Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နောင်တကိုပြင် ဘ၀တွင်

$
0
0

ကျွန်တော်တို့ လူသားအားလုံး မမှားဘူးတဲ့သူ မရှိသလို ၊ နောင်တမရဘူးတဲ့သူလည်း မရှိကြမှာ သေချာသလောက်ပါပဲ။ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ကြည့်မယ်ဆိုရင် ကိုယ့်မှာ ချစ်သူရှိပါလျက်နဲ့ အခြားသူများနဲ့လည်း သာယာတတ်ကြပါတယ်။ ကိုယ့် ချစ်သူနဲ့တိုးပြီး နောင်တရတဲ့ လူငယ်တွေလည်း ရှိပါတယ်။ “တော်ပါပြီ နောင့်ဆို ကိုယ့်ချစ်သူကလွဲပြီး ဘယ်သူနဲ့မှ မပတ်သက်တော့ပါဘူး” အဲ့ဒီနောင်တဟာ အဆင်မပြေတုန်းဘဲ ရနေလို့မရပါဘူး တစ်သက်လုံးအတွက် ပြင်သွားရမှာပါ။ လူလတ်ပိုင်းရောက်လာတော့လည်း စီးပွားရေးအဆင်ပြေလာပြီဆိုရင် အလောင်းကစားဖက်လာကြပါတယ်။ အလောင်ကစားကြောင့် စီးပွားပျက်တဲ့သူတွေလည်းရှိပါတယ်။ လက်ထဲမှာ ငွေပြောင်နေစဉ်မှာတော့ နောင်ရပြီး “တော်ပါပြီ လောင်းကစားတော့ ဝေးဝေးကရှောင်ပါတော့မယ်” နောက်တော့ အိတ်ဖောင်းပြီး စိတ်ပြောင်းလာကာ အလောင်းကစားပြန်မလုပ်တာ အကောင်းဆုံးပါ။ နောင်တဆိုတာ တစ်ကြိမ်ပဲ ရဖို့ကောင်းတာပါ အကြိမ်ကြိမ်ရနေရင် အဲ့ဒီလူဟာ ဘယ်နေရာမှ သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ နောင်တဆိုတာ တစ်ကြိမ်ရလိုက်ပြီဆိုရင် မေ့မထားသင့်ပါဘူး။ အဲ့ဒီနောင်တမျိုး ဒုတိယအကြိမ် မရမိအောင် ကြိုးစားသင့်ပါတယ်။ ကျွန်တော်တို့ဘ၀ အနာဂတ်သာယာလှပအောင် ဘယ်သူကမှ မဖန်တီးပေးနိုင်ပါဘူး။ ကိုယ့်ဟာကိုယ် ဖန်တီးကြိုးစားရမှာပါ။ နောင်တအကြိမ်ကြိမ်ရဖူးသူတွေဟာ ဘယ်တော့မှ တိုတက်ကြီးပွားတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ လေးစားစွာဖြင့် တင်ပြခြင်းပါ ခင်ဗျာ ............


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>