Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေဇီးကွက်နဲ့  လင်းဆွဲမည်း

$
0
0

 

ညဟာတိတ်ဆိတ်ငြိမ်သက်နေတယ်-

 

ကြည်စင်တဲ့ ကောင်းကင်ပြာကြီးမှာ  ကြယ်လေးတွေတလက်လက်တောက်ပနေတယ်-

 

မျက်စိကိုနားပေးဖို့ ကွန်ပြူတာေ၇ှ့ကခဏခွာပြီး အခန်းပြတင်းဝကနေ ကောင်းကင်ပြာကြီး

ကိုမော့ကြည့်မိတယ်-

 

တနေကုန်သွားလာနေပြီး ညဘက် အနားမယူသေးလို့ ခြေသလုံးသားတွေကတင်းတောင့်ပြီး

ဇက်ကြောတွေလေးလံ ထိုင်းမိုင်းနေတယ်-

 

မျက်စိတွေညောင်းညာကျိန်းစပ်နေပေမယ့်  အိပ်ချင်စိတ်ကလုံးဝမ၇ှိပါလား-

 

နာရီကြည့်မိတော့ ညဥ့် နှစ်နာ၇ီ----ရေးလက်စစာကမပြီးသေးဘူး-

 

အင်တာနက်ကောင်းတဲ့နိုင်ငံကိုခဏရောက်တုန်းလှလှပပ၊ထူးထူးဆန်းဆန်းပုံလေးတွေ

ပို့စ်တင်ပေးဖို့လဲဒေါင်းလော့တွေ ဆွဲရဦးမယ်။

 

အင်း ဒီညလဲ မိုးလင်းခါနီးမှ အိပ်ပြီး နှိုးစက်နဲ့ထပြီးအလုပ်သွားရဦးမှာပဲ--

 

ကျန်းမာရေးအတွက် မကောင်းမှန်းသိပေမယ့်  ညဘက် အိပ်စက်ဖို့ထက် ကိုယ်ဝါသနာပါရာ

စာပေအလုပ်လေးတွေ လုပ်ချင်နေတော့လဲ  ဒီလိုပဲ ဆက်လက်ကျင်လည်ရမှာပဲလေ-

 

အမကြီးမမိုးပြောခဲ့ သလို  တို့တွေက ညမှာပျော်တဲ့ ဇီးကွက်တွေတဲ့ --

 

ဒီလိုပြောတော့ ညကိုချစ်တဲ့မောင်လေးကပြောတယ်--

 

ကျွန်တော်လဲညကိုချစ်တယ်- အမတို့လို ဇီးကွက်ပဲတဲ့-

 

သူ့ကို ကြည်စယ်ချင်လို့  မင်းကဇီးကွက်မဟုတ်ဘူး--ညဘက်ထွက်တဲ့ လင်းဆွဲကြီးလေ--

လို့ပြောလိုက်တော့ ကျွန်တော်က ဇီးကွက်ပဲဖြစ်ချင်တာတဲ့လေ-

 

မောင်လေးရေ--ဇီးကွက်ရော လင်းဆွဲရောက ညဘက်ကျင်လည်ကျက်စားကြတဲ့ 

သတ္တ၀ါချင်းအတူတူပါပဲကွယ်-

 

ဒါပေမယ့် ဇီးကွက်လေးတွေကိုလူတွေက ချစ်ကြတယ်-လင်းဆွဲကြီးတွေကျတော့

ရွံမုန်းကြတယ်လေ-

 

အဲ--ဇီးကွက်လေးတွေကျတော့ အိမ်မှာထားရင်ကျက်သရေရှိတယ်၊လာဘ်ရွှင်တယ်ဆိုပြီး

ဘုရားစောင်းတန်းမှာတောင် တကူးတက ရောင်းပေးနေကြတာလေ။

 

ညမှာပျော်တဲ့ တိရစ္ဆာန်ချင်းအတူတူ တန်ဖိုးချင်းမတူဘူးကွယ့်--

 

တို့ လူသားတွေ လဲ ညပျော်တာခြင်းတူကြရဲ့လား--ပြန်ကြည့်ပါဦး-

 

ခု အမ  ပို့စ်တင်ဖို့ စာလေးတပုဒ် ရေးနေတဲ့အချိန်၊ မင်းက စာကောင်းပေမွန်လေးတွေကို အားလုံးဖတ်နိုင်ဖို

့စီစစ်တင်ပေးနေတဲ့အချိန် မှာ  တို့နဲ့မသက်ဆိုင် မအပ်စပ်တဲ့ နေရာတွေမှာလဲ ညဘက်မအိပ်ဘဲ

ကျင်လည် လှုပ်ရှားနေသူတွေ အများကြီးပါပဲ-

 

သူတို့တွေက လေ တို့တွေလို အိပ်ေ၇းပျက်ထားတဲ့ မျက်ကွင်းညိုကြီနဲ့  အိမ်နေရင်း

အင်္ကျီအစုတ်နဲ့  အချိန်မရလို့ဘာမှ မလိမ်းခြယ်ဘဲ မျက်နှာပြောင်နဲ့ အညောင်းခြံ့ပီး ကွန်ပြူတာ

ရှေ့မှာ ထိုင်နေတာမဟုတ်ဘူးကွယ့်-

 

ရင်ခုန် ပျော်ရွှင်စရာကောင်းတဲခံစားမှုတွေနဲ့ ၊ ဆူညံတဲ့ တေးဂီတသံတွေကြားမှာ

မွှေးကြိုင်လှပ မြူးကြွ လန်းဆန်းနေလိုက်ကြတာ-

 

သူတို့ ပျော်နေကြတယ်မောင်လေး--

 

သူတို့ဟာ မီးရောင်ကို ရွှေတောင်မှတ်နေကြတယ်-

 

သူတို့ဟာတဒင်္ဂသာယာမှုလေးအတွက် မောဟအမှောင်ထုထဲကိုတိုးဝင်နေကြတယ်။

 

အမ တခါတလေ အလုပ်ကိစ္စနဲ့ တော်တော်လေးညဥ့်နက်မှနောက်ကျပြီး

ပြန်လာဖူးတယ်မောင်လေး-

 

အဲဒီအချိန် အမဖယ်ရီစီးလာတဲ့ လမ်းတလျွှောက်မှာ တွေ့ရတာကလဲညပျော်သူတွေပါပဲ--

 

တေးဂီတသံတွေနဲ့ ဆူညံစည်ကားနေတဲ့ KTV ဆိုင်တွေ၊မူးရူးပျော်ပါး   လူစိတ်ပျောက်နေတဲ့

သူတွေရှိတဲ စည်ဘီယာဆိုင်တွေ---

 

အနောက်တိုင်းသံစဉ်တေးသွားတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်ပွတ်သီးပွတ်သပ်

ဖက်ရမ်းနမ်းရှုပ်ရင်းက နေကြတဲ့  နိုက်ကလပ်တွေ။

 

လမ်းမပေါ်မှာမြှူဆွယ် ဖိတ်ခေါ်လမ်းသလားနေသူတွေ။

 

စတိတ်စင်ကြီးတွေနဲ့  ခမ်းခမ်းနားနား သီဆိုကခုန်နေကြတဲ့ စားသောက်ဆိုင်တွေ -

 

မာဆတ်လို့ခေါ်တဲ့  အနှိပ်ခန်းတွေ--

 

ဒီနေရာတွေမှာ လူတွေညဘက်လာပျော်ကြတယ်--ငွေကိုရေလိုလာသုံးကြတယ်လေ-

 

လှချင်ပချင်ပြီး အိမ်ကကောင်းကောင်းမဆင်နိုင်တဲ့ ကောင်မလေးတွေ၊ မိသားစု

တပြုံတမကြီးအတွက် အိမ်စရိတ်လောက်ငအောင် တစ်ယောက်တည်းရှာချင်တဲ့

ကောင်မလေးတွေ ၊စိတ်အလိုလိုက်ြ့ပီးသာယာအပျော်ရှာကြတဲ့

့ကောင်မလေးတွေကို ဒီဆိုင်တွေကကြိုဆိုနေတယ်လေ။

 

ဒီဆိုင်တွေမှာ သူတို့လိုအပ်ချက်တွေကိုဖြည့်ပေးမယ့် ငွေကို ရေလိုသုံးနိုင်တဲ့  အန်ကယ်

ကြီးတွေ၊ စားနေကျကြောင်ဖားကြီးတွေ လာကြတယ်။

 

ဒီလို နေရာတွေမှာ ပန်းပွင့်လေးတွေ ဘယ်လောက်တောင်ညွမ်းကြွေခဲ့ပြီလဲ။

 

ကုမရတဲ့ ကြောက်စရာရောဂါဆိုးကြီးကို ဘယ်နှစ်ယောက်လောက်များ လက်ကမ်း

သယ်ပြီး လူအများကိုဖြန့် ဖြူးပေးနေသလဲ--

 

ညဘက်ပျေိာ၇ွှငိသာယာမှုအတွကိ မိသားစုကိုမထောက်ထားဘဲ ဖောက်ပြန်အကျင့်ပျက်

သူတွေကြောင့် သူတို့ ရဲ့ ဇနီးတွေသားသမီးတွေ ဘယ်လောက်တောင်စိတ်ဆင်းရဲခဲ့ရပြီလဲ---

 

တကယ်တော့ ဒီလို အမှောင်ဖုံးတဲ့  လောကကြီးကို တားမြစ်သင့်ပါတယ်မောင်လေးရယ်။

 

ကြယ်စင်လင်းတဲ့ သာယာအေးချမ်းတဲ့ ညအလှကိုဖျက်စီးနေကြတဲ့  သူတို့ကိုမင်းက

ဘယ်ညပျော်သတ္တ၀ါလို့  သတ်မှတ်မှာလဲဟင်။

 

ရှင်းနေတာပဲမောင်လေးရယ်---သူတို့ဟာ အမှောင်ထုထဲမှာနေရင်းသူတို့ကိုတိုင်က

မည်းမှောင်နေတဲ့ လင်းဆွဲမည်းမည်းကြီးတွေပါ။

 

ဒါဆို ကျွန်တောတို့်ကရောလို့ မင်းမေးရင်အမဖြေပါ့မယ်-

 

အမတို့ဟာ ကိုယ်တတ်နိုင်သမျှအင်အားလေးနဲ့  သူများတွေအိပ်စက်အနားယူချိန်မှာ

မနားနိုင်ဘဲ ကိုယ့်ဆိုဒ်ထဲကို လာတဲ့သူတွေ ကို တတ်နိုင်သမျှ အသိပညာ၊အတတ်ပညာ

ကောင်းလေးတွေ၊ ပျော်ရွှင်အပန်ပြေမှုလေးတွေပေးဖို့ 

စာပေ၀န်ကို ထမ်းဆောင်နေကြတဲ့  စာပေမောင်နှမတွေပဲ။

 

အမတို့ခြယ်မှုန်းတဲ့ စာပေ ပန်းချီကားလေးလှပလာသလို အမတို့ကလဲ အများရဲ့ ချစ်ခင်မှူ၊

ယုံကြည်အားထားမှူကိုရမယ့်  ညပျော်ေ၇ွှဇီးကွက်လေးတွေပေါ့ မောင်လေးရယ်။

 

 ညတိုင်း အိပ်ချိန်ကိုလုပြီးဆိုဒ်တာဝန်တွေကို ထမ်းဆောင်နေကြ တဲ့

အွန်လိုင်းဆိုဒ် တာဝန်ခံများအားလုံးသို့ 

ကြာဖြူနွယ်

(ကိုယ်တိုင်ရေးဘလော့ပို့ စ်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>