Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အလွမ်းမီးတောက်မဲ့ (ငြိမ်းချမ်းရေးအချစ်)(၂)

$
0
0

ဒုတိယပိုင်းလေးပါ ဆက်လက်အားပေးပါအုံးနော်

ပထမပိုင်းလေး အားမပေးဖြစ်လိုက်တဲ့ သယ်ရင်းလေးများ

http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:5348335 ဒီမှာ ပထမပိုင်းလေးမို့ အရင်အားပေးကြည့်ပါအုံးနော်။

ကော်ဖီဆိုင်မှာတစ်ယောက်တည်း ကျွန်မကို ည ၉ နာရီထိ စောင့်ခဲ့ရတဲ့ မောင်ကညကျတော့

ကျွန်မဆီကို ဖုန်းဆက်ပြီး

“မမမေ နေမကောင်းလို့လား။ အခုဘယ်လိုနေသေးလဲ”

“       ”

“ဟုတ်တယ်မလား။ နေမကောင်းတာမလား။ ကျွန်တော်စိုးရိမ်လို့”တဲ့

ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပြီ။ မောင်ကျွန်မကိုစိတ်မဆိုးပါလား။ စိတ်အရမ်းပူနေပါလား။

“ကျွန်မ ………. ကျွန်မ ………….တောင်းပန်ပါတယ်……………………”

ကျွန်မသာ မောင့်နေရာမှာဆိုရင် စိတ်ဆိုးတာပဲဖြစ်ဖြစ် ရန်တွေ့တာပဲဖြစ်ဖြစ် လုပ်တော့မှာ ခုတော့

“မမမေ ဘာဖြစ်တာလဲ။ တော်တော်နေမကောင်းတာလား။ ကျွန်တော် စိုးရိမ်လို့ပါ”

“မဟုတ်ဘူး မောင် ကျွန်မ သူငယ်ချင်းက အတင်းခေါ်လို့ BAMBOO HOUSE ရောက်သွားလို့။ ကျွန်မကို စိတ်ဆိုးလားဟင်။ တောင်းပန်ပါတယ်နော်။ ၉ နာရီထိတောင်စောင့်ရလား မောင်ရယ်”

“အင်း မမမေ။ ရပါတယ်ဗျာ။ မမမေ နေကောင်းတယ်ဆိုရင် ရပါပြီ”

“စိတ်မဆိုးဘူးပေါ့နော်။”

“မဆိုးပါဘူးဗျာ။ ချိန်းတာက ကျွန်တော်လေ။ မမမေ မှာ အကြောင်းကိစ္စတစ်ခုရှိတာပဲ ။ စိတ်မဆိုးရပါဘူးဗျာ”

“တော်သေးတာပေါ့ ။ ဒါနဲ့ မောင်ကျွန်မကို ပြောစရာရှိတယ်ဆို”

ကျွန်မ မေးလိုက်တာ သိပ်များစောသွားလား။ မောင် ဒီနေ့ဖွင့်များပြောလေမလား။ မိန်းကလေးဖြစ်ပြီး စောင့်မျှော်နေမိတာ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ စိတ်မှာဖြစ်သင့်ရဲ့လား။ ဟင့်အင်း ကျွန်မစိတ်ထဲမှာ မျှော်လင့်တာ မောင်မှ မသိတာ။ ကျွန်မ ဘက်ကစပြီး ရေလာမြောင်းပေးတာမျိုးမရှိရင်ပြီးတာပဲလေ။ ကျွန်မ ရိုးသားစွာ ချစ်နေနိုင်တာပဲကို။ သူဖွင့်ပြောပြောမပြောပြောပေါ့။

“အင်း။ အစကတော့ အရမ်းအရေးကြီးတာ ပြောဖို့ရှိတာ။ ဒါပေမယ့် ကျွန်တော် မပြောတော့ပါဘူးဗျာ။ ကျွန်တော် တစ်သက်လုံး မပြောဖြစ်တော့ပါဘူး။ ဒါမှ မမမေ နဲ့ကျွန်တော် ထာဝရ မိတ်ဆွေတွေ ထာဝရ မြင်ခွင့် ရမှာမို့လို့ပါ”

“ရှင်!!!!!!”

ကျွန်မချိန်းတဲ့နေရာကို မရောက်လာခဲ့လို့များလား။ ဟင့်အင်း မဖြစ်နိုင်ဘူး။ မောင်က ဒီလိုသဘောထားသေးတဲ့ ယောင်္ကျားတစ်ယောက်မဟုတ်ဘူး။

ကျွန်မတွေးနေတုန်း

“ကျွန်တော်ပြောမဲ့စကားကို မပြောတော့တာ။ ဒီနေ့မမမေ မလာတဲ့ကိစ္စနဲ့မဆိုင်ဘူးနော်။ ကျွန်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ အသိပေးစကားလေးတစ်ခွန်းတည်းကြောင့်ပါ။ ပြီးတော့ မမမေ ကျွန်တော် တစ်ခုတော့ခွင့်တောင်းပါရစေနော်”

“ရှင် ဟုတ် ပြောကြည့်လေ။ မောင်”

“ကျွန်တော့ကို ဘာအကြောင်းကြောင့်မှ ဘယ်တော့မှ မမုန်းပါဘူးလို့ပါ။ အဲ့ဒီအတွက်လည်း မမမေ ကို ကျွန်တော် အာမခံနိုင်တာ တစ်ခုရှိတယ်။ မမမေ မုန်းမဲ့အလုပ်ကို ကျွန်တော်ဘယ်တော့မှ မလုပ်ဘူးလို့”

ကျွန်မ မမမေ ကျွန်မသိပ်ချစ်တဲ့ မောင်ဆိုတဲ့ ရှင့်ကို ဘာလို့မုန်းရမှာလဲ။ ကျွန်မကို ရှင်မချစ်လို့ တစ်ခြား တစ်ယောက်ကို ချစ်သွားခဲ့ရင်တောင် ကျွန်မ ဘက်က မမုန်းဘူး။ စိတ်ထဲက ကျွန်မ စကားတွေ မောင် မကြားပါ စေနဲ့ရှင်။

“အော် ဘာလို့မုန်းရမှာလဲ မောင်ကလဲ”

“ဒါနဲ့ မမမေ မနက်ဖြန် ဇွန်ပန်းပွင့်လေးများ ပရဟိတမှာ လုပ်အားပေးဖို့နော်။ မမမေ သင်တန်းချိန်အား တယ်ဟုတ်။ ကျွန်တော်လာခေါ်မယ်နော်”

”ဟုတ်ရှင့် အားပါကြောင်း။ ဒါဆိုမနက်ဖြန်မှ တွေ့မယ်လေ”

“အိုကေ မမမေ ကောင်းသောညချမ်းလေးပါဗျာ”

“You too မောင်”

ဒီည ကျွန်မကို ဘုရားရှိခိုးပြီး ဆယ့်တစ်နာရီလောက်အထိ အိမ်လို့မပျော်နိုင်သေးပါဘူး။ မောင်ပြောမဲ့စကားနဲ့ မောင့်သူငယ်ချင်းက ဘာအသိပေးစကား ပြောတာလဲ။ မောင်ကရော ဘာလို့ သူငယ်ချင်းစကားကို လက်ခံ လိုက်တာလဲ။

မောင်ဆိုတဲ့ လူကလည်း ဘယ်တော့မှ မစူးစမ်းမဆင်ခြင်တတ်တဲ့လူမဟုတ်။ အမြဲစဉ်းစားချင့်ချိန်နိုင်တဲ့လူ။ စိတ်ဓါတ်ရော အကျင့်စာရိတ္တပါ ပြောစရာမလိုအောင် ပြည့်စုံတဲ့မောင်ပါ။ ခုတော့……… ကျွန်မ မတွေးတာပဲ ကောင်းပါတယ်လေ။

မနက်ဖြန်မနက်အတွက် အင်အားအပြည့်နဲ့ လူမှုရေးလုပ်ငန်းလေးတွေ မောင်နဲ့အတူတူလုပ်ကြမယ်။

…………………………………………………………………………………………………………………………………………

နေ့တွေ ကနေ ရက်သတ္တပတ်တွေကူး။ ရက်သတ္တပတ်တွေကနေ လတွေပြောင်း လတွေကနေ နှစ်တွေပြောင်း လို့ ခုဆို မောင်နဲ့ကျွန်မ ခင်မင်ခဲ့တာ (၂) နှစ်တင်းတင်းပြည့်ပြီပေါ့။

ခုထိ မောင်ကလည်း ရည်းစားတစ်ယောက်မှ မထားသလို။ စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက် အကြောင်း ကိုမှလည်း မပြောဖူး။ မိန်းကလေးအကြောင်း ရည်းစားသနာထားကြတဲ့အကြောင်း တစ်ခြားသူငယ်ချင်းတွေက ပြောကြရင်တောင် ရုပ်ရည်သန့်ပြန့်ပြီး ချောမောတဲ့မောင်က အပြောမခံပဲ ရှောင်ဖယ်သွားခဲ့တယ်။ ကျွန်မ ကိုတော့ တိတ်တဆိတ် ခိုးကြည့်တတ်တာ။ တစ်ခါတစ်လေ နစ်မြောပျော်ဝင်တဲ့ ကြင်နာတဲ့ မောင့်မျက်ဝန်းတွေ ကိုတော့ ကျွန်မ ရော ကျွန်မ မောင်လေးအပါအ၀င် သူငယ်ချင်းတွေ အားလုံးသိနေခဲ့ပါပြီ။ ဒါပေမယ့် မောင့် ဘက်က ဖွင့်ပြောမှာမဟုတ်မှန်းလည်း ကျွန်မသိနေခဲ့တယ်။ ဘာလို့လဲမောင် ကျွန်မလည်း မောင့်ကို သံယောဇဉ်တစ်ခု ရစ်ပတ်မိတယ်ဆိုတာ …………………..

 မောင်နဲ့ကျွန်မတို့ခင်မင်မှုကလည်း ပိုတိုးလို့။ အတူတူ ပရဟိတလုပ်ငန်းတွေလည်းလုပ်ရင်း။ အွန်လိုင်းပေါ်က နည်းပညာတွေလည်း တူတူလေ့လာရင်းပေါ့။

“ဒီနေ့ ကျွန်တော် သွေးလှူမလို့ မမမေ လိုက်ခဲ့ပေးပါဗျာ။ မမမေ အနားလိုက်ရင် ကျွန်တော့ ကုသိုလ်ပိုပြည့်စုံ တယ်ထင်လို့ပါ။ အားတယ်မလား”

ဘယ်လောက်တော်တဲ့မောင်လည်း ကျွန်မ မငြင်းနိုင်အောင် ပြောတတ်လိုက်တာ

စိတ်ကောင်းရှိသလို အပြောလည်း တော်တော်ကြွယ်တဲ့မောင်။ လျှို့ဝှက်တတ်တဲ့မောင်

ဒီလိုနဲ့ မောင့်ရင်ထဲက ခံစားချက်ကို သိနိုင်တဲ့ အခွင့်အရေးတစ်ခု ကျွန်မဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။

အဲ့ဒီနေ့ စင်္ကာပူက မောင့်ဖေဖေ အသည်းအသန်ဖြစ်လို့ မောင်ကျွန်မတို့ ရပ်ကွက်စာကြည့်တိုက်လေးကနေ ကမန်းကတန်းပြန်သွားတဲ့နေ့……… မောင့် iPad လေး မေ့ကျန်ခဲ့တဲ့နေ့ပေါ့

======================================================================

အလွမ်းမီးတောက်မဲံ့(ငြိမ်းချမ်းရေးအချစ်)ပထမပိုင်းလေး အားပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးပါနော်။ ပြန်လည် အားပေး ကြပါအုံး

http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:5348335

ဆက်လက်ရေးသားပါအုံးမည်။ ဒီတစ်ခါ တကယ်ဇာတ်သိမ်းပိုင်းလေးဖြစ်တော့မှာမို့ ဆက်လက်အားပေးပါအုံးနော်

တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>