Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

=== အဘူးမခံချင်ရင် အဘူးမခံရအောင်နေပေါ့....===

$
0
0

တစ်နေ့ပေါ့.....

`` ဟဲ့.... ကောင်းလေးငါ့ကိုရေတစ်ခွပ်ပေးစမ်း ....´´

ကျွန်တော်ရဲ့အမလိုခင်သောအမ တစ်ရောက်ပါ မကြာမကြာနော်တို့အိမ်ကိုလာလည်တက်ပါတယ် မေမေနဲ့တော့အရမ်းရင်းနှီးတယ်..

`` ဟုတ်..ဟုတ်ကဲ့မမ မမကလဲဖြေးဖြေးပေါ့ဗျာ ခပ်ပေးပါမယ် ဟဲဟဲ ´´

ကျွန်တော်ကွန်ပျူတာကလိရင်းလှည့်မကြည့်ပဲပြောလိုက်ပါတယ်

`` ဟဲ့..ကောင်လေး နင်နော်ငါ့ကိုလှောင်သလို့မလုပ် တစ်လမ်းလုံးဒေါသထွက်လာတာ ငါ့

ဒေါသတွေ အကုန်လုံးနင့်အပေါ်ပုံကြသွာမယ် မြန်မြန်ခပ်ခဲ့...´´

နော်လဲနဲနဲတော့လန့်သွားတယ်ဗျ မမတကယ်ဒေါသထွက်နေတာပါလားဆိုပြီးလေ...

နော်ကိုမမကတစ်ခါမှအခုလိုမအော်ဖူးသေးဘူး ခုမှထူးထူးဆန်းဆန်းအော်ငေါက်တာ

မမလမ်းမှာတော်တော်ဒေါသထွက်လာပုံရတယ် နော်လှည့်ကြည့်လိုက်ပါတယ် ` ဟိုက် ´

နော် ချက်ခြင်းမျက်နှာလွှဲလိုက်ပါတယ် မမမှဟုတ်ပါလေစ မမကအရမ်းရိုးပါတယ်

ဆံပင်ရှည်တယ် အမြဲတမ်းအိမ်ချည်ထမိန်ဝတ်လေ့ရှိတယ် ရိုးရိုးလေးနေတက်တဲ့ မမ

အခုနော်ကြည့်လိုက်တော့ အရင်မမ မဟုတ်တော့ ဘယ်လိုဖြစ်သွားတာပါလိမ့်...

နော်ရေကိုမြန်မြန်သွားခပ်ပေးရင်း စဉ်းစားနေမိတာ...

`` မမဘယ်လိုဖြစ်လာလို့လဲမမရဲ့ နော်ကိုပြောပါအုံး...´´

`` ဟဲ့.. ဘယ်လိုဖြစ်ရမှာတုန်း လမ်းမှာလေ ယောက်ျားတွေပေါ့ ငါ့ကိုတစ်ခါထည်း

ကြည့်လိုက်ကျတာ လူကိုမျက်လှည်ပြတဲ့လူကြနေတာပဲ ကားပေါ်တက်တော့လဲအေး

အေးမနေရဘူး ဟိုလူကကြည့် ဒီလူကကြည့်အဆိုးဆုံးက ယောက်ျားလေးတွေပဲ ဒီကြားထဲ

အနားကပ်ပြီးရစ်ချင်တဲ့သူကပါသေးတယ် ရစ်ယုံလောက်ဆိုတော်သေးတယ် အခုတော့

မဟုတ်ဘူးဟဲ့ အနားလာပြီးမထိတထိ ပွတ်ချင်တဲ့သူကပါသေးတယ် ဒီကြားထဲ

ကားပေါ်ကဆင်းလာတော့ နင်တို့အိမ်နားရောက်ခါးနီးမှ တစ်ခါမှမဟောင်ဘူးတဲ့

ခွေးကပါ ငါ့ထဟောင်တယ် ငါစိတ်တော်တော်တိုလာတာ ဒီနေ့...တော်ပြီဟာမပြော

တော့ဘူး နင့်မေမေကောရှိလား ငါစကားသွားပြောအုံးမယ် ..´´´

`` ဟုတ်...ဟုတ်ကဲ့မမ´´အဲဒိမမကိုလှမ်းကြည့်လိုက်တယ်... ဟူးးးးးးးးးးးးးးးးးးး´´

`` မမ မမဘယ်သူမြှောက်ပေးလိုက်တယ်မသိဘူး ဒီနေ့မမ၀တ်လာတာကိုကြည့်အုံးလေ

အတွင်းခံကကြိုးမပါ အပေါ်အိမ်ချည်က ချိုင်းပျတ်လိုဟာမျိုး အပေါ်ဖုံးအိမ်ချည်က

တိုနံ့နံ့ လက်မောင်သားကအဖွေးသား ရင်သားက ပေါ်တစ်ဝက် အုပ်တစ်ဝက်

အောက်က ဘောင်းဘီက စကအကြပ်စား ဘယ်နေရာဘာရှိတယ်ဆိုတာကြော်ငြာ

နေသယောင်ယောင် ဒီလိုဝတ်စားထားတာကို ဘယ်ယောက်ျားသားက ခံနိုင်ရည်ရှိ

ပါမလဲ.......အင်းးးးးးး ခတ်တယ်...´´

နော်.. စဉ်းစားကြည့်မိတယ်........

မြန်မာအမျိုးသမီးတွေ ဟာကမ္ဘာမှာထင်းရှားခဲ့တာ အတိုအကြတ်အကွဲကြောင့်

ကိုယ့်ဟာကိုမမြင် မြင်အောင်ဝတ်ချင်းကြောင့် မဟုတ်ပါဘူး လုံလုံခြုံခြုံဝတ်စား

ဆင်ယဉ်မှု အရှက်အကြောက်ကြီးမားမှုကြောင့် ကမ္ဘာက မြန်မာအမျိုးသမီးတွေကို

စိတ်ဝင်စားခဲ့ကြတာပါ......

တကယ်တော့ မမြင်သင့်တာကိုမမြင်အောင် ထိမ်းသိမ်းထားခြင်းက ကိုယ့်ဟာကို

တန်းဖိုးထားရာရောက်ပါတယ် ကိုယ့်ဟာကိုတန်းဖိုးထားမှလဲ သူများကကိုယ့်ကို

တန်းဖိုးထားမှာပါ ကိုယ့်ဟာကိုဖြစ်ချင်သလိုဖြစ် ပြစ်ထားပြီးတော့ သူများကတန်ဖိုး

မထားတော့မှ တန်းဖိုးမထားရကောင်းလားဆိုပြီး သူများကိုအပြစ်ပြောချင်လို့မရပါဘူး ..

နော်တို့ကဗုဒ္ဒဘာသာမြန်မာလူမျိုးတွေပါ...

ဘုရားဟောတဲ့အထဲမှာ လောကပါလတရားဆိုတာရှိပါတယ် ဟီရိ နဲ့ သြတ္တပ္ဖ ဆိုတဲ့

တရားနှစ်ပါးပါ အဲဒါကဘာပြောလဲဆိုတော့ အရှက်ရယ် အကြောက်ရယ်ကိုပြောတာ

ပါ လောကမှာလူတွေဟာ အရှက်အကြောက်ဆိုတဲ့ တရားနှစ်ပါးမရှိတော့ဘူးဆိုရင်

လောကကြီးပျက်ဆီးတော့မယ်လို့ ဘုရားကမိန့်တော်မူခဲ့တာပါ..

လူတိုင်းလူတိုင်းအရှက်အကြောက်ဆိုတာရှိရပါမယ် အရှက်အကြောက်ကင်းမဲ့လာပြီ

ဆိုရင်တော့ မကြာတော့ပါဘူး အဲဒိလူဟာပျက်စီးတော့မှာပါ..

နော်ကစာဖက်ပါတယ် ပျင်းတိုင်းစာဖက်တယ် အလုပ်မရှိရင်စာဖက်တယ်

မှုခင်းဂျာနယ်တွေဖက်လိုက်ရင် အရင်ထက်မုဒိန်းမှုတွေပိုများလာပါတယ်

ယောက်ျားသားတွေဟာ ကိုယ့်စိတ်ကိုမထိမ်းနိုင်တာပါသလို့ မိန်းခလေးတွေကလဲ

ကိုယ့်ဟာကိုမထိမ်းသိမ်းတာလဲပါတယ် ဆိုတာမမေ့သင့်ပါဘူး...´´

နော်သူငယ်ချင်းတွေနဲ့စကားပြောဖြစ်ပါတယ် တစ်ခါကသူငယ်ချင်းတစ်ရောက်နဲ့

စကားပြောတော့ သူပြောတဲ့စကားလေးကမှတ်သားစရာပါ သူကနဲနဲရှုပ်တယ်

ရည်းစားတွေအများကြီးထားတယ် နော်နဲ့တွေ့တဲ့အချိန်မှာတော့ သူမိန်းခလေးတစ်

ရောက်ကြိုက်နေတဲ့အချိန်ပါ သူကြိုက်နေတဲ့မိန်းခလေးကလဲ အရမ်းကိုအေးပါတယ်

ရိုးရိုးအေးအေးလေးပါ ပညာတက်တစ်ရောက်ပေါ့ အ၀တ်အစားအနေအထိုင်အသွားအလာ

အားလုံးကြည့်ရတာကိုက ကြက်သရေရှိပါတယ်...

နော်ကသူကိုပြောပါတယ်.. `` မင်းကွာရှုပ်တာတွေရပ်ပါတော့ကွာ မကောင်းပါဘူး

အခုကြိုက်နေတာကကော မင်းခဏကြိုက်တာလားအပျော်လား ´´လို့နော်ကမေးကြည့်ပါတယ်

သူကပြောတယ်...`` ငါအရင်ကရှုပ်ခဲ့တာ ဟုတ်ပါတယ်တဲ့ အခုတော့သူနဲ့ငါချစ်သူဖြစ်

ပြီးကထဲကငါ မရှုပ်တော့ဘူးတဲ့ သူကိုပဲငါလပ်ထပ်မှာပါတဲ့ တသက်လုံးအတွက်သူကို

ငါချစ်ခဲ့တာပါတဲ့...´´

`` ဟဟဟ ဟုတ်လို့လာကွာ မင်းကလဲ ထူးထူးဆန်းဆန်း...´´ဆိုတော့

`` ငါ..တကယ်ပြောတာပါသူငယ်ချင်းရယ်တဲ့ ငါအရင်ကရှုပ်ခဲ့တာမှန်ပါတယ်ကွာ

အရင်ကငါရှုပ်ခဲ့တဲ့သူ တော်တော်များများက သူနဲ့မတူဘူးကွ အရင်ကငါကြိုက်ခဲ့တဲ့

မိန်းခလေးတွေက ခပ်ပြန်ပြန် လန်လန်တွေများတယ် များသောအားဖြင့် ငါ့ကိုလာရစ်

လို့ ငါကပြန်ရစ်ရင်း ကြိုက်သွားကျတာများတယ်ကွ သူကိုကြတော့အဲလိုဟုတ်ဘူးဟ

ငါက သူကိုတွေ့တော့အရမ်းစိတ်ဝင်းစားသွားတာ ငါသူနောက်ကိုအမြဲလိုက်တယ်

သူကလှည့်တောင်မကြည့်ဘူးကောင်ရေ စကားပြောရင်တောင်ပြန်မပြောဘူး

သူကိုရဘို့ငါနှစ်နဲ့ကြာအောင်လိုက်ခဲ့ရတာ သူကိုချစ်မိတဲ့အချိန်ကစပြီးငါလေ အခြားမိန်း

ခလေးတွေကို လုံးဝစိတ်မ၀င်စားတော့ဘူး ဘာလိုလဲဆိုတော့...

သူကအခြားမိန်းခလေးတွေနဲ့လုံးဝကိုမတူတာ တည်ကြည်တယ် အေးဆေးတယ်

မိန်းခလေးတစ်ရောက်မှာရှိသင့်တဲ့ အရည်အချင်းတွေသူမှာအားလုံးရှိတယ်.

အခြားမိန်းခလေးတွေကို စကားပြောခဲ့တုန်းက အေးအေးဆေးဆေးဘယ်လိုမှမခံစားရဘူး

သူနဲ့ကျတော့အဲ့လိုဟုတ်ဘူးဟ သူကိုစကားပြောဘို့ငါတော်တော်လေးကို ကျိုးစားရတယ်

သူနဲ့စကားပြောမယ်ကြံတိုင်း ခြွေးပြန်ပြန်လာတယ် သူရဲ့တည်ကြည့်မှုတွေကငါ့ကို

တုန်လှုပ်သွားစေတယ် ဒါကြောင့်သူနဲ့ချစ်သူဖြစ်သွားကထဲက ငါဘယ်သူကိုမှထပ်မရှုပ်

ရဲတော့ဘူး အခြားမိန်းခလေးတွေနဲ့မတူတာရှိသေးတယ် သူကလေ

အရှက်အကြောက်လဲအရမ်းကြီးတယ်ကွ ဒါကြောင့်သူကိုငါတန်းဖိုးထားပြီး

ရွေးချယ်လိုက်တာပါတဲ့...´´

မမတို့ညီမတို့ရေ နော်ပြောချင်တာက သူများကိုချည်းအပြစ်မတင်ပါနဲ့ဗျာ

ကိုယ့်ဖာသာကောင်းအောင်နေကြပါ မိန်းခလေးတစ်ရောက်ရဲ့ဘ၀ဆိုတာ

မလွယ်ပါဘူး ဆူးပေါ်ဖက်ကျလဲဖက်ပေါက်တယ် ဖက်ပေါ်ဆူးကျလဲဖက်ပဲပေါက်တယ်

ဆိုတဲ့စကားပုံလိုပေါ့ဗျာ နော်ဆရာလုပ်တာဟုတ်ပါဘူးဗျာ....

နော်က မမတို့ညီမတို့ကိုကောင်းစေချင်တာပါ .....

`` မိန်းမတိုဘုန်းဆံထုံးတဲ့ ဆံထုံးတွေလဲပျောက်ကုန်ပါပြီ....

`` မိန်းမတို့က္ဋနြေ္ဒ ရွှေပေးလို့မရတဲ့ ဘယ်လိုပြောရမယ်မသိတော့ပါ....

ကိုယ့်ကိုယ်ကို လုံခြုံအောင်ထိမ်းသိမ်း ကိုယ့်က္ဋနြေ္ဒနဲ့ကိုယ်နေ မိန်းခလေးတစ်ရောက်မှာ

ရှိသင့်ရှိထိုက်တဲ့အရည်အချင်းသာရှိပါစေ ယောက်ျားကောင်းဆိုတာရှာစရာမလိုပါဘူး

ဒါကြောင့်....မမတို့ညီမတို့ ကိုယ့်ကိုယ်ကိုထိမ်းသိမ်းရင်း....

လုံခြုံသောခေတ်ရေစီးကြောင်းပေါ်မှာလျှောက်လှမ်း ကိုယ့်ဘ၀တစ်ခုလုံးကို

တသက်လုံးစောင့်ရှောက်ပေးမဲ့ယောက်ျားကောင်းများနဲ့ လက်တွဲသွားနိုင်ပါစေလို့

ဆုတောင်းပေးခဲ့ပါတယ်....

မမတို့ညီမတို့ အဘူးမခံချင်ရင် အဘူးမခံရအောင်နေပေါ့လို့ ပြောရင်း........

နော်ရဲ့ အတွေးအချို့ကိုဒီမှာတင်ရပ်လိုက်ပါတယ်...

============================================

ကောင်းစေချင်သောကြောင့် နော်တွေး၍ ရေးလိုက်ပါသည်

မည်သူကိုမျှ မစော်ကားပါ

အားလုံးလွပ်လပ်စွာဝေဖန်နိုင်ပါသည်

ရေးတက်သောကြောင့် ရေးချင်းမဟုတ်ပါ ရေးချင်လွန်းသောကြောင့်သာ

ရေးလိုက်ပါသည် ကျွန်တော်ဘာမှမတက်ပါ...

********************************************************

`` သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ´´

                                           ခင်တက်တဲ့   လူကဲလေး :p


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>