နိုင်ငံတိုင်းမှာ အမေတွေအားလုံးကို လေးစား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ (Mother's Day ) လို့ သတ်မှတ်ခဲ့ကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ အမေနေ့ကို ၁၉၉၅ ခုနှစ် ၊ပြာသိုလ်လပြည့် နေ့မှာ စတင်ပြီးတော့ စာရေးဆရာကြီး ဦးသုခ၏ ကြိုးပမ်းမှုကြောင့် အမေနေ့ ကို သတ်မှတ်နိုင်ခဲ့ကြတယ်။ မြန်မာ့ပြက္ခဒိန်မှာလည်း ပြာသိုလ်လပြည့်နေ့ကို အမေနေ့ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အမေနေ့ ကို သတ်မှတ်သိဖြစ်စေ မသတ်မှတ်သည်ဖြစ်စေ အမေဆိုတာ ရင်ထဲမှာ အမြဲတမ်းရှိနေပါတယ်။ ရှေးလူကြီးတွေ အဲလိုသတ်မှတ်လိုက်တော့ ဒီနေ့လေးကို ပိုပြီး တော့သတိရမိပါတယ်။ အမေ့ရဲ့ မေတ္တာ ၊ အမေ့ရဲ့ စေတနာတွေကို အမြဲတမ်းလည်း အမှတ်ရနေသလို အခွင့်ရှိတိုင်း ကျေးဇူးရှင် မေမေကို ကျေးဇူးဆပ်လို့ရတဲ့ နည်းနဲ့ ဘယ်တော့မ မကျေလည်နိုင်သော မွေးမေမေကျေးဇူးကို ဆပ်နေဆဲပါ။ လောကကြီးမှာ ရှိတဲ့အမေတိုင်းမှာ သားသမီးကို မချစ်တဲ့ အမေဆိုတာ မရှိပါဘူး။ လူမပြောပါနဲ့ တရစ္ဆာန် လေးတွေတောင်မှာ မိခင်စိတ်အပြည့်အ၀ ရှိစွာနဲ့ သူတို့ရဲ့ သားသမီးလေးတွေကို စောင့်ရှောက်ကျွေးမွေးနေကြတယ်။ အသိဥာဏ်ရှိသော လူသားတို့ရဲ့ အမေက " တောင်းဆိုး ပလုံးဆိုး ကိုပစ်ရိုးထုံစံရှိတယ်၊ သားဆိုး သမီးဆိုးကို ပစ်ရိုး ထုံးစံမရှိဘူး " ဆိုတဲ့ စကားပုံအတိုင်းပဲ သားသမီးတွေ မည်မျှပင်ဆိုးသွမ်း မိုက်နေစေကာမူ ခွင့်လွှတ်သည်းခံနားလည်နိုင်ဆုံးသော ကမ္ဘာမှာ တစ်ဦးသော လူသားမြတ် ဖြစ်ပါတယ်။ အမေရဲ့ ဂုဏ်ကျေးဇူးကြီးမားပုံက စကားလုံးရှာလို့မရအောင်ကို ကြီးမားလွန်းပါတယ်။ မိခင်ရဲ့ မေတ္တာကို နားမလည်ချင် နေပါ။ မိခင်ကိုစော်ကားမိသော၊ရိုင်းပြသော အပြုအမှု မပြုလုပ်မိရန် အရေးကြီးပါတယ်။ တစ်ချို့ သောမိသားစုတွေမှာ ကျွန်တော်မြင်တွေ့နေတာတွေကိုအရမ်းကို စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ဒီအဖွားကြီး နေရာတကာဝင်ဝင်ပါနေတာပဲ၊ ခင်ဗျားဘာနားလည်လို့လည်း၊ အော်ဘယ်လောက်များ မိုက်ရိုင်းကြပါ လိမ့်လို့တွေးမိတယ်။ သေရင် ငရဲကတောင်ထွက်ရမှာမဟုတ်တဲ့လူုတွေပဲ။ အဲလိုပြောတဲ့အသိုင်းအ၀ိုင်းက ဘယ်လိုအသိုင်းအ၀ိုင်းများသလဲဆိုရင် ခေတ်ပညာတွေတတ်ပါတယ်ဆိုတဲ့ ယနေ့ခေတ်လူငယ်တွေပဲဗျာ ။ သူတို့က ပညာတွေသာ မိုးမွှန်အောင်တတ်ချင်တတ်မယ် ။ တကယ်ထားရှိသင့် တဲ့ စိတ်ထားတွေက ပျောက်နေကြတယ်။ အမေကိုယ့်ကိုမွေးဖို့ ဘယ်လောက် ဒုက္ခရောက်တယ် ၊ပင်ပန်းဆင်းရဲတယ်ဆိုတာ ကိုယ်ဝန်ဆောင်စအချိန်ကနေ တွေးကြည့်စမ်းပါ။ ကိုယ်ဝန်တစ်လတောင်မပြည့်သေးဘူး။ ငရုတ်သီးရှောင်ရတာနဲ့ အချိုတွေရှောင်ရတာနဲ့ ရှောင်စရာတွေ တစ်ပွေ့တပိုက်ကြီးနဲ့ပါ။ ကိုယ်ဖြစ်ချင်တာစားချင်တာထက် ဗိုက်ထဲကင့ါသားလေး ၊င့ါသမီးလေး တစ်ခုခု ထိခိုက်လိမ့်မယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ကိုယ်ဝန်ရင့်လာတော့လည်း လမ်းလျောက်ရတာ မပေါ့မပါး မသက်မသာနဲ့ ဘယ်လောက်များ ဒုက္ခရောက်ခဲ့ရမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ အရွယ်ရောက်လာတော့လည်း အရွယ်ရောက်လာလို့ ဖြည့်ဆည်းပေးတာတွေက မနည်းလှပါဘူး။ ဒီလောက် ကျေးဇူးကြီးလှတဲ့ အမေတွေကိုဘာကြောင့်များ စော်ကား ၊ ကျေးဇူးကန်းချင်နေကြတယ်ဆိုတာ ကျွန်တော်တော့ စဉ်းစားလို့မတတ်တော့ပါဘူး။ (မလိမ်မာသော သားသမီးများကို ရည်ရွယ်ပါသည်)။မိဘတွေ က သားသမီးတွေအပေါ်မှာ မျှော်လင့်ချက်ထားတယ်လို့ပြောကြတယ်။ အဲဒါတွေက
၁။ ငါတို့ အိုမင်း မစွမ်းဖြစ်တဲ့အခါ ငါတို့အပေါ် ပြန်လည်လုပ်ကျွေုးပြုစုလိမ့်မယ်၊
၂။ ငါတို့နဲ့ ပတ်သက်တဲ့ အမှုကိစ္စအားလုံးကို ငါတို့ကိုယ်စား လုပ်ပေးကြလိမ့်မယ်၊
၃။ အမျိုးအနွယ်ကို ဆက်လက်ရှည်အောင် ထိန်းသိမ်းကြလိမ့်မယ်၊
၎။ အမွေစား အမွေခံအဖြစ် ကျင့်ကြံကြလိမ့်မယ်၊
၅။ ငါတို့ ကွယ်လွန်သွားတဲ့အခါ ငါတို့ကို ရည်စူးပြီး ကုသိုလ်အထူးတွေ လုပ်ပေးကြလိမ့်မယ် ဆိုတဲ့ ငါးမျိုးပါ။
၂။ ငါတို့နဲ့ ပတ်သက်တဲ့ အမှုကိစ္စအားလုံးကို ငါတို့ကိုယ်စား လုပ်ပေးကြလိမ့်မယ်၊
၃။ အမျိုးအနွယ်ကို ဆက်လက်ရှည်အောင် ထိန်းသိမ်းကြလိမ့်မယ်၊
၎။ အမွေစား အမွေခံအဖြစ် ကျင့်ကြံကြလိမ့်မယ်၊
၅။ ငါတို့ ကွယ်လွန်သွားတဲ့အခါ ငါတို့ကို ရည်စူးပြီး ကုသိုလ်အထူးတွေ လုပ်ပေးကြလိမ့်မယ် ဆိုတဲ့ ငါးမျိုးပါ။
ကျွန်တော်တော့ အဲလိုမတွေးမိဘူး။ မိဘဆိုတာ သားသမီးအပေါ်မှာ ဘာမျှော်လင့်ချက်မှမထားဘူးလို့ပဲ မြင်မိပါတယ် ။ ဒါကကျွန်တော့်အမြင်ပါ။ အဲဒီငါးချက်ကို သားသမီးတွေ လိုက်နာနိုင်ရင်လည်း အမေ့ကျေးဇူးဆပ်ရာရောက်ပါတယ်။ လောကမှာ ရှိသော သားသမီးတိုင်း အမေကျေးဇူးကို နားလည်သော ၊ လိမ်မာယဉ်ကျေးသော သားသမီးများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း အမေများနေ့ကို
ဂုဏ်ပြုလိုက်ရပါကြောင်း။။။