တိတ်တခိုးရင်ခုန်
မျက်ဝန်းဆုံလည်း
သူသိသွားမှာစိုးရသည်
ရင်မှာသိုဝှက်
ချစ်ခဲ့ပြန်လည်း
သူသိသွားမှာစိုးရသည်
သူ့စကားသံ
နားမှာကြားလည်း
သကာရည်လိုချိုလှုသည်
သူ့မျက်ဝန်းက
စူးရှသော်လည်း
ညှို့ငင်ဆွဲအားကောင်းလှသည်
ချစ်နေခဲ့တာ
ရင်နင့်သော်လည်း
သူသိသွားမှာစိုးရသည်။