`` ခင်ဗျားတိုကလဲဗျာ.......
=== ကားပေါ်ရဲ့တစ်နေရာ===
တက်မှာလား ဆင်းမှာလား တက်မှာဆိုလဲမြန်မြန်တက် ဆင်းမှာဆိုလဲမြန်မြန်ဆင်း
ဒါဗွီဒိယိုရိုက်နေတာမဟုတ်ဘူး ကျွန်တော်တို့ကအချိန်နဲ့အလုပ် လုပ်နေရတာ တက်မယ့်
သူတွေမြန်မြန်တက်ထားပါ ဆွဲဆရာရေ နောက်ကားပါတယ်...´´
``` ဟဲ့...ဟဲ့ ဖြေးဖြေးလုပ်ကြပါဟယ် ငါနေရာတောင်မယူရသေးဘူးတက်တုန်းရှိသေးတယ်
ဒီမှာလဲတော့မယ်ဟဲ့..´´´
`` ဟာဗျာ.. ကိုင်စရာတွေရှိတာပဲ ကိုင်ထားပေါ့ဗျ ခင်ဗျားတို့ကလဲ ခင်ဗျားတို့ဖြစ်တာက
အရေးမကြီးဘူး တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ပြဿနာတက်မှာဗျ ...´´
`` ဟေ့ဟေ့စပါယ်ယာ ငါဆင်းတော့မယ် ပိုက်ဆံပြန်အမ်းအုံးလေ´´
`` အမ်းမှာပေါ့ဗျ ခင်ဗျားတို့ကလဲ ဒီမှာအလုပ်ရှု့ပ်နေတာ တအောင့်တော့စောင့်ပေါ့ဗျ
ခင်ဗျားပိုက်ဆံကို ကျွန်တော်ကအမ်းမှာပါ...´´
စပါယ်ယာနှင့် နေ့စဉ်ခရီးသွားတို့ရဲ့အသံပါ...
ကားပေါ်မှာတော့ လူမျိုးပေါင်းစုံ ရဟန်းသံဃာတွေလဲပါရဲ့ ရဟန်းတစ်ပါးကဆွမ်းခံ
ကြွလာတာထင်ပါရဲ့သပိတ်ကပိုက်လျှက် မတ်တက်ရပ်စီးနေရပါတယ်...
သံဃာတော်များဦးစားပေးရန်နေရာမှာတော့ မိန်းခလေးနှစ်ယောက်ထိုင်လို့ စကားတွေ
ပြောရင်းရယ်လို့မောလို့ စပါယ်ယာကတော့ မြင်လျှက်မသိချင်ယောင်ဆောင် နေပုံရပါ
တယ် တစ်ခါတရံ ပိုက်ဆံအပိုပြန်မအမ်းလို့ ပွစိပွစိလုပ်ရင်းဆင်းသွားသောသူတွေကလဲ
မနဲ....စပါယ်ယာကတော့ တက်လာသမျှ ဆင်းသွားသမျှတွေကို အော်မြဲဟစ်မြဲငေါက်
နေမြဲ...သူရဲ့လုပ်စာထိုင်စားနေသူတွေအလား ပြေပြေပြစ်ပြစ်တစ်ခုမှမရှိ...
***********************************************
=== ဈေးဆိုင် အတွင်းမြင်ကွင်းတစ်ခု ===
``ညီမလေး ဟိုဖုန်းငွေဖြည့်ကပ်လိုချင်လို့´´ မသိသလိုသူဖက်နေသောဝတ္ထုကို အသေအလဲ
ဖက်နေဆဲ.. နောက်တစ်ရောက်ကိုလှမ်းမေးပြန်တယ် `` ဟိုညီမလေး ဖုံးငွေဖြည့်ကတ်
လိုချင်လို့ပါ...´´ သူကတော့ပြောလက်စ စကားကိုဖြတ်ရမှာစိုးဟန်တူသည် စကားသာ
ဆက်ပြောနေသည် မေးသူကိုတော့လှည့်တောင်မကြည့်.. ဒါနဲ့ဝတ္ထုဖက်နေသူထံ
`` ဒီမယ်.ညီမလေး ဖုံးငွေဖြည့်ကတ်လိုချင်လို့ပါ ´´ အသံနဲနဲကျယ်ကျယ်အော်လိုက်တော့မှ
`` ရှင်..အော်....ဟုတ်..ဟုတ်´´ အိမ်ယာကလန့်နိုးသူပမာ မျက်နှာကမကြည်မသာ
`` ဘယ်လောက်တန်လဲ ဘယ်နကတ်ယူမှာလဲ ´´ စကားသံကမကြည်မသာ လူကိုပေ
စောင်းစောင်းကြည့်ရင်းမေးလိုက်သောအသံ... `` ငါးထောင်တန် တစ်ကတ်ပါ ညီမ ´´
အံဆွဲထဲက ငွေဖြည့်ကတ်အစည်းကိုယူလျှက် ငါးထောင်တန် တစ်ကတ်ထုပ်ပြီး ကျွန်တော့
ရှေ့ပြစ်ချလိုက်ပါတယ် နော်ပြန်ပေးသော ငွေငါးထောင်ကိုယူပြီး အံဆွဲထဲပြန်ထည့်
ဝုန်းဆို အံဆွဲပြန်ပိတ်လိုက်ပါတယ် ပြီးတော့လှည့်တောင်မကြည့် သူဝတ္ထုသူပြန်ဖက်
နေပါတယ်...သူဆိုင်လာအားပေးတဲ့သူကို ကျေးဇူးတင်စကားပြောဘို့ ဝေးစွ ရန်သူ
တစ်ရောက်ဝင်လာသည်အလား ဆက်ဆံပုံက နောက်တစ်ခေါက်ဝယ်ချင်စရာ
ဘာယူအုံးမလဲတောင်ပြန်မမေး ကျွန်တော်က `` ညီမလေး ကော်ဖီမစ်အထုပ်ကြီးတစ်ထုပ်
လောက်ပါလိုချင်တယ် ´´ နော်ကို ထိုကောင်မလေးက မကြည်ကြည့်ပြန်ကြည့်
ပြီး `` ခုဏကထဲက လိုချင်တာတစ်ခါထဲမပြောဘူး ´´ နော်ကိုတောင်သူကပြန်
ဟောက်နေပါသေးတယ် နော်စိတ်ပျက်သွားပါတယ် `` ကဲရပါပြီညီမလေး မယူတော့
ပါဘူး ကျေးဇူးတင်ပါတယ် ´´ ဘာမှပြန်မပြောလှည့်တောင်မကြည့် သူနေရာသူပြန်ထိုင်
စာအုပ်ပြန်ဖက်နေပါတော့တယ်....
******************************************************
=== ကွန်ပျူတာနှင့် ဖုံးဆော့ဝဲထည့်သည့်ဆိုင် ===
`` ညီလေးရေ....အကိုဖုန်းထဲကို သီချင်းရိန်းတုန်း လေးထည့်ချင်လို့ နောက်ပြီး
ဆော့ဝဲလေးလဲ နဲနဲထည့်ချင်တယ်ကွာ....´´
လှည့်မကြည့်ပါ သူဘာလုပ်နေပါလိမ့် ငနဲချောက ဂိမ်းဆော့နေတာ
သူဆိုင်ဝင်လာသူကိုတောင် ဂရုမဆိုက်အား မေးတာပြန်မဖြေနိုင် နော်က နောက်တစ်
ခေါက် ပြန်ပြောတော့မှ နော်ဘက်ကိုလှည့်ကြည့်ပါတယ် ပြီးတော့သူကနော်ကိုမေး
ပါတယ် `` ဘာဆော့ဝဲလိုချင်တာလဲ ဆော့ဝဲတစ်ခုထည့်ရင်ငါးထောင်နော် ´´
ဘုရား.ဘုရား ဆော့ဝဲတစ်ခုထည့်ရင်ငါးထောင် စိတ်ထဲမှရေရွတ်ရင်း...
`` ညီလေးရယ် အကိုလဲထည့်ဘူးပါတယ် မများဘူးလားကွာ Viber လိုဆော့ဝဲ
ထည့်ရင်တောင် သုံးထောင်လောက်ပဲရှိတာပါညီလေးရာ အကိုက Call Blocker
ဆော့ဝဲလေးထည့်ချင်လို့ပါ ´´ နော်ပြောလိုက်တော့ ဆိုင်ကကောင်လေးကနော်ကို
မကြည်ကြည့် ကြည့်လိုက်ပါတယ် ပြီးတော့ပြန်ပြောလိုက်ပုံက ..`` အကိုပြောတဲ့ဆောဝဲလဲမရှိ
ဘူး ကျွန်တော်ပြောတဲ့ဈေးလဲ တစ်ပြားမှမလျှော့နိုင်ဘူး အကိုဈေးပေါပေါနဲ့လိုချင်ရင်
ဈေးပေါတဲ့ဆိုင် သွားပါ ကျွန်တော်လဲမအားဘူး...´´
ခတ်ပြတ်ပြတ်ဘုဂလန့်ပြန်ပြောရင်း သူဂိမ်းကိုပြန်ဆော့နေပါတယ်
ကျွန်တော်လဲ မတက်သာခပ်ခွါခွါနေရဘို့ ပြန်လှည့်လာရပါတယ်...
*********************************************
ကျွန်တော်အိမ်ပြန်ရင်း စဉ်းစားလာမိပါတယ်.............
တကယ်တော့ ခရီးသည်တွေဟာ ကားသမားတွေ စပါယ်ယာတွေအတွက်ထမင်းရှင်ပါ
ခရီးသွားတွေမရှိခဲ့ရင် ခရီးသည်တွေမလိုက်တော့ရင် ကားသမားနဲ့စပါယ်ယာတွေ
အတွက် ဘယ်လိုဘ၀ရပ်တည်မလဲ ကိုယ့်ဘ၀ ကိုယ့်မိသားစုဘ၀ရပ်တည်နေနိုင်တာဟာ
ခရီးသည်တွေကြောင့်ပါ... အဲ့ဒိခရီးသည်တွေကို ဘာကြောင့်များ ရိုင်းရိုင်းစိုင်းစိုင်း မရို
မသေဆက်ဆံနေရတာလဲ တကယ်ဆိုရင် ခရီးသည်တွေကို ကြင်ကြင်နာနာဆက်ဆံ
သင့်ပါတယ်... ဘာကြောင့်လဲ မေးရင် ခရီးသည်တွေဟာ ကားသမားတွေ စပါယ်
ယာတွေအတွက် ထမင်းရှင်တွေမို့ပါ...
*********************************
ဈေးဝယ်သူတွေဟာ ဈေးရောင်းသူတွေ အတွက်ထမင်းရှင်တွေပါပဲ ဈေးဝယ်သူ
လာလေ ကိုယ့်အတွက်အစဉ်ပြေလေ မဟုတ်လား ဈေးဝယ်သူမရှိတဲ့ဆိုင်ဟာ
ဘယ်လိုလုပ်ကြာရှည်ရပ်တည်နိုင်မှာလဲ ဈေးရောင်းတယ်ဆိုတာ အကျိုးပေးထက်
ဆက်ဆံရေးကလဲအရေးကြီးပါတယ် နော် နယ်စပ်တစ်ခုကိုရောက်ဘူးပါတယ်
သူများနိုင်ငံထဲကိုခေတ္တ၀င်ခဲ့ဘူးတယ် နေချင်းပြန်ပေါ့ဗျာ နော်ဟိုရောက်တော့
အမှတ်တရတခုခုဝယ်မယ်လို့စဉ်းစားပါတယ် ခေါ်သွားတဲ့ အန်တီက ငါ့တူရေ
မင်းအိမ်ချည်ဝယ်ပါလားတဲ့ ဒီမှာဈေးသက်သာတယ်တဲ့.. ဒါနဲ့နော်လဲ အိမ်ချည်
အရောင်းဆိုင်တစ်ခုထဲဝင်လိုက်ပါတယ် ဆိုင်ထဲရောက်တော့ မြန်မာမလေးတွေပါ
ဈေးရောင်းနေတာကလေ.. ဆိုင်ထဲဝင်လိုက်တာနဲ့ မင်္ဂလာပါဆိုတဲ့စကားသံ ဘာလိုချင်
လဲ ကြိုက်နှစ်သက်ရာကိုကြည့် လိုချင်တဲ့အရာကိုပြောပါ စိတ်တိုင်းကျဖြစ်စေရပါ့မယ်ရှင့်
စသည် စသည် စကားတွေကလဲဖောင်နေလိုက်တာ သူဆွေမျိုးတွေ့တဲအတိုင်းပဲ
နော်က အိမ်ချည်တစ်ထည်လောက်ကြည့်ချင်တယ်လဲဆိုရော အိမ်ချည်မျိုးစုံ
ရှေ့လာချပေးပါတယ် နော်ပြောတာက တစ်ထည်ထဲ သူတို့ချပေးတာက အိမ်ချည်
အထည် နှစ်ဆယ်ခန့်ရှိမည် နော်လဲလိုချင်တာလိုက်ကြည့်ပါတယ် မတွေ့ဘူး
ဒါနဲ့ မကြိုက်ဘူးဆိုတော့ သူတို့ကဘာပြောတယ်မှတ်လဲ `` ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်
ရှင့် နောက်ကိုလဲလာအားပေးအုံးတဲ့ မ၀ယ်ပင်မဲ့ အခုလိုလာရောက်ကြည့်တာကိုပဲ
ကျေးဇူးတင်ပါတယ် အကိုလိုချင်တဲ့ အိမ်ချည် ဟိုဘက်ဆိုင်မှာရနိုင်ပါတယ်တဲ့
အဲဒိဆိုင်လဲဝင်ကြည့်သွားလိုက်ပါတဲ့ မောနေရင် ရေလေးများသုံးဆောင်အုံးမလားရှင်တဲ့
နော်မ၀ယ်ပင်မဲ့အရမ်းအားနာသွားတယ် မကြိုက်ပင်မဲ့ အိမ်ချည်တစ်ထည် ရွေးပြီး
ဝယ်ခဲ့မိတယ် နော်တို့ဆီကဆိုင်တွေနဲ့ ကွာပ....
တကယ်တော့ ဈေးဝယ်သူတွေကို ဈေးရောင်းသူတွေက ပြေပြေပြစ်ပြစ်ဆက်ဆံသင့်
ပါတယ် ဘာကြောင့်ဆိုတော့ ဈေးဝယ်သူတွေဟာ ဈေးရောင်းသူတွေအတွက် ထမင်းရှင်
တွေပါ......
********************************************************
ပညာနဲ့ ငွေရှာနေသူတွေလဲ ဒီအတိုင်းပါပဲ ကိုယ့်ဆီလာတဲ့သူကို အရေးတယူဆက်ဆံ
သင့်ပါတယ် မတံမဆလဲ မတောင်းသင့်ပါဘူး ရှင့်လဲလျှောက်သာ ပျားလဲဆွဲသာဆိုတဲ့
စကားလိုပါပဲ ကိုယ်လဲအစဉ်ပြေ တဖက်သားလဲအစဉ်ပြေဆိုရင် ပိုကောင်းမယ်ထင်
ပါတယ် တစ်ခါဆက်ဆံ ဆယ်ခါလံဆိုတာမျိုးမဖြစ်သင့်ပါဘူး...
ပညာရှင်တွေအတွက်လဲ ကိုယ်ဆီပစ္စည်းလာအပ်တဲ့ သူဟာကိုယ့်ရဲ့ထမင်းရှင်ပါပဲ
ကိုယ့်ပညာဘယ်လောက်ကောင်းကောင်း ပစ္စည်းအပ်တဲ့သူမရှိရင်တော့ အဲဒိ
ပညာဟာ ထမင်းငတ်မဲ့ပညာဖြစ်သွားတက်ပါတယ်...
*****************************************
ဒါကြောင့်အားလုံးကိုနော်ပြောချင်တာက ကိုယ့်ရဲ့ထမင်းရှင်တွေကို အပြန်ပြန်အလှန်လှန်
ကြင်ကြင်နာနာဆက်ဆံသင့်ပါတယ်
ထမင်းရှင်ကို ကြင်နာလှည့်ပါလို့ ပြောရင်းးးးးးးးးးးးးးးးးးးးးးးးး
ကျွန်တော်ရဲ့အတွေးကို တစ်ခန်းရပ်လိုက်ပါတယ်
==============================================
နော်တွေးမိတာကို ချရေးလိုက်တာပါ
စာဖက်သူများကြိုက်သလို ဝေဖန်နိုင်ပါတယ်
===================================================
`` သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ´´
ခင်တက်တဲ့ လူကဲလေး :p