Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တစ်ခုခုတော့အမြန်ဆုံးလုပ်သင့်ပါပြီ..

$
0
0

ကျွန်တော်ရဲ့အရင်တစ်ပတ်ပို့လေးမှာ..(ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်)

ဆိုပြီးရေးခဲ့ပါတယ်..

ခုရက်မှာနောက်ထပ်မုန်တိုင်းတစ်ခုပေါ်ပေါက်လာရပြန်ပါတယ်

ရခိုင်မှာ ဆူပူအကြမ်းဖက်မှုတွေထပ်မံဖြစ်ပွားလာပြန်တာပါ..။

လူမျိုးရေးနဲ့ဘာသာရေးဟာ..အထိမခံတဲ့..အကဲဆတ်တဲ့ကိစ္စဖြစ်ပါတယ်

နိုင်ငံတော်အစိုးရက..အချိန်မီနိုင်နိုင်နင်းနင်းမကိုင်တွယ်ရင်

ပြည်တွင်းစစ်အသစ်တစ်ခုတောင်ပေါ်ပေါက်လာနိုင်တာပါ..

 

ကြာရင်..ရခိုင်များဖက်က စိတ်မရှည်တာအစိုးရပေါ်အယုံအကြည်အားနည်းတာတွေကြောင့်

ကချင်လို..ကရင်လိုအခြေနေမျိုးတွေဖြစ်လာနိုင်ပါတယ်..

ရခိုင်ပြည်နယ်ရဲ့..အိမ်ရှင်နဲ့ဧည့်သည်ပြဿနာဟာ..ငြိမ်သက်ရာကနေ

ဒီလ ၂၁ရက်နေ့ကစလို့..ပြန်လည်မီးတောက်လာပြန်ပါပြီ..

ရခိုင်ပြည်နယ်ခြောက်မြို့နယ်ကိုပြန့်နှံ့လာတာဟာ..ကြောက်စရာပါဗျာ.။

 

ယခုရက်အတွင်းကျင်ပနေတဲ့ ပြည်သူ့လွှတ်တော်မှာလည်း..

ဒီအရေးကိုရှေ့တန်းမှာတင်ထားတာမတွေ့ရပါ

ဒီရက်လေးမှာမှ..နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာတာ

NLD ကထုတ်ပြန်ကြေညာတာ..၈၈မျိုးဆက်ကထုတ်ပြန်ကြေညာတာ

ကုလသမဂ္ဂက..စိုးရိမ်ကြောင်းထုတ်ပြန်ကြေညာတာတွေတွေ့လာရပါတယ်..။

 

ရခိုင်ကိုဧည့်သည်များရောက်ရှိလာတဲ့သမိုင်းကြောင်းကို..နောင်အခါခွင့်သင့်ရင်

သမိုင်းကြောင်းနဲ့ချီလို့တင်ပြပေးပါ့မယ်..

ခုလောလောဆယ်ရင့်နင့်ဖွယ်အဖြစ်ပျက်တွေပေါ်သုံးသပ်ကြည့်တဲ့ခါ..

တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ပြည်နယ်အစိုးရကနိုင်နိုင်နင်းနင်း

ဆောင်ရွက်မပေးနိုင်တာပါ..

နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူအဆိုအရ..တပ်အင်အားတစ်သိန်းလောက်လိုအပ်ပါသတဲ့

လိုအပ်ရင်ချထားပေးရမှာပါ..

ကြာရင်..ရခိုင်ပြည်နယ်က..ဗဟိုအစိုးရကိုရော..ပြည်နယ်အစိုးရကိုပါစိတ်ကုန်လာမှာပါ

ဒါကလည်းသဘာဝကျလှပါတယ်..

သူတို့ရဲ့လုံခြုံရေးကိုအာမခံမပေးနိုင်တဲ့အစိုးရကို..ဘယ်ပြည်သူကအားကိုးချင်မှာလဲဗျာ ။

 

ဧည့်သည်များကအိမ်ရှင်ကိုမောင်းထုတ်ခံနေရတဲ့အဖြစ်ပျက်တွေမှာ

နောက်ကွယ်က..ဘာသာရေးအစွန်းရောက်များ..စစ်သွေးကြွများအမှန်တကယ်ရှိနေမှာပါ

လက်နက်တွေဘာတွေ..စုဆောင်းမထားဘူးလို့ဘယ်သူအာမခံနိုင်မှာလဲ

ဒါတွေကိုထိထိရောက်ရောက်ဖေါ်ထုတ်ရှင်းလင်းနိုင်မှုမရှိရင်..

ရခိုင်အရေးဟာဆက်လက်ဖြစ်ပေါ်နေအုန်းမှာပါ..

နှစ်ဖက်သွေးမြေကျ..ကမ္ဘာမကြေသောမုန်းတီးမှုရှိနေဦးမှာပါ ။

 

ဖြစ်နိုင်ခြေနည်းလမ်းသုံးရပ်သာရှိပါတယ်..

၁။ ဧည့်သည်များတောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်လိုမှု..နယ်မြေ..အခွင့်ရေးပေးမလား

၂။ ဧည့်သည်များကိုအပြီးအပိုင်နှင်ထုတ်မလား

၃။ ဧည့်သည်များနဲ့ ကိုးကွယ်မှုဘာသာတူ တတိယနိုင်ငံများကိုပို့ဆောင်မလား..

 

၁။ ဧည့်သည်များတောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်လိုမှုနဲ့နယ်မြေအခွင့်ရေးပေးမလား..ဆိုတာကတော့

မည်သည့်နည်းနဲ့မှဖြစ်နိုင်စရာမရှိတဲ့နည်းလမ်းပါ..(ရောက်နှင့်ပြီးတရုပ်..ဟိန္ဒူများ

မည်သူမျှ..ဒီအခွင့်အရေးမျိုးမတောင်းဆိုကြပါ..)

 

၂။ ဧည့်သည်များကိုအပြီးအပိုင်နှင်ထုတ်မလား..ဒါကလည်းနိုင်ငံတကာမျက်နှာစာမှာ

Image..မလှပရမဲ့အဖြစ်။ လူမျိုးတုန်းသတ်ဖြတ်မှုလို့စွပ်စွဲခံရဦးမှာပါ..။

 

၃။ ဧည့်သည်များနဲ့ ကိုးကွယ်မှုဘာသာတူ တတိယနိုင်ငံကိုပို့ဆောင်မလား..

ဒါကတော့ အကောင်းဆုံးနည်းလမ်းပါ..ငွေကြေးချမ်းသာတဲ့..ဒီအရေးမှာအသံကျယ်ကျယ်

ပြောဆိုနေတဲ့တိုင်းပြည်များက..ရခိုင်ကဧည့်သည်များကို ခေါ်ယူနေရာချထားပေးလိုက်ရင်

အကောင်းဆုံးပါပဲဗျာ..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>