Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နတ်သမီးကျောက်ပြင်(၄)

$
0
0

ဖွားဖွား စိမ်းလန်းပြီးစိုပြည်နေတဲ့ တမျော်တခေါ် ကြက်သွန်ခင်းတွေကို လိုက်ကြည့်နေတယ်။ကြက်သွန်ခင်တွေ အရမ်းဖြစ်နေတာကြည့်ပြီအဖွား အရမ်းပီတိဖြစ်နေတယ်။ဒီနစ်တော့ ဘယ်သူ့မြေးတွေ ၊ဘယ်သှူုသားတွေ လှူနိုင်မယ်လို့တောင်တွေးနေသေးတယ်။ "...မိသိန်း..သမီးတို့အခင်းကဘယ်အခင်းလည်း...."အမေ တောင်ဘက်ခြမ်းက..ပြောင်းပင်မြင့်မြင့်တွေနဲအခင်းပါ။ဒီနှစ်စိုက်တာစောလို့

ပြောင်းပင်တွေက အခြားအခင်းထက်မြင့်နေတယ်အမေ၊ခရမ်းချဉ်ပင်တွေကြဲမိလို့ ..လူသွားလမ်းတောင်ပိတ်နေတယ်အမေ..အသီးတွေမည့်တာနဲ ပြန်ပြီး .ပေါင်သင်ရအုံးမှာ.."  "ဒီနှစ် မဆိုးဘူးပဲ..ဒီဘက်ကအခင်းက ကောင်းလိုက်တာ..ဘယ်သူ့အခင်းလည်း..ဆင်မရွာကမောင်ဘိုတို့အခင်းတွေပါ..သူတို့အကွက်တွေကများ

များတယ်။ မြေဆီ ၊နောက်ချေးနဲ..နမ်းဖက်တွေနိုင်တော့ သူတို့အခင်းတွေကနှစ်တိုင်းကောင်းတာပေါ့အမေ.."အဖွားခေါင်းတညိတ်ညိတ်နဲ့ ပီတိဖြစ်နေတယ်။ဒီလိုနဲယောချောင်းစပ်ရောက်လာတယ်။..။ငကြည်..ဝေး အေးတယ်ဗျို..အေးတယ်ဗျှို့လို အော်ပြီးစကူးနေတယ်။။အနက်ကြီးပဲ

ဆိုပြီး ပြန်တက်လာတယ်..ပါစပ်ကလည်းအေးလွန်းလို့ထင်တုန်တုန်ရီရီနဲ..နှင်းတွေက မျက်ခုံးမှာသီးနေတာ..မောင်မင်းကြီးသားကမသုပ်တော့..အဖိုးအိုပုံပေါက်နေတယ်..ရှေ့နားကကူးမယ်..တက်ကြဆိုပြီး ဦးဆောင်လိုက်သေးတယ်။..အငယ်မက သမီးမကူးဘူးနော်..ကိုကိုဂုန်းပိုးရမယ်ဆြို့ပီး.. ပူစာနေတယ်.."အေးပါညီမလေးရယ်..နင်တို့ ၂ယောက်လုံးကို အကို၈ုန်းပိုးပြီး ..ပို့ပေးပါ့မယ်..စိတ်မပူနဲ..

ယောချောင်းရေက စိမ်းလို့ကြည်လင်နေတယ်။ ကျောက်စလစ်တွေကြားမှာ ငါးပုစွန်တို့ သွားလာနေတာ အတိုင်းသားမြင်

နေရတယ်။ချောင်းရိုးအတိုင်းအထက်ကိုတက်လို့ ရေတိမ်ရာလိုက်ကြည့်နေရတယ်။ ဖွားဖွား ကြည့်ရတာတော့ စိတ်ချမ်းသာနေတဲ့ပုံပဲ..သူချစ်တဲ့မြေးတွေနဲ..ဖွားဖွား နှစ်စဉ်ဆွမ်းတော်တင်ဘုရာဖူးသွားတိုင်း။အမြဲပျော်နေတာတွေ့ရတတ်တယ်။ကောင်းမှုကုသိုလ်သာ လုပ်နေရလို့ကတော့ဖွားဖွားက ပျော်နေတတ်တာ။ဘယ်ကြည့်ကြည့် ဆွမ်းတော်တင်သွားမဲ့အဖွဲတွေကြီး မို့ စိတ်ချမ်းမြေ့စရာပါ။အမေက နောက်ကအော်ပြီးပျော်တယ် "ဖိုးကြည်..ဖွားဖွားကို  ရေကူတော့မယ်ဆို သေခြာဂရုစိုက်တွဲနော်..ရေကပေါင်လည်လောက်ပဲရှိ့မှာကူးတော့.." နေအုံး မကူးနဲအုံး..ဟိုမှာ ဝါးဖောင်တွေဆိုက်လာနေတယ်..ကျော်မှကူမယ်..."ကျနော်အတွေးတစ်ခု ဖောင်းတွေ အရင်နှစ်ကလိုရပ်ပေးရင်ကောင်းမှာပဲပေါ့..ဖွားဖွား ..ကအသက်ကြီးတော့ ခြေထောက်တွေအရမ်းအေးပြီး..ကိုခဲမှာဆိုးရမ်နေမိတယ်။..ဆောင်မနက်ခင် နှင်တွေကြနေတဲ့အချိန်ချောင်းရေကအ၇မ်းအေးတာလေ။ "...ဖွားဖွား ရေကအရမ်းအေးတာ ကူးနိုင်ပါ့မလား..ကူးနိုင်ပါတယ်မြေးကြီးရယ်..ဘုရားဖူးသွားတာပဲ..." ဒီလိုနဲ ဝါးဖောက်တွေကပ်လာတယ်။ ကျနော်တို့ကူးမဲ့ရေတိမ်ပိုင်းလည်းရောက်ရော့ ဖောင်းသမားက ဖောင်ပေါ်ကဆင်း ပြီး..ကြိုးနဲတုပ်ရိုက်နေတယ်..အခြာဖောင်တစ်ခု

ကလည်း ..အလိုက်တသိပဲ..ဝါးကိုနိုင်နိုင်ထိုးပြီး..ရှေ့ဖောင်နဲ ဘေးချင်းချည်လို့ရေလမ်းကိုပိတ်ပြီး ဖောင်ခြင်းတွဲပြီးချည်လိုက်တယ်။ ဖောင်ပိုင်ရှင်

၂ ယောက်က ဖွားဖွားကိုသေခြာကြည့်ပြီး..အမေတို့ ဘုရာဖူးဆွမ်းတော်တင်သွားမလို့မဟုတ်လား..သားတို့ကုသိုလ်လုပ်တာဖောင်ပေါ်ကကူးကြပါ..ေ၇ကတစ်ချိုနေ၇ာတွေ ချိုင့်တွေနဲနက်တယ်..ခါးလောက်ရှိမှာ..."...အေးအေး သာဓုပါတော်..ခုလို့ဘုရားဖူးအဖွဲ့တွေကို..ကိုယ်ပိုင်အသိစိတ်နဲ..ကုသိုလ်ယူတတ်တာ..မောင်မင်းကြီးသားကျန်းမာချမ်းသာပါစေ။။

ဥယျာဉ်ပိုင်ရှင်ကတော့ စေားစောစီးစီ စိတ်ထားမကောင်းလိုက်တာ..ဒီဆင်းရဲသမား ဝါဖောင်သမားကျတော့လည်း ..စိတ်ထားကောင်းလိုက်တာ..လယ်ယာမရှိလို့..ငွေပိုလေးဘာလေးရဖို့ ..ပုံတောင်ပုံညာ ဘက်တက်ပြီးဝါးခုတ် ..ဖောင်ပေါ်မှာ စား ဖောင်းပေါါ်မှာ ၁၅၇က်၇က် ၂၀ လောက်နေ.ရေဒဏ် နေဒဏ် ခံ..ဆောင်တွင်းအအေးဒဏ်ကြားမှာ ရုန်းကန်နေရပေမဲ့ စိတ်ထားကောင်းလိုက်တာ..ဖွားဖွာဖေါင်ပေါ်တက်တော့..သူတို့လက်တွေ ညစ်ပေပြီရေစိုလို့ထင်..တွဲမခေါ်တာပဲ..ညီလေး.အမေကိုသေခြာတွဲခေါ်နော် ..ဖေါင်ကရေထဲမှာ ကြာလို့ ရေညီနဲနဲ ကပ်နေလို့ ..အမေကိုဂရုစိုက်ခေါ်လို့ အတန်တန်မှာနေတာ ...သူတို့အမေကျနေတာပဲလေ။

ဒီလိုနဲ..ကျေးဇူတင်ထိုက်သူတို့..ကျန်နေခဲ့ပြီး..ဘုရားခြေရင်း..စောင်းတန်းနားရောက်လာခဲ့တယ်.။ဘုရားကစောင်းတန်း ၂ ခုရှိတယ်။အရှေ့ဘက်စောင်းတန်းနဲ..မြောက်ဘက်စောင်းတန်း..အနောက်ဘက်က လူသွားတောင်တက်လမ်း၊တောင်ဘက်ကတော့..မတ်စောင့်တဲ့ သူခိုးချောက်ကြီးပဲရှိတယ်။..ချောက်အောက်မှာ ..နဂါးပွတ် စမ်းချောင်းလေးတစ်ခုရှိတယ်..ရေကမြင့်ရာကိုစီးနေတဲ့စမ်းချောင်းတစ်ခုပဲ။

အများတက်တဲ့ မြောက်ဘက်စောင်းတန်းကပဲ..မြေးအဖွားတစ်စုတက်ခဲ့ကြတယ်။ဖွားဖွား ဘုရာပေါ်ရောက်တာနဲ ဖွားဖွားကိုမျော်နေကြတဲ့..မိသားစုတွေ အများကြီးပဲ။ တချို့လည်း ဖွားဖွားလိုဖွားဖွား ကြီးတွေ နဲ ဖိုးဖိုးကြီးတွေ ဆွမ်းတော်တင်ခိုင်ကြတယ်။ တင်ပုံတင်နည်နဲ..အသံနေအသံထား ကကွဲပေမဲ့..ကျေးလတ် ..ဓလေ့ရဲ့ ဘုရာရှိခိုးရင်..မကြောက်တက်မရွံ့တက် ..ရှိခိုးသံလေးတွေနားထောင်ရတာ ..စိတ်ချမ်းမြေ့စရာပါ။ကြားတာနဲကုသိုလ်ကရနေတာ။ ဆွမ်းတော်တင်ပြီးလို့ ပြန်တဲ့သူများရှိသလို့ တဖွဲတဖွဲ ရောက်လာကြတဲ့ သူတွေလည်းရှိသမို့..စီကားလျှက်ရှိနေတယ်။ရင်ပျင်ပေါ်မှာ ..ပြည့်လို့နေပါတယ်။ ဖွားဖွား မမောနိုင် မပမ်းနိုင် မိသားစု ဦးရေ ၂၀ကျော်လောက်စာအတွက် ဆွမ်းတော်တင်ပေးရတယ်။တချို့က အယူသီးသေးတယ် ဖွားဖွားတင်မှ ပိုပြီးကုသိုလ်၇တယ်ထင်နေတာ။ကျနော်တို့ မောင်နှမတွေပျော်တယ်။ထမင်းနဲမျိုးစုံစားရတယ်။ဟင်းမျိုးစုံစားရတယ်။

ဖွားဖွားကမယူဘူးပြောနေ့တဲ့ကြားကပင်.အိမ်အရောက်လာပေးတဲ့သူရှိသလို့..ရွာဝေးသူတို့က ဘုရားပေါ်မှာ အတင်းပေးထားခဲ့ကြသည်။စာဖတ်သူတို့သည်။တောင်စားတဲ့သူမျိုးနဲ၇ိုးနဲ မြင်ဘူးကြမည်မတင်..ဘုရာပေါ်မှာ တစ်နှစ်တခါလာရောက်တောင်းရမ်းတဲ့..သူတောင်းစားများရှိသည်။တရုတ်ကားများထဲကလို ..တောင်းစားတဲ့ သူတောင်းစားဂိုဏ်း..ဘုရာပေါ်မှာ ရှိနေတယ်။ သူတို့ကဆွမ်းတော်တင်ပွဲမှ ရောလာတက်ကြတယ်။ဖွားဖွားပြောတာတော့သူတို့ကတောင်းစားရလောက်အောင်မဆင်း ရဲဘူးလို့ပြောတာပဲ..မျို၇ိုးကြောင့် တောင်းမစားရင် ခန္ဒာက ယားတတ်လို့ တောင်းစားရတာတဲ့။ ဆွမ်းတော်တင်ပွဲပြီးရင်..သူတို့ကိုတွေ့ချင်ရင်လည်း..မတွေ့ရတော့ဘူးတဲ့။တစ်ခါတစ်လေ တစ်နှစ်အတွင်းတစ်ခါမှ မတောင်းလိုက်၇တဲ့သူတွေ .မတောင်စားချင်ပေမဲ့..ယားလာလို့ ရွာတွေထွက်ပြီး တစ်ရက်လုံးတောင်းကြရတယ်တဲ့..တောင်းပြီးရင်တော့ အေးအေးဆေးဆေး ပြန်နေလို့ ရပြန်တယ်တဲ့။

ဖွားကြီးဆွမ်းတော်တင်လို့ပြီးပြီ.နေကလည်းထန်းတဖျားရောက်တော့မယ်..၁၁ ကျော်ကျော်ပေါ့..ဆွမ်းတော်တင်သူတွေလည်း ..နုတ်ဆက်လို့ ပြန်ကုန်ကြပြီးပေါ့။ဖွားဖွား ပုံတော်တွေလိုက်ကြည့်တယ်။ခေါင်းလောင်းထိုးတယ်။။။တန်ခိုးကြီး ကျားစီးကိုယ်တော် ၊မီးကျောင်းစီးကိုတော်ဖူမြှော်တယ်။ဘုရာ ဘူးပြီးတော့ ဖွာဖွားပြောတယ်' 'ဒီကျားကြီးပေါ့..သူခိုးတွေကိုလိုက်တာ..ကျနော်တို့လက်အုပ်လေချီလို့..ကျားကြီနဲ မီးကျောင်းကြီးကိုကြည့်တော့ ..မျက်ဝန်းတွေက အသက်ဝင်သလို့ကြည့်လင်တောက်ပနေတာတွေ့ရတယ်။ကျားကြီပေါ်က ကိုတော်နဲ မီးကျောင်းပေါ်က ကိုတော် နှစ်ပါးက..အရမ်းကြည်ညိုဖို့ကောင်းတယ်။ သမိုင်းကိုတော်မရေးတော့ပါဘူး။ဖွားဖွားကိုသတိရလွမ်းဆွတ်လို့ရေးနေတာဆိုတော့ ဖွားအကြောင်းလေးပဲ ရေးပါ့မယ်။ဌာပနာ တိုက်တစ်ခုလုံးကလေထဲမှာရောက်နေတယ်။ထူဆန်းတာက ဖွားဖွားတို့မမွေးခင်ကထဲက အဲဒီလိုဖြစ်နေတာတဲ့..ဌာပနာထားတဲ့ အိုးတွေကိုတောင်မြင်နေရတယ်။အလောင်စည်သူ ရဲ့ကျောက်စာအရတော့ ဌာပနာတွေမြေခရင်..လူတွေယူပြီး သုံးနိုင်တယ်လို့ရေထားတယ်လို့ဖွားဖွားပြောပြဘူးတယ်။သူခိုးချောက်အောက်ကစမ်းချောင်းလေးအကြောင်း ဖွားဖွားကိုမေးကြည့်တော့...မြန်မာပြည်တပြည်လုံးမှာရှိတဲ့ သမိုင်းဝင်ဘုရာတိုင်းမှာ..ထူးခြားမှု အမျိုးမျိုးရှိတယ်တဲ့။အဲဒါတွေ လူတွေက နှလုံးသွင်းပြီး ယုံယုံကြည်ကြည်နဲ ကိုးကွယ်နိုင်အောင်..တန်ခိုးတော်ပြတာလို့ရှင်းပြတယ်။အဲဒီစမ်းချောင်းလေးက နိမ့်ရာကိုဆင်းသွားရင် ဘုရားနဲ ဝေးရာကိုရောက်သွားမှာ မလို့..မြင့်ရာကိုဘုရာရှိတဲ့တောင်ခြေကို ဦးခိုက်ဖို့ ဆီးလာတာ..ရွေပေါင်လောင် ၊ရွေမုတ်ဌောဘုရားကြီးရဲ့တန်ခိုးကြီးမှုပဲတဲ့။။အနောက်ဘက်ဘုရာရဲ့ ပရဝန် အပြင်ဘက်မှာတော့..တောင်ပေါ်မှာ အုပ်ဂူတွေတွေ့လို့မေးကြည့်မိတော့..ဖွားဖွားပြောတာ..အလောင်စည်သူရဲ့ကျန်စာကိုမယုံလို့ ဘုရာကိုပြင်မိလို့သေကြတဲ့ ဘုရားလူကြီးတွေနဲ့ ဘုရာဒကာတွေတဲ့။ ဘုရားကို ထုံးသက်န်း ရွေသင်္ကန်းပဲကပ်လို့ရတယ်။ပြင်လို့မရဘူးတဲ့ ..ကျိန်စာမယုံရင်..ကောင်းမှုလုပ်တယ်ဆိုပေမဲ့သေတာပဲတဲ့။

ရွှေပေါင်လောင် ရွေမုတ်ဌော ဘုရားကြီးကို ပေါက်မြို့နယ်၊မကွေးတိုင်းမှ လယ်ယာအလုပ်သမားများသည်..အထူးယုံကြည်ကိုးကွယ်လျှက်ရှိကြသည်။နှစ်စဉ်တပေါင်းပွဲတော်ကို ကြီကျယ်ခန်းနာစွာကျင်းပလျှက်ရှိသည်။ပွဲတော်ထူးခြားချက်မှာ ကျနော်ငယ်စဉ်က ရုံပွဲလုပ်တိုင်း နတ်မွေတွေဝင်တယ်ဆိုလို့ ပြေးခဲ့ရဘူးသည်။ ကျနော်တို့မြေးအဖွားတစ်စုသည်.ချောင်စပ်တွင်ထမင်းစားပြီး ..ပျော်ရွင်စွာပြန်လာခဲ့သည်။

ဇာတ်သိမ်း (၅)ဖွားဖွားကြီးအားလွမ်းဆွေးခြင်းသို့...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>