ချစ်မိတ်ဆွေတစ်ယောက် ပျင်းတိုင်းစာတွေကိုအပိုင်းတွေခွဲပြီးရေးနေတော့စာဖတ်သူတွေလဲစိတ်ညစ်လောက်ရော့ပေါ့..ခုလဲစာတိုလေး
တစ်ပုဒ်ကိုဘလော့လုပ်ပြိးတင်လာပြန်ပြီဆိုပြီးချစ်မိတ်ဆွေကိုမေတ္တာများပို.နေကြမလားပဲ..ဟဲဟဲ
အမေ့ကျေးဇူးအပိုင်း(၃)
အမေတို.သားသမီးအပေါ်ထားသောမေတ္တာများကို အပိုင်း(၁-၂)တွင်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်..သို.သော်အချိုတွင်သကာလောင်းဆိုသလို
ထပ်ရေးချင်ပါသည်။မိခင်များထဲမှမိခင်တစ်ဥိးဖြစ်သည့်ကျွန်တော့်မေမေတွင်လည်းဆိုခဲ့ပြီးသောမေတ္တာမျိုးရှိသည်ကို မေမေ့ခြေထောက်မှာ
ရှိသောခွေးကိုက်ခံရသည့်အမာရွတ်တို.ကိုကြည့်ခြင်းအားဖြင့်သက်သေခံနေပါပေသည်။ငယ်စဉ်ခါကလေးဘ၀ကလမ်းသွားရင်းပြေးလွားပြီး
ဆော့ကစားခါသွားသောကျွန်တော့်ကိုမျက်စိနောက်၍ခွေးလိုက်ဆွဲရာကျွန်တော့်အတွက်ဝင်ရောက်ကာကွယ်ပေးခဲ့သည့်မေမေ၏ခြေထောက်
တွင်တစ်သက်တာမေ့ဖျောက်မရသည့် ဒဏ်ရာဒဏ်ချက်တွေရရှိခဲ့ပေသည်။သို.သော်လည်းဒဏ်ရာအမာရွတ်တို.ကိုမြင်တိုင်းငါ့သားလေးအဲ
ဒီတုန်းကဘာမှမဖြစ်ခဲ့ပါလားလို.တွေးပြီးမေမေကြည်နူးနေခဲ့သည့်မေမေ့ရုပ်သွင် မေမေအမူအယာ မေမေ့ဟန်ပန်တို.တွင် မေမေ့မေတ္တာနှင့်
မေမေ့ကျေးဇူးတို.ကပုံရိပ်ထင်စေခဲ့ပေသည်။
သို.ဖြစ်၍လည်း အမေတို.မေတ္တာသည်မိဘကျေးဇူးမေတ္တာသည် တောင်တန်းကိုလည်းချိုင့်ဝှမ်းဖြစ်စေ၏။ပင်လယ်ပြင်ကိုလည်းမြေ
ပြင်ဖြစ်စေ၏။ဆူးချုံနွယ်ရိုင်းများကိုလည်းပန်းခင်းလမ်းဖြစ်စေ၏ဟု(ဂေါ်ကီက)ဆိုခဲ့ပေသည်။ထို.ပြင်အေဗရာဟင်လင်ကွန်းကလဲကျွန်ုပ်၏
အောင်မြင်မှုနှင့်ကျွန်ုပ်သည်မိခင်ကြီး၏ကျေးဇူးပင်ဖြစ်သည်ဟုဆိုခဲ့ပေသည်။ လော့ဒ်လင်းဒေးကလည်းကမ္ဘာလောကကြီးကိုတစ်ဖက်အမေ့
ကိုတစ်ဖက်ချိန်ခွင်ထဲထည့်ချိန်ကြည့်ပါကအမေ့ဘက်မှ ဇောက်ထိုးသာနေလိမ့်မည်ဟုဆိုခဲ့ပါသည်။
သို.ကြောင့်လောကတွင်အခက်ခဲမှန်သမျှကျော်ဖြတ်၍အောင်မြင်မှုတို.ကိုပိုင်ဆိုင်နိုင်ခြင်းသည်ကိုယ်ပိုင်အစွမ်းအစပါသော်လည်း
အမေ့မေတ္တာအမေ့ကျေးဇူးတို့၏စွမ်းအားတန်ခိုးဂုဏ်သတ္တိကြောင့်ပင်ဖြစ်ပါပေ၏ဟုဆိုကြသည်မှာ လက်ခံရမည်သာဖြစ်ပါပေ၏။ထိုသို့
သောအမေ့မေတ္တာအနန္တကျေးဇူးတို.ကိုလူတိုင်းသည်အမြဲမပြတ်နှလုံသွင်းနိုင်ဖို့ရန်အလွန်ပင်အရေးကြီးလှပါပေသည်။ဗုဒ္ဓဘုရားရှင်သည်
မယ်တော်သန္တုဿီတနတ်သားအား အဘိဓမ္မာတရားဟောကြားကျေးဇူးဆပ်ခဲ့သလို အလောင်းတော်ဘ၀တွင်လည်း သုဝဏ္ဏသာမသည်
မျက်မမြင်မိဘနှစ်ပါးကို ကျွေးမွေးပြူစုခဲ့သလို ကေဒါရကျေးမင်းသည်လည်း မိဘနှစ်ပါးကိုကျွေးမွေး၍ ကျေးဇူးဆပ်ခဲ့ပေသည်။
နန္ဒိယမျောက်မင်းကလည်းမိခင်းကြီးအတွက်အသက်စွန့်၍ကျေးဇူးတုန့်ပြန်ခဲ့သည်မှာအမေ၏ကျေးဇူးတရားအလွန်ကြီးမာလှသော
ကြောင့်ပင်ဖြစ်ပေသည်။ထိုကဲ့သို.အမိကျေးဇူးတုံပြန်ပုံ ထာဝရရှင်သန်နေသောမိခင်တို.၏မေတ္တာကျေးဇူးတရားတို.သည်ကျွန်တော်တို.၏
နှလုံးသားတွင် အရိပ်လိုထင်နေစေအောင်ကြိုးစားရပေမည်။နှလုံးသားနှင့်ဖွဲစည်းတည်ဆောက်အပ်သောမိသားစုအဖွဲအစည်းတွင်ဖြူစင်
သန့်ရှင်းသော မေတ္တာတရားတို့လွမ်းခြုံပေးနိုင်စွမ်းသောအမေ့မေတ္တာအမေ့ကျေးဇူးတရားတို.သည်အမေ့၏ရင်ခုန်သံရပ်တန့်စေကာမူ
သားသ္မီိးတို.အတွက်ထာဝရရှင်သန်လှုပ်ရှားနေမည်မှာအမှန်ပင်ဖြစ်ပါတောာ့သည်။
သားသ္မီးတိုင်းမိဘကျေးဇူးဆပ်နိုင်ပါစေကြေင်းဆုမွန်တောင်းလျက် ချစ်မိတ်ဆွေနားပါအုံးမည်။
စာချစ်သူတို.မေတ္တာကို အစဉ်လေးစားခံယူလျက်.....ထူးထူး(ကျောက်ခဲလေး)