Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥♥♥သံယောဇဉ်ခိုင်မြဲသောချစ်ခြင်းမေတ္တာ♥♥♥

$
0
0

                                                                                                    ♥♥♥သံယောဇဉ်ခိုင်မြဲသောချစ်ခြင်းမေတ္တာ♥♥♥
 
လောကမှာယောကျာ်လေးတွေ အမျိုးမျိုးရှိကြမည်။ တစ်ချို.က ကိုယ့်ချစ်သူကိုတန်းဖို.ထားကြသည်၊တစ်ချို.ကတော့စားပြီး

နာမလည်း…၀ါးပြီးထွေးထုတ်သမားတွေ။အဲလို ဖြစ်ရတာကို ဂုဏ်ယူ စွာလျှောက်ကြွားချင်ကြွားနေတက်တဲ့သူမျိုး……

ကျနော်ကတော့ရှင်းတယ် အဲလိုဒုတိယလူအမျိုးအစားဘယ်တော့မှအဖြစ်မခံ… ဒါငယ်ငယ်လေးကတဲ့ကကျနော်ရဲ.ဆန္ဒ ပါ။ ခုလို

မ မ နှင့်အရင်းနှီးဆုံးချစ်သူတွေဖြစ်ခဲ့ရပြီးဆိုတော့ဒီဆုံးဖြတ်ချက်ကပိုမိုလိုပင်ခိုင်မာလာခဲ့ပါသည်။

မ မနဲ.ချစ်သူဖြစ်ခဲ့တဲ့သက်တမ်းတစ်လျှောက်လုံးကျနော်ဘ၀မှာပျော်ရွင်မှုတွေပြည့်ဝခဲ့တယ် မ မ

ဆီကနွေးထွေးကြင်နာမှုတွေခံစားခဲ့ရတယ်လေ။တစ်နေ.တော့ မမ မိဘတွေကလူကြီးချင်းသဘောတူစေ့စပ်ဖို.စီစဉ်ကြတယ်။

အရင်တုန်းကချိန်းတွေ.တိုင်း မ မ မျက်နှာလေးအမြဲပြုံးရွင်နေတယ်အခုတော့ မမဆီက ရှိုက်သံလေးကိုမသဲမကွဲကြားလိုက်ရတယ်

ဟုတ်တယ်၊ မမငိုနေပြီး ကျနော်အရမ်းစွဲလန်းရသောမမ မျက်ဝန်းလေးတွေမှ

မျက်ရည်ဥလေး တွေစီးဆင်းကြနေပြီး။နှုတ်ခမ်းဖူးဖူးလေးတွေကတစ်

ဆတ်ဆတ်တုန်နေသည်။ကျနော်ရင်မှာမချိတော့၊ဒီဇာတ်လမ်းလေးကိုစခဲ့မိတဲ့အတွက် မမ ကိုသောကပေးဖို.များဖြစ်နေသလိုပါပဲလား…

ရင်မှာစို.နင်တက်လာတဲ့ခံစားချက်နဲ.အတူတူ မ မ ကိုရင်ခွင်လေးထဲဆွဲသွင်းကာအသာထွေးပွေ.ထားလိုက်မိတော့သည်။

တိတ်ပါတော့နော် မမရယ် မမ ငိုရင်မောင်ရင်မှာတစ်ကယ်ရင်မချိလို.ပါ။ မ မ ၏

နုထွေးသောပါးပြင်မို.မို.တို.ထက်တွင်မျက်ရည်စီးချောင်းလေးတွေကမြစ်ငယ်လေးများအလား။ဒါပေမဲ့ မမ ကတော့လှဆဲ

ချစ်စရာကောင်းဆ၊ဲမြတ်နိုးစရာကောင်းဆဲ မောင်အရမ်းချစ်ရသော မမ ကို စွန်.လွတ်ရဖို.ဆိုသည်ကတွေးပင်မတွေးရဲစရာပါ။

မ မ ကရောမိဘတွေ စီစဉ်တာနဲလက်ခံလိုက်ရောလား.. မမ မျက်ရည်တွေကြားမှ

မျက်မှောင်တစ်ချက်ကြုံပြီးမောင်ကိုစိုက်ကြည့်သည်။မောင်နော် မမကိုဘယ်လိုမိန်းကလေမျိုးထင်လိုလဲ ဒီလိုနဲ

ပြီးပြီးရောလုပ်မဲ့သူမျိုးမှတ်နေလား…မမ ရယ် မဟုတ်ပါဘူးမောင်က မမနဲဝေးရမှာ

စိုးရိမ်လွန်းလိုပါ………. ဝေးရမှာ..ဝေးရမှာ.. မမကမောင်ပြောတဲ့စကားလေးကိုတိုးတိုးလေး ရေရွတ်ငြီးတွားရင် ဟိုအဝေးကိုငေးနေသည်။

                          တစ်ကယ်ချစ်တဲ့ချစ်သူနှစ်ဦးကိုကံကြမ္မာကဘာလိုများခွဲကြလဲ မသိဘူးနော် မမ ကို ငေးကြည့်နေမိတယ် မမ

မျက်နှာလေးချောင်ကျသွားသည်။မမ နဲ.မတွေ.ရသည့်ရက်တွေဆို သူကိုသာအစားမှန်အအိပ်မှန်ဖို.သာသတိပေးနေခဲ့ပေမဲ မ

မကိုယ်တိုင်တော့အစားအအိပ်မမှန်ဘူးဆိုတာမေးစရာမလိုပါ မမမျက်နှာချောင်ကျသွားလိုက်တာမ

မရယ်မနေနိုင်လွန်းလိုမောင်ပြောမိတာကိုမမကတွေးတွေးလေပြန်ကြည့်ပြီး မောင်လည်းအတူတူပါပဲကွယ်လို.

ခပ်တိုးတိုးလေးပြန်ပြောတယ်။ ပြီးတော့ မ မက ချိုသားစွာအပြုံးလေးနဲ.ဟက်ကနဲအားတင်ရယ်လိုက်သည်။ ဘာလဲ မောင့်က မ မ

မလှတော့ဘူးလိုပြောချင်တာလား….. လှပါတယ် မ မရယ်မောင်မျက်စိထဲမှာ မမ ကအမြဲလှနေတာပါ ..လို. ခပ်တိုးတိုး

လေးပြန်ဖြေမိတော့မ မ က သူလက်ကလေးတွေကိုသူမလက်ကလေးများနဲဆုပ်ကိုင်ဖြစ်ညှစ် သည်မျက်ဝန်းတို.သည်

စကားပေါင်းများစွာကိုအပြန်လှန်ပြောလျက်………….

                    မ မနဲ.ခွဲရတော့မယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာ မောင်မျက်လုံးတွေပြာဝေလာသည်၊ရင်ထဲမှာလှိုက်စို.တက်လာသည်

 ။ခြေဖျားလက်ဖျားလည်းကျင်တက်လာသည်၊မောင်မျက်နှာကမမရင်ခွင်ထဲသို.

ထိုးမှောက်ချလိုက်မိပြီးသားဖြစ်နေတော့သည်။မောင်ငိုနေပြီး ယောကျာ်းတန်.မဲ့နှင့်ရှိုက်ကြီး တစ်ငင်ငိုနေမိပြီး။ မ မ

ကမောင်ခေါင်းလေးကိုတင်းတင်းကြပ်ကြပ်ထွေပွေ.ထားသည်။ မမရင်ခွင်လေးထဲကနေ မ

မကိုမော့ကြည့်လိုက်မိသည်မိုးစက်ရေတွေအလားစီးကျနေသော မျက်ရည်တွေကြားမှ မောင် ကို မမ ကြိုးစားပြီး ပြုံးပြနေရှာသည်။

   မငိုပါနဲ.မောင်

 တွေ.ဆုံခြင်းတွေရဲ.နောက်မှာ

 ခွဲခွာခြင်းဆိုတာ ဖြစ်လာမှာ သဘာဝပါ  မောင်ရယ်....

 မောင်ငိုကြွေးနေမယ်ဆိုရင်

 မ မ ရင်တွေလောင်ကျွမ်းနေရလိမ့်မယ်

 မောင်ရဲ.မျက်ရည်တစ်စက်က

  မ မ ရင်ထဲကသွေးတစ်စက်ထက်တန်းဖိုရှိပါတယ်မောင်

မောင်….မောင်ကို မမ တစ်ခုလောက်မှာချင်တယ် နေကောင်းအောင်နေနော် တဇွတ်ထိုးစိတ်မမွေးနဲ.နော်

လူကြီးဖြစ်အောင်ကြိုးစား၊ပြီးတော့…….. ပြီးတော့ဘာဖြစ်လဲ မ မ ပြီးတော့ တစ်ချိန်ချိန်မှာ မောင် စိတ်ပြောင်းသွားလို မမကိုစွန်.လွတ်

ချင်ပြီးဆိုရင် မ မ ကိုဘာမှအားမနားနဲ.။ မမ အတွက်မောင်ကိုဘာနှောင်းကြိုးမှမဖြစ်ချင်ဘူးမောင်ရယ်…..တော် တော်တော့ မ

မ မောင်အသံအတန်ငယ်ကျယ်လောင်သွားသည်။ မ မ မျက်နှာလေးကွပ်ကနဲ.ပျက်သွားသည်။ မ

မ မောင်အချစ်ကို စော်ကားတာလားမောင်ရဲ.အသံတွေတုန်လာပါသည်။ မ မ

က မောင်လက်ကိုလှမ်းကိုင်ပွတ်သပ်ကာချော့မောလိုက်သည်။ မ မ မောင်ကိုမယုံလိုမဟုတ်ပါဘူးမောင်ရယ် မောင်ကိုယုံပါတယ်

ကံကြမ္မာကိုမပြာနိုင်ဘူးလေ..မ မဘက်ကိုတော့ စိတ်ချပါမောင် တစ်ချိန်ချိန်မောင်လူကြီးဖြစ်လာရင် မောင် မ မကိုချစ်နေသေးတယ်

ဆိုရင်မမ ဟာ မောင်အတွက်အမြဲတမ်းအဆင်သင့်ဖြစ်နေစေရမယ်ဆိုတာမောင်သိနေရင် မမ ကျေနပ်ပါပြီးမောင်ရယ်….♥♥♥♥♥

                 ဒီအချိန်ကစပြီး မ မနဲထပ်တွေ.ခွင့်မရတော့ပါ မမ မိဘတွေက မမ ကို ခေါ်ပြီးအဝေးတစ်နေရာကို ထွက်သွားကြတယ်လေ

မမဆီက စာတွေလည်းမလာပါအဆက်သွယ်မဲ့နေပေမဲ့ မမ သတင်းတစ်ခုကြားလိုက်ရသည်။မမမိဘတွေက

မမကိုအိမ်ထောင်ရင်သားချပေးမယ်ဆိုပြီးအတင်းနားချတယ်လေ ဒါပေမဲ့ မ မ

ကဘာပြောတယ်မှတ်လဲသူကိုအတင်းကြပ်စီစဉ်ရင်တော့အဆိပ် သောက်သေလိုက်ဖို.ပဲရှိတယ်တဲ့

(မမရင်မှာမောင်ပဲရှိတယ်လေ)ခပ် အေးအေးပဲပြောသွားလိုက်တာ တစ်ကယ်လုပ်မဲ့ပုံမျိုး မ မ မိဘတွေကလည်း

မမကပြောရင်ပြောတဲ့အတိုင်းလုပ်တက်တာ အကြောင်းသိတော့လက်လျော့လိုက်ကြတယ်လို.ကြားခဲ့ရတယ် ဘုရား..ဘုရား မ မရယ်

ကံကြီးပေလိုသာပေါ့….. ♥♥♥♥♥♥♥♥

                                ပတ်ဝန်းကျင်တစ်ခုလုံးကနှင်းငွေ.တွေလိုဝေဆိုင်းနေသည်။ဒါပေမဲ့ခံစားမှုတွေ

ကအေးမြမနေ၊ရင်ထဲမှာပူလောင်နေသည်၊ရေငတ်သလို လိုအာခေါင်တွေက ခြောက်သွေ.အက်ရှနေသည်။ မောင်က

ဒီခံစားမှုတွေကြားထဲမှာလွင့်မျောနေသည်။ အဲဒီအခိုက်တန်. မောင်နောက်မှ တိုးတိတ်ညင်သာခေါ်သံလေးကိုကြားလိုက်ရသည်။

ဘယ်တော့မှမမေ့နိုင်တဲ့အသံရှင်ကိုဆက်ကနဲ.လှည့်ကြည့်လိုက် သည်။ပတ်ဝန်းကျင်ရုတ်ခြည်းအေးမြသွားခဲ့သည်။ မ မ ဟုတ်သည်၊

မမမှ မ မအစစ် မောင်ကို မမ ကမခို.တယို.လေးရပ်ပြီး ပြုံးပြနေသည်။ မ မ

လို.အသံကုန်ပြန် အော်ခေါ်သည်။ဒါပေမဲအသံကထွက်မလား။ဘာတွေမှားနေပြီးလဲ မမ ဆီ မောင်ပြေးသွားမိသည် ဒါပေမဲ

နီးမလား..ပို.လို ပို.လိုသာဝေးသွားသည်ဟုတ်ထင်ရသည်။အားတင်းပြီးပြေးလေလေပိုဝေးလေလေ….. မမရပ် ပါအုံး မောင်ဒီမှာလေ..

လာလေမောင်….မောင်ကို မမ စောင့်နေတာ.. စောင့်နေတယ်လိုသာပြောသော်လည်း မမ

ကကြည့်နေရင်းလေထဲမှာဂွမ်းစလေးတစ်စလိုလွင့်မျောသွားပြီး မောင်အပြေးကလေးလိုက်သည်။ မမှီတော့………..ကြည့်နေရင်းနဲ

နှင်းငွေ.တွေက မီးလျှံတွေဖြစ်သွားသည်။ မ မ သည်မီးလျှံကြားမှာ ပျောက်ကွယ်သွားလေပြီး………… မ မ

လိုအသံကုန်ဟစ်အော်ရင်း မောင် အိမ်မက်လေးထဲကနိုးလာသည်။ အဲယားကွန်ကို ဂိတ်အကုန်ဖွင့်ထားသော အိပ်ခန်းလေးအတွင်းမှ

ခုတင်ထက်ဝယ် မောင်မှာတော့ ချွေးတွေရွဲလျက်။အာခေါင်တွေခြောက်ပြီးရေလည်းငတ်လှသည်။ ခုတင်ဘေးမှ

စားပွဲပေါ်တင်ထားသောရေပုလင်းကိုလှမ်းယူမိတော့ရေကကုန်နေပြီး သက်ပြင်းလေးချပြီး ခဏထိုင်နေလိုက်မိသည်

ဒီလိုအိမ်မက်မျိုးမောင်မြင်မက်တာဒါနဲပါဆို ဘယ်နှစ်ခါရှိနေပြီးလဲ… အိမ်မက်ဆိုးတွေလား……….ဒီအိမ်မက်ကို

မက်တဲ့ညတိုင်းမောင် ပြန်အိပ်လိုမရခဲ့ပါ မနက်ကျလျှင် အလုပ်ထဲမှာအိပ်မငိုက်နေမိအောင် ဂရုစိုက်နေရအုံးမည်။ ♥♥♥♥♥♥♥♥♥♥♥♥

                           အချိန်တွေတစ်ရွေ.ရွေ.ကုန်ဆုံးသွားသည်ပြက္ခဒိန်ကလည်း တစ်ရွက်ပြီးတစ်ရွက်ပြောင်းလဲကုန်သည်။

  နိုင်ငံရပ်ခြားမှာဘ၀တက်လမ်းကိုကြိုးစားခဲ့ပြီးကိုယ့်ခြေထောက်ပေါ်ရပ်နိုင် အောင်ကြိုးစားခဲ့သည် မမ

  ပြောခဲ့သလိုအရာရာသိတက်ပြီးရင့်ကျက်တဲ့လူကြီးတစ်ယောက်ဖြစ်နေခဲ့ပြီးလား…

ရုတ်တရက် မ မ သတင်းတစ်ခုကြားလိုက်ရပြီး မောင် ဘယ်လိုမှ မနေနိုင်တော့ ချက်ခြင်းလေယာဉ်လက်မှတ်ဝယ်ပြီး အားချင်ပြန်ပြီး

 မ မ တက်နေတဲ့ ဆေးရုံးကို လိုက်သွားမိတယ်…..မောင်ရင်ထဲမှာလည်း ပူလောင်နေဆဲ။

ဆရာဝန်ပြောပြချက်အရ မ မက လင်ဖိုးမား(Lymphoma)ကင်ဆာတစ်မျိုးဖြစ်နေတယ်တဲ့ မောင်နားထဲအနူမြူးဗုံးပေါက်ကွဲသွားသည်။

ရင်မှာနှလုံးသားသည်ရုတ်တရက်အေးခဲ့သွားသည်ဟုတ်ထင်မိသည်။မမရယ်မောင်

အတွေးတွေထဲခံစားချက်ပေါင်းများစွာ ကြောင့်လူလည်းထုံသွားသည်။

                အခန်းတံခါးလက်ကိုင်ဖုလေးကိုညင်သာစွာလှည့်ပြီးတံခါး လေးကိုအသာလေးတွန်းဖွင့်လိုက်မိသည်။ နေလည်ခင်းပေ

မဲ့ပြတင်းပေါက်လိုက်ကာတွေချထားသည့်မို.အခန်းထဲမှာအလင်းရောင်နဲနဲ ပျော့နေသည် မောင် ခြေသံမကြားအောင်ဖွဖွလေး

လှမ်းလာမိတော့သည်။ခုတင် ပေါ်တွင်တော့မောင်အသဲနင့်အောင်ချစ်ခဲ့ရသော

မ မ ရယ် စောင်ပါးလေးကိုရင်ဘက်အပေါ်ထိဆွဲခြုံထားပြီး မျက်လုံးလေးတွေမှိတ်လျှက် အိပ်ပျော်နေပါသည်။

မောင် မမခုတင်ဘေးမှာထိုင်ပြီး မ မ မျက်နှာလေးကိုကြည့်လိုက်တော့ မ

မမျက်နှာလေးချောင်ကျသည်။နှုတ်ခမ်လေးတွေလည်းဖြူ ဖျော့ပြီးအနဲငယ်ခြောက်ကပ်နေသည်။ ပါးပြင်လေးတွေလည်း

အရင်လောက်မပြည့်တော့ဒါပေမဲ မောင် မျက်လုံးတွေထဲမှာတော့ မ

မ မေ့လေးကပိုချွန်ပြီးနှာတံလေးပိုပေါ်လာသလိုဖြစ်လာတာကလဲပိုလှနေသလိုလိုထင်မိသည်။…….

ဟင်…..ကြည့်နေရင်မောင်စိတ်တွေထိန်းမနိုင်တော့ မ မမျက်နှာပေါ်သို.မောင်မျက်နှာလေးအသားတိုးကပ်ပြီး

ပါးပြင်လေးတွေကိုညင်ညင်သာသာနမ်းလိုက်မိသည်။ မမ အနဲငယ်လူးလွန်းသွားပေမဲ့နိုးတော့မနိုးသေး။ မောင်ထပ်ပြီး

မမရဲ.ဖြူလွလွနှုတ်ခမ်လေးများကိုညင်ညင်သာသာလေးငုံထွေးကာနမ်းလိုက်မိတော့ မ

မလူလွန်းလှုပ်ရှားလာပြီးမျက်လုံး လေးတွေပွင့်လာသည်.။။ မ မ လို မောင်တိုးတိုးလေးခေါ်လိုက်မိတယ်… မ

မကဘာမှပြန်မထူး မောင်ကိုမမြင်ဖူးတဲ့သူတစ်ယောက်လိုတွေးတွေးလေပြန် ကြည့်နေသည်။ မ မ မောင် လေ….ဒီတော့မှ မ

မနှုတ်ခမ်လေးတွေအသာအယာလှုပ်ရှားလာပြီး။စကားသံလေးကအားနည်းဖျော့နေသည်။ မောင် မ မ

အိမ်မက်နေတာတော့မဟုတ်ပါဘူးနော်……. မ မ ရယ် မောင် မ

မရင်ခွင်လေးထဲဝင်ပြီးအားရပါရငိုချလိုက်မိသည်။ဘယ်လိုပဲရင်ကျက်နေပြီးသူကိုသူထင်ပေမဲ့။ မ

မရှေ.ရောက်ရင်ကလေးလေးတစ်ဦးလိုပါပဲလား…။မမက မောင်ခေါင်းလေးကိုဖွဖွလေး

ပွတ်သပ်ပေးနေရင်းမျက်ရည်တွေဖြိုင်ဖြိုင်ကျနေသည်။အားရပါရငိုချပြီးမှ မမ မျက်နှာလေးကိုပြန်မော့ကြည့်မိသည်။ မ မ

မျက်နှာပေါ်မှာညစ်ကျယ်ကျယ်အပြုံးလေးတစ်ခုဖြစ်ထွန်းနေသည်။

လူကြီးပဲဖြစ်နေပြီးငိုမိတာမရှက်ဘူးလားလိုမောင်ကိုမေးနေသလိုလို…..ကြည့်နေရင်မှပင် မ

မနှုတ်ခမ်လေးတွေသိသိသာသားကြီးသွေးရောင်ပြန်လျှမ်းတက်လာတာသတိထားမိသည်။

မျက်လုံးတွေပြန်လည်းတောက်ပလာသည်။ မောင်အတွက်အသက်ဆက်နေပေးပါမမရယ်…. “

                             သင်အတွက်အကောင်းဆုံးလက်ဆောင်ကိုကျွှနိုပ်တို. ပေး

ရန်ကြိုးစားနေပါသည်။ထိုအရာကားနံနက်ခင်းသစ်တစ်ခုပင် ဖြစ်ပါသည်။” မောင်ကြည့်ပါအုံး၊

အဲဒီစကားလေးဟာအဓိပ္ပါယ်ရှိလိုက်တာနော်.. သာန်မန်လူတွေအတွက်နံနက်ခင်းဆိုတာဘာမှမဟုတ်ပေမဲ့

မမတို.လိုဝေဒနာသည်အတွက်တော့နောက်တစ်နေ.ရှင်သန်ဖို.အတွက်တော့တစ်ကယ်တန်းဖိုးမဖြတ်နိုင်ဘူးလေ။ မမ

အသံလေးကခံစားချက်နဲတုန်ခါနေသည်။ မောင်ဘာပြန်ပြောရမှန်းမသိ၊ မ မလက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားလိုက်မိသည် မမ

လက်တွေအေးစက်နေသည်။ မမ မကြောက်နဲ.နော် မောင်ရှိတယ်လေ အေးစက်နေတဲ့

မမလက်လေးကိုနွေးထွေးတဲ့မောင်လက်နဲ.ကိုင်ထားရင်း နှစ်သိမ့်ပေးနေမိတယ်လေ။ ♥♥♥♥♥♥♥♥♥

                  အရေးပေါ်ဌာနတွင် မ မရဲ.ရောဂါလက္ခဏကိုသေချာစစ်ဆေး နေကြသည်ရောဂါအခြေနေစိုးရိမ်းရပြီး မမ

ရဲ.ခြေထောက်နှစ်ချောင်းစလုံးကလုံးဝမလှုပ်နိုင်တော့ပါ။ မမခုတင်လေးဘေးမှာခေါင်းစိုက်ကျကာ မ မ

ရဲ.လက်ကလေးကိုဆုပ်ကိုင်ပွတ်သပ်ပေးနေမိတယ် မ မ

ကနှုတ်ခမ်လေးကိုက်ပြီး ဆေးရုံအပြင်ဘက်ကိုငေးကြည့်နေသည်။မောင်ဟန်မဆောင်နိုင်တော့ မ

မရဲ.ခြေထောက်လေးပေါ်မှာမျက်နှာမှောက်ချပြီး အားရပါရငိုနေမိတော့သည်။

မမထံမှာလည်းရှိုက်သံလေးတွေထွက်လာတာကြားနေရသည်။

မမရဲ.လက်ကလေးတွေက မောင်ဆံပင်လေးကိုဖွဖွလေးပွတ်သပ်ပေးနေရှာသည်။ ခဏနေတော့မှ မ မ

ရှိုက်သံလေးတွေတိတ်သွား၏။ မောင်… မောင်တိတ်တော့နော် ..အံကြိတ်ပြီးရှိုက်သံလေးတွေထပ် မထွက်အောင်ထိန်းလိုက်ရသည်။ မ မ

မျက်နှာလေးကိုမော့ကြည့်တော့ မ မက မောင်ကိုပြုံးပြသည်။ မောင်ကို မ မတစ်ခုလောက်မေးချင်တယ် မောင်…. ဟုတ်မေးလေး မ

မ….တစ်ကယ်လိုသာ မ မ တစ်သက်လုံးဒုက္ခတဖြစ်သွားရင် မောင် မမ ကိုစိတ်ပျက်သွား မလားဟင်…ဘယ်လိုများမေးလိုက်တာလဲ မ

မရယ်လိုသာ မောင်ရေးရွတ်မိသည်.မေးစရာမလိုတော့သည့်မေးခွန်ကို မေးရက်လေးခြင်း..။ မမရယ် ဒါမေးစရာစကားမှမဟုတ်တာ ဗျာ

ခုထိ မမ မောင်အချစ်တွေကိုမယုံသေးဘူးဆိုတာအဲဒါကသိသာ ကြီးလိုဆူပုတ်ပုတ်မျက်နှာထားနဲ.ပြောတော့ မ မ ကခပ်ယဲ့

ယဲ့ပြုံးရှာသည်။ မယုံလိုတော့မဟုတ်ဖူးပေါ့မောင်ရယ် ဒါပေမဲ့ မမအခုချိန်မှာတော့အရာရာကိုကြိုတွေးရတော့မယ်လေ။ မောင်

အတွက်လိုအပ်ချက်တွေမဖြည့်ပေးနိုင်မဲ့ဝန်ထုတ်ဝန်ပိုး သက်သက်ဘ၀ရောက်နေမှာစိုးတော့ …အစိုးသာ။ မ

မရယ် မောင်ပြောဖူးခဲ့တာမေ့နေပြီးလားဟင် မမ ဘယ်လိုအခြေနေ

မျိုးဖြစ်ဖြစ်မောင်နားမှာအတူတူရှိမယ်ဆိုရင်ဘယ်လိုပုံစံအနေထားဖြစ်ဖြစ် ဒါကိုဝန်ထုတ်ဝန်ပိုးလိုမောင်မယူဆပါဘူး မ မက မောင်

အနားမှာရှိနေရင်မောင်ဘ၀ပြည့်စုံနေပြီးလေမမရယ်… မောင် ၊မမ တစ်ခုတော့ကြိုပြီးတောင်ပန်းထားပါရစေနော် မောင်ဘေးမှ မ

မကိုတစ်သက်လုံးနေခွင့်လေးတော့ပေးပါ။ မကို ဘယ်တော့မှစိတ်မပျက်သွားပါနဲ.နော်။တစ်ကယ်လိုမောင်

မကျေနပ်ဖူးဆိုခဲ့ရင်တောင်နောက်ထပ်လက်တွဲဖေါ်ရှာချင် လည်းရှာပါ မ မကိုတော့ ပြစ်မသွားပါနဲ.နော်။ အဲဒီကတိလေး တော့ မ မ

ကိုပေးပါမောင်ရယ်… မ မရယ်ဘယ်လိုပြောလိုက်တာလဲဗျာ ရင်ထဲမှာစို.တက်လာသည့်မို. မ မ ကိုအသာအယာထွေးပွေ.ထားမိသည်။

မမကမောင်ပခုံးလေးပေါ်ခေါင်းလေးမှီထား၏။ မ မ မရှိတော့ မဲ့ဘ၀ဟာမောင်အတွက်အဓါပ္ပါယ်မဲ့နေတယ်ဆိုတာမောင်

သိရှိခဲ့ရပါပြီးမမရယ် ယုံပါ မ

မသာ မောင်အနားမှာအမြဲတမ်းနေပေးနေပါ။ဘယ်လိုပုံစံဖြစ်ဖြစ် မောင်အတွက်ရှင်သန်နေပေးပါနော် မောင်လောကကြီးကို

စိန်ခေါ်ပြပါမယ့ မောင်နဲ.မ မ အတူလျှောက်ရမည်ရှေ.ခရီးအ တွက်ပဲအားမွေးတော့မည်။တစ်လောကလုံးကကဲရဲ့ချက်

ကဲရဲ.ကြပါစေတော့။အခုလောလောဆယ်တော့ မ မ ရောဂါ ပျောက်ကင်းအောင် ဘုရားမှာဆုတောင်းရမည်။ မောင်ချစ်ခြင်းမေတ္တာ

မှန်လျှင်မ မ ရောဂါလုံဝအမြစ်ပြတ်ပျောက်ကင်းပါစေသား…………..။

                     ၆လလောက်ကြာတော့ မ မက၀ှီးချဲ.လေးပေါ်မှာထိုင်ပြီးပြီး

ပင်လယ်ဘက်သို.ငေးကြည့်နေမိတယ် မောင်က မမနောက်ကျောကနေ၀ှီးချဲးလေးတွန်းပေးနေပြီး မ မ

နဲ.မဆုံတော့ဘူးဆိုတာသိလိုက်ရတော့အရှင်လတ်လတ်ငရဲ.ထဲရောက်သွားသလိုခံစားခဲ့ရသလိုပါပဲ.. မ မ က ယုံပါဘူး အပိုတွေ မမ

ကညစ်ကျယ်ကျယ်လေးပြုံးပြီးမောင် ကို ပြန် နောက်သည်။ တစ်ခုတော့စိတ်မကောင်းဘူး မောင်ရဲ. ဘာများလဲ မ

မ မောင်အတွက်သားသားမီးမီးလေးတွေ မွေးပေးဖို.အဆင်မပြေတော့ပဲလေ။နောက်ပြီး မောင်အတွက်အလှကြည့်ရုပ်လေး

သက်သက်လိုဖြစ်နေတော့မှကိုးအဲဒါပြောတာ။ မောင်ပြုံးလိုက်သည် ၊ဒါများ

မ မရယ် သားသမီးရှိမှနေတက်မယ်ဆိုရင်နောက်ကျ မိဘမဲ့ကလေးတစ်ယောက်လောက်မွေးစားလိုက်မယ်လေ။

အလှကြည့်အရုပ်လေးမဖြစ်ချင်ရင်တော့…..မောင် မ မ နားကပ်ပြီးတစ်စုံတစ်ခု တိုးတိုးလေးပြောလိုက်သည်။

မ မမျက်နှာလေးရှက်သွေးဖြင့်ရဲရဲနီသွားသည်။ မောင်လက်မောင်းကိုအတင်းလိုက်ဆိတ်တော့သည်။ “ဟယ်

ဘာများလဲလို…ညစ်စုတ်လိုက်တာ ကောင်စုတ်လေး” မောင် က တစ်ဟားဟားလို အော်ရီလိုက်တယ်။ သြော်

ဒီလိုစိတ်ချမ်းသာပျော်ရွင်ရမည်.နေရက်လေးတွေရယ် မကုန်ဆုံးပါရစေနဲတော့……

 

                                                                 အချစ်ဆုံး မ အတွက်                    

                                                                                                               ခန်.ခခ ( ဇန်းခန်းအောင်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>