Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နတ်သမီးကျောက်ပြင်(၃)

$
0
0

အခန်းဆက်(၃)

တပို့တွဲလရဲ့အညာ ညနေခင်းသည်။ချမ်းစိမ့်စိမ့်ရှိလှသည်။အဖွားသည် ကျောင်းပိတ်ရက်မို့ထုံစံအတိုင်းမြေးတွေအလာကိုမျှော်နေသည်။စိတ်ထဲမှာလည်း

အတွေးတစ်ခုက ဝင်ရောက်လို့နေရာယူနေသည်။ထမင်းနဲ ဆွမ်းတော်ကပ် မြေးတွေနဲ ဘုရာပေါ်ကိုတက်ရမှာတွေးပြီး ပီတိဖြစ်နေသည်။

ကလင်း..ကလင်..ကလင်..စက်ဘီးဘယ်လ်တီးပြီ ကယာကရာဆင်းလို့ ခြံထဲကို လူတစ်ယောက်ပြေးဝင်လာတယ် "..အမေကြီးရေ ကယ်ပါအုံးအဖွားမှောင်ရီသန်းနေတော့ ဘယ်သူဘယ်ဝါမှန်းမသိ..."ဟဲ့ဘာဖြစ်လာလို့လည်း"  "အိမ်မှာ အမေ့သမီးနဲ ခလေးတွေ မျှစ်အဆိပ်တောက်လို့ မူးပြီး အံနေကြတယ်" အဖွားမှ  "ဟဲ့ဒါဆို ထန်းလျှာက်ခဲနဲ နှမ်းဖတ်ရောပြီး စားခိုင်းလိုက်လေ.."ထိုသူမှ "စားခိုင်းထားတယ် အမေ မသက်သာလို့..." "ဒါဆိုလည်းခဏစောင့် စိတ်မပူနဲ.." ဖွားဖွားကိုယ်တိုင် အိမ်ပေါ်ကဆင်းပြီး မန်းကြီးရွက်တဆုပ် ကိုယ်တိုင်ခူးပြီး ကျောက်ပြင်မှာကြိတ်တယ် "...ဒါလေကိုခွဲပြီးကျွေးလိုက် အမြန်သက်သာသွားလိမ့်မယ် ..သွားသွားမြန်မြန်" ကျေးဇူးတင်တဲ့မျက်ဝန်အစုံနဲ စက်ဘီးကိုစီးလို့ထွက်သွားတယ်။

"..အမေကြီး..အမေကြီး.." ဟဲဘယ်သူလည်းနောက်တစ်ယောက်"..သမီးဝင်းကြည်ပါ..ဦးလှသောင်းသမီးကြီးပါ..သမီးမူးနေလို့ဆေးလာတောင်းတာ။" ဟဲ့ မန်ကလာရွက်ကလေးဘာလေးချေပြီး ရူမှပေါ့ "" ရူတယ်အမေကြီး မသက်သာလို့ "  သမီးလက်ထဲက မန်ကလာရွက်မဟုတ်လား အမေကြီးကိုပေးဆိုပြီး " ကျောက်ပြင်ပေါ်မှာ လိမ့်ချေတယ် ပြီးတော့ ရူခိုင်းလိုက်တယ် ချက်ချင်ပဲ သက်သာတယ်ဆိုပြီ မန်ကလာရွက်ကလေးလက်မှာထဲ့လို့ လက်အုပ်ချီပြီးပြန်ထွက်သွားတယ်။

ညနေ ၈ နာရီလောက်မှာ တော့ ဖိုးဆန်းတို့ မောင်နှမလေးယောက်အပြင် ရွာထဲက ခလေးတွေပါ ဖွားဖွားအိမ်မှာ ဘုရားရှိခိုးဖို့ရောက်နေကြတယ်။ဖွားဖွား အပင်ပန်းခံရှာတယ်။မြေးအရင်တွေက ဘုရားရှိခိုးရနေပေမဲ့ မရသေးတဲ့ခလေးတွေပါလို့ တိုင်ပေးတယ်။ဘုရားရှိခိုးပြီးတာနဲ ဖွားဖွား အကြိမ်ကြိမ် ပြောပြခဲ့ဘူးတဲ့ နတ်သမီး ပုံပြင်တစ်ပုဒ် ပြောပြတယ်။သိပြီးသာဖြစ်ပေမဲ့လည်း ဖွားဖွားပြောတိုင်း။နားထောင်လို့ကောင်းလို့ လေးစားစွာနားထောင်တက်တာ အကျင့်ဖြစ်နေတာလည်းပါတာပေါ့။

ဖွားဖွားလက်ဟန်ခြေဟန်လေးတွေနဲ မျက်ဝန်းအပြောင်းလည်းက စ ပုံပြင်ကို စိတ်ဝင်စားစွာပြောပါသည်။နတ်ပြည်မှာ နတ်ပန်းတွေ နတ်သစ်သီးတွေနဲ့ ပြည့်နေပြီး အရမ်းသာယာတဲ့နတ်ဥယျဉ်ကြီးရှိတယ်။အဲဒီမှာ နတ်သမီးလေးတစ်ပါပေါ့။သူကအခြွေရံနတ်သမီးလေးတဲ့ အခြွေရံဆိုတော့ သူထံဆောင်ရတဲ့တာဝန်ကို ကျေပွန်စွာ နေ့စဉ်ထမ်းဆောင်ပြီး ပျော်ရွင်စွာနေတာပေါ့။အဲဒီနေ့တစ်နေ့ နတ်သစ်ပင်ကြီးပေါ်မှာ သူတို့ဘု၇င်မ နတ်သမီးလေးအတွက် နတ်သစ်သီးတွေခူးနေတဲ့အချိန် နတ်သက်ကြွေပြီး လူ့ပြည်တောင်ခြေရွာတရွာမှာ မဆင်းမရဲ မိသားစုထံမှာ သမီးလေးအဖြစ်မွေးဖွားလာတယ်တဲ့။သံဃာတော် အရှင်သူမြတ်တွေမြင်တာနဲ အဲဒီ သမီးလေးက အရွယ်နဲမလိုက်အောင်ရှိခိုးတာတဲ့။လက်အုပ်လေးချီပြီ တင်ပလွဲလေးထိုင်ပြီး လူကြီးလေးကြနေတာပဲတဲ့။ ဝတ်ပြုတာလေးကြည့်ပြီါး်တွေ့သူတိုင်းက သာဓုခေါ်ကြတယ်တဲ့။တောင်ခြေရွာလေဖြစ်တဲ့အတိုင်း တောင်ပေါ်မှာတော့ တော၇ဆရာတော်တစ်ပါး သတင်းသုံးနေတယ်။ခလေးမကအရွယ်ရောက်လို့ ရေအိုးရွက်နိုင်တယ်ဆိုတာနဲ တောင်ပေါ်က သီတင်းသုံးနေတဲ့ဆရာတော်ဆီကို နေ့စဉ်ရေလှူသတဲ့။အဲဒီလိုလှူတာနေ့တိုင်းပဲတဲ့၊ ဆွမ်းချက်လှူတဲ့အခါမျိုးမှာဆို ဆွမ်းချိုင့်လေးလက်ကဆွဲ ရေအိုးကိုတော့ရွက်မြဲပဲတဲ့။အဲဒီလိုလှူလာတာ အိမ်ထောင်တွေကျ ခလေးတွေရသိတိုင်အောင်ပဲတဲ့။သူကိုတိုင်ရေကိုရွက်လို့လှူရမှစိတ်ချမ်းသာတာတဲ့။နောက်ဆုံးအိုနာသေဘေးလျောင်မရလို့ အိပ်ယာထက်လဲမှ သားသမီးတွေကိုလှူခိုင်းတော့တာတဲ့..သေကာနီး သူအမည်းလူတဲ့ ရေလှူခြင်းကို နှလုံးသွင်းပြီး သေဆုံးသွားတယ်တဲ့။

ခုနကရေလှူတဲ့နတ်သမီးက နတ်ပြည်ကို တဖန်ပြန်ရောက်ပြီး ။သူ့မှာ နတ်သမီးအခြွေရံတွေနဲ တင်တယ်ပြီး ပိုလို့အဆင့်မြင့်နေတာတွေ့တော့၊သစ်ပင်ပေါ်မှာ သစ်သီးခူးနေဆဲ သူငယ်ချင်းနတ်သမီးက ။နင်ခုနက ဘယ်ရောက်သွားတာလည်း အခုငါတို့ဘဝနဲ ကွာခြာလိုက်တာလို့မေးတော့။ငါဒီတရက် လူ့ပြည်မှာတစ်သက် ရေသွားပြီးလှူခဲ့တဲ့ အကျိုးကျေးဇူးပဲလို့ ပြောပြသတဲ့..."မြေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲ မြေးတို့ စိတ်ကောင်းစေတနာကောင်းနဲ ရေလှူတာပဲ ဘယ်လောက်အကျိုးကျေးဇူးများတယ်ဆိုတာ သိထားရမယ်နော်။

ဖွားဖွားအိမ်မှာ ဘုရားရှိခိုး ကုသိုလ်လဲရ ဝမ်းလည်းဝဆိုသလိုမို့ ပျော်ကြတယ်..ဖွားဖွားကပုံပြင်လည်းပြောပြတော့ အတိုင်းထက်အလွန်ပျော်ရွင်ပြီး ပြန်သွားကြတယ်။

ဆွမ်းတော်တင်သွားရာဖွားဖွား အပါဝင် တစ်ရွာလုံးသွားကြမှာမို့ အရမ်းပျော်နေကြတယ်။တပို့တွဲ့ထမင်းနဲထိုးပွဲပြီးတာနဲ မနက်ရောက်ရင်ရွာလုံးကျွတ် တရောက်မကျန် ဆွမ်းတော်တင် နှစ်စဉ်သွားကြသည်။ထမင်းနဲ စုံပြီးထိုးတဲ့သူရှိသလို၊ မထိုးနိုင်တဲ့ သူတွေကလည်း ကိုယ့်နီးကိုယ့်ဟန်နဲချက်ကြတယ်။ဆွမ်းတော်တင်ပြီးရင်တော့လဲလှယ်လို့ စားကြတာပေါ့။ငကြည်အဖေထိုးထားတဲ့ထမင်းနဲ မြင်တာနဲ စားချင်စိတ်တွေ တဖွားဖွား ဖြစ်မှာသေခြာတယ်။နမ်းကနိုင်းချင်း၊ မြေပဲဆံကိုဖော်ချင်းသော်ချင်း၊ပဲလွန်ပြုတ်လေးနဲရောပြီးထိုးထားတာ၊ဆီကစစ်သလားမ

မေးနဲ ဆုံဆီစစ်စစ်နဲမှာထိုးထားတာ အနော်တို့တောရွာမှကလေ။.ဖိုးဆန်းတစ်ယောက် ရွေပေါင်လောင်၊ရွှေမုတ်ဌောဘုရားနဲ ကျားစီးကိုတော် ၊မီးကျောင်စီးကိုတော်တို့ကိုဖူးရမှာတွေးလို့ ပျော်ရွင်စွာနဲ အိပ်ယာဝင်ခဲ့တယ်။

တပိုးတွဲလ မနက်ခင်း ..ဆွမ်းတော်တင် ဘုရားကိုသွားဖို့ပြင်ဆင်နေကြသည်။လှည်းနဲ သွားတဲ့သူများလည်းရှိလို့ နွားမောင်းသံများလည်းကြားနေရသည်။အိမ်ရှေ့မှာ ငကြည်အသံ "...ဒွေးခင်..ဒွေးခင်...အိမ်မှာဖွားဖွားရောက်နေပြီ၊အမေကပြီးရင်ထွက်ခဲ့တော့တဲ့... အေးအေးထွက်လာပြီပြောလိုက်.."အမေသိမ်းစရာတွေ

ကိုသိမ်းဆီးနေတယ်။ချမ်းစိမ့်နေ့တဲ့ မနက်ခင်မှာ ပြာတာနဲဝါတာကလည်း သနပ်ခါး အလုအရက်လိမ်းနေကြတယ်။အမေမှ..

"သားဖိုးဆန် မင်းညီမတွေနဲ ထမင်းနဲချိုင့်ဆွဲပြီ အမေသိန်းတို့အိမ် အရင်သွားကြ၊ အမေဆွမ်းအုပ်ပြင်ပြီလိုက်လာနေတယ်လို့ ပြောထားသိလားသား...ဟုတ် ဒါဆို သားချိုင့်ဆွဲပြီး ညီမလေးတွေနဲ သွားနှင်ပြီနော်..အမေ.."

ညီမငယ်ပြာတာမှ ကျနော်လက်ကိုဆွဲလို့ ..ကိုကိုချောင်းရေကူးရင် ညီမလေးကိုဂုန်းပိုးရမယ်နော်...အေးပါ..အေးပါ..

အမေသိန်းတို့အိမ်မှာ ဖွားဖွားကြီးလည်းရောက်လို့ လူတွေတောင်စုံနေပြီ၊သိပ်မကြာဘူး အမေဆွမ်းအုပ်ကိုလင်ပန်းထဲမှာ ထဲ့ပြီးရွက်လို့ရောက်လာတယ်။ဆွမ်းတော်တင်ရင်လိုအပ်မဲ့ သောက်တော်ခါက်တွေနဲ ဆွမ်းပုဂံလေးတွေ နေရာတကြ ဆွမ်းအုပ်ကို ဝိုက်ပြီးထဲ့ထားတယ်။

"အမေသိန်းမှ..မင်းတို့ ဖွားဖွားကိုတွဲပြီးရှေ့ကသွားနှင်ကြ..နောက်ကြနေပြီ.သူများတွေ အခုဆို ဘုရားကုန်းပေါ်တောင်ရောက်နေလောက်ကြပြီ..." "...ပြာတာနဲဝါတာမှ ဖွားဖွား ကြီးကို သမီးတို့တွဲမှာ..လာသွားမယ်ဖွားဖွားကြီးဆိုပြီး လက်ကိုအတင်းတွဲလို့ ဆွဲခေါ်တော့..ဖွားဖွားကြီး ပြုံးလို့.."အေးပါ့တော်အေးပါ့တော်ဆိုပြီး၊မြေးနှစ်ယောက်ကြားပါသွားတယ်။ငကြည်နဲ ကျနော်ကနောက်က အမေနဲ ဒွေးမိသိန်းတို့က ကျနော်တို့နောက်ကတန်စီလို့ထွက်ခဲ့ကြတယ်။

"....ဖွားဖွားကြီး..လမ်းလျောက်ရတာမောပြီးလား.." ဖွားဖွားကြီး အသက်ကြိးတော့ ချမ်းစိမ့်နေတဲ့မနက်ခင်းနှင်းတွေကြားမှာ ခြေထောက်တွေနာမှာ ကျနော်ဆိုးရိမ်မိသည်။

"..မမောပါဘူး ငါ့မြေးရယ်..ဘုရားသွားပြီးကုသိုလ်လုပ်တာပဲ.."ဖွားဖွားကြီးကြည့်ရတာတစ်ကယ်လည်းမော ပန်းဟန်မရှိပေ။သွက်လက်လို့လျှောက်နေသည်။ဒီလိုနဲ ဥယျာဉ်ခြံကြီး နားအရောက်မှာတော့...ခြံပိုင်ရှင်က မသိထင်...ခြံထဲဖြတ်လမ်းကသွားမှစိုးရိမ်လို့..စောစောစီစီ..."...ဘယ်လိုမိမဆုံးမ..ဖမဆုံးမတွေမှန်းမသိဘူး..ခြံထဲကဖြတ်သွားတာ

အေးအေးလူလူမသွားဘူး..ခုတော့လက်ကမျင်းပြီး ဟိုဟာဆွဲချ ..ဒီဟာဆွဲချနဲ..စည်ကမ်းကိုမရှိဘူ..ခလေးတွေဆိုပြီး.."ခြံထဲ ခြေမချရသေးတဲ ကျနောတို့ကို စောင်းပြီးပြောနေတယ်။သူ့ကြည့်ရတာ ရှေ့က ခလေးတွေ သူ့ခြံထဲက တစ်ခုခုကိုဖျက်ဆီးသွားလို့ .သူ့ခြံဖြတ်လမ်းမှာ မသွားစေလိုတဲ့ ပုံနဲပြောနေတယ်။ဖွားဖွားကတော့ တည်ငြိမ်စွာနဲ.."မြေးတို့ ဖြတ်လမ်းကမသွားနဲ ခြံကိုပါတ်ပြီး သွားကြမယ်..စားပင်သီးပင်တွေနဲ ငှက်ပျော်ပင်တွေ ပျက်စီးလိမ့်မယ်မဝင်နဲ့ သူများခြံထဲကို"

ဒီလိုနဲ ဥယျာဉ်ခြံကြီးကိုပါတ်မိတာနဲ ..ကျနော်တို့တက်မဲ့ ရွေပေါင်လောင်၊ရွှေမုတ်ဌေားဘုရာကြီးကို လှမ်းပြီးမြင်နေရတယ်။နေခြည်လည်းအရောင်သန်းနေပြီမို့..ဆွမ်းတော်တင်သွားနေတဲ့ ရွာပေါင်စုံက ရွာသူရွာသားများကို တန်စီလို့တွေ့နေ့ရတယ်။လင်ပန်များနဲ ဆွမ်းအုပ်များကိုနေရောင်ထိလို့ပြန်လာတဲ့ အလင်ပြန်များကလည်း တမျိုးကြည့်လို့ကောင်းတယ်။သွားလမ်းကမဖြောင့်တော့ ချောင်းစပ်ကြက်သွန်ခင်းတွေထဲမှာ တမျိုး။ချောင်းကိုကျော်လို့ကုန်းရိုးပေါ်ရောက်တော့..အကွေ့အပါတ်တောင်ပါတ်လမ်း ..လက်ပံပင်ကြီးတွေ ကွယ်လိုက်ပေါ်လိုက် ဆွမ်းအုပ်လင်ပန်းတွေရွက်ပြီး..တန်စီလို့လျှောက်နေကြတဲ့မြင်ကွင်းကိုကြည့်လို့  အဖွားပီတိတွေဖြစ်နေသည်။

နတ်သမီးကျောက်ပြင်(၄)သို့


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>