယားကား ဖော်ရီန်းနာကြီးက မှတ်ချက်ချသတဲ့.........ကိုရီးယားအသံလို့ ပြောင်းလိုက်ယင် ပိုကောင်းမယ်တဲံ့ခင်ည ... ဟုတ်ကဲ့
----------------------------
သူငယ်ချင်းတစ်ယောက်၏ ပြောစကားကလည်း မှတ်ဖွယ်တိ... ငါတို့မှာကုန်ကြမ်းတွေရှိတယ် သူတို့ကနည်းပညာရှိတော့ ငါတို့ထက်သာတယ်..ဒီတော့ ငါတို့က နည်းပညာတွေတတ်အောင် လုပ်ရမယ် မှန်လိုက်တာ ငါ့ကောင်ရယ် ...နည်းပညာတွေတတ်ယင် မင်းဘာလုပ်မလဲမေးတော့ ..မှတ်သားလောက်တယ်သူဖြေတာက နိုင်ငံခြားထွက်အလုပ်လုပ်မယ် ကွာ တဲ့......ဟုတ်ကဲ့ သူပြောလဲပြောစရာပ..... မြန်မာပညာတတ်များများက ပြည်ပထွက်လုပ်ကြသည်...မြန်မာများခေတော့မခေလှ ကမ္ဘာကျော် Apple ကုမ္ပဏီ မှာ မြန်မာ Dovoloper ငါးယောက်ရှိချေ၏....HTC ရဲ့ CEO က မြန်မာနွယ်ဖွားဖြစ်ချေ၏ အမည်မဖော်လို နာမည်ကျော် .... နာမည်ကြီး Hacker Group မှာ မြန်မာ hacker လေးယောက်ပါသတဲ့..ဟုတ်ကဲ့
.......................
အိမ်ဘေးက ဦးလေးကြီးက မှတ်ချက်ချသည် မြန်မာ နေရှင်နယ်လိဂ် ကြည့်ရတာ premier league နဲ့ တစ်ခြားစီပဲကွာတဲ့ .ဟုတ်ကဲ့ အချုပ်တန်းဆရာဖေကဗျာ သွားအမှတ်ရသည်...........မှီငြမ်းထောက်အသစ်မှီတယ် ညစ်ပလီလူမျိုး တဲ့...အဟိ ..........................
မြန်မာနိုင်ငံရဲ့ အကယ်ဒမီရ နာမည်ကြီးဇာတ်ကားတစ်ကား ဂျပန်နိုင်ငံမှာသွားပြတော့ ဇာတ်ကားထဲမှာသုံးထားတဲံ့ ဇာတ်ဝင်သီချင်းက သူတို့ဆီက သီချင်း ကော်ပီဖြစ်နေလို့ ... မနည်းတောင်းပန်ပြီး...နစ်နာကြေးပေးပြီး ပြန်လာခဲ့ရသတဲ့...မယုံယင် ပုံပြင်မှတ်..အဟိ ..............
2010ျကမ္ဘာ့ဖလားသီချင်း Waka Waka သီချင်းကို နာမည်ကြီးအဆိုတော်မကြီးနဲ့ အခြားတစ်ယောက် မူပိုင်လုကြသတဲ့...ရှက်ကီယာ ကြား ယင် အဘားဘား လို့အော်လေမလားမသိ..အဟိ
.................. ဂျီလတ်ရဲ့ ခဏတာ သီချင်းကို ဂျပန်က၀ယ်သွားတာနဲ့ သင်္ကြန်မိုးကားကို သြစတေးလျ က ၀ယ်သွားတာ ကြားရတော့ ...တို့ဆီက ကော်ပီသမားအတွက် ဂုဏ်ယူမိချေ၏..အဟိ
...................... တစ်ကမ္ဘာလုံး အစ်နေ့မှာ ရုံးပိတ်ကြ၏ ခရစ်စမတ်နေ့မှာ ရုံးပိတ်ကြ၏ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ဗုဒ္ဓ နေ့အဖြစ် တစ်ကမ္ဘာလုံးဆိုင်ရာ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးယင် ကောင်း၏ ဟု တွေးမိစဉ် နလိန်ဗိန်တုံး ပါစင်ဂျာ လာသဖြင့် ဆိုက္ကားနင်းထွက်ခဲ့ရပါကြောင်း...