အမှာစာ
ကျွန်တော်သည်ကျမ်းတက်ပေတက်မဟုတ်ပါ...။ဆရာကြီးလည်းမဟုတ်ပါ...။
ကျွန်တော်ကိုတချိန်ကပြောပြခဲ့ တဲ့ ရှေးလူကြီးတွေစကားနှင့်
ကျွန်တော်ဖက်ဖူးသောစာတိုပေစလေးများမှ
မှတ်မိသလောက်ပြန်လည်တင်ပြပါသည်..သိသူရှိလျှင်လည်း
ရှိပါမည်။မသိသူရှိလျှင်လည်းရှိပါမည်။အာလုံးအတွက်အသုံဝင်စေချင်
သည့်အတွက်တင်ပြအပ်ပါသည်။အမှားအရွင်းများရှိလျှင်လည်း
ထောက်ပြနိုင်ပါသည်။ကျေးဇူးတင်ပါသည်။စာဖက်သူအပေါင်းသူငယ်ချင်းတို့ ။
အမျိုးကောင်းသားအမျိုးကောင်းသမီးတို့ အိမ်ထောင်ပြုကြတော့မည်ဆိုလျှင်....
ဒီအရာလေးတွေကိုအရင်ဆုံးလေ့လာစေချင်သည်။
(၁)မိမိသည်ဗုဒ္ဓဘာသာဝင်လူမျိုးဖြစ်လျှင်..မိမိရွေးချယ်သောအမျိုးကောင်းသားအမျိုး
ကောင်းသမီးသည်..မိမိနှင့်ဘာသာတူသူဖြစ်ရပါမည်။
(၂)မိမိရွေးချယ်ထားသောအမျိုးကောင်းသား/သမီးသည်ကျောင်းကြီးဖျိုမျိုးရိုးမဟုတ်ရပါ။(နောက်မှကျောင်းကြီး
ဖျိုအကြောင်းရှင်းပြပါမည်။)
(၃)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်အယူလွဲမှားသောဒိတ္ထိစရိုက်ရှိမရှိလေ့လာပါ။
(၄)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်စန္ဒာလမျိုးရိုးရှိ/မရှိလေ့လာပါ။
(၅)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်ပြည်တန်ဆားမျိုးရိုးရှိ/မရှိစုံစမ်းပါ။
(၆)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်အနာကြီးရေားဂါရှိမရှိလေ့လာထားပါ။
(၇)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်ကျိန်စာသင့်သောမျိုးရိုးရှိ/မရှိလေ့လာပါ။
(၈)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်ဂိုဏ်းသင့်သူဟုတ်မဟုတ်လေ့လာပါ။
(နောက်မှာဂိုဏ်းအကြောင်းရှင်းပြမည်။)
(၉)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်ကျန်းမာရေးအပြည့်အဝရှိ/မရှိလေ့လာပါ။
(၁၀)မိမိရွေးချယ်သောအမျိုးကောင်းသား/သမီးသည်နူနာစွဲကပ်သောရောဂါရှိ/မရှိလေ့လာပါ။
လောကတွင်ပိုက်ဆံရှိသည်/မရှိသည်အရေးမကြီး။
ဆင်းရဲသည်/ချမ်းသာသည်အရေးမကြီး။
ရုပ်လှသည်/ရုပ်ဆိုးသည်အရေးမကြီးပါ။
(စိတ်နှလုံးသားတွေဖြူစဉ်ဖို့ ဆိုတဲ့ အကြောင်းတော့ထည့်မပြောတော့ပါဘူး
စာဖက်သူလည်းဘယ်လိုလူမျိုးကိုနှစ်သက်မယ်ဆိုတာကိုယ်ဘာသာကို
အသိဆုံးမို့ /ကျွန်တော်မပြောတော့ပါ။)
အဓိကအရေးကြီးသည်ကအပေါ်ကအချက်အလက်များသည်အရမ်းအရေးကြီးပါသည်။
ကျွန်တော်ပြောတာမဟုတ်ပါ။ရှေးလူကြီးများကပြောဆိုဆုံးမခဲ့ သောစကာများဖြစ်ပါသည်။
ဒီစာများကိုဖက်သောစာဖက်သူ..သူငယ်ချင်းများရင်ထဲတွင်
တစုံတခုရရှိသွားလျှင်ရေးရသူရေးရကြိုးနပ်ပါသည်။မိမိသိရှိထားသော
ဗဟုသုတုများကိုမျှဝေခံစားပါသည်။ကျွန်တော်တင်ပြသောအယူအဆများ
မှားသည်ဆိုပါကကျွန်တော်ညံ့၍သာဖြစ်ပါသည်ဟုပြောကြားရင်း...........
အမျိုးကောင်းသား/သမီးတို့ နှင့်မင်္ဂလာရှိရှိလက်ထပ်ပေါင်းသင်းနိုင်ကြပြီးပျော်ရွှင်နိုင်ကြပါစေသား။
မရှင်းသည်များကိုဤအကောင့်သို့ အပ်ပြီးမေးမြန်းဆွေးနွေးနိုင်ပါသည်။(bf.star501@gmail.com)
(ကျောင်းကြီးဖျိုမျိုးရိုးဆိုသည်မှာသာသနဘောင်မှသိက္ခာမချရသေးသော
ရဟန်းနှင့်လူမိန်းမတို့ မှမွေးဖွားသောသား/သမီးများကိုပြောတာဖြစ်ပါသည်။
ဘုန်ကြီးလူထွက်နှင့်မသက်ဆိုင်ပါ...သိက္ခာချလူထွက်ပြီးမှမိန်းမနှင့်ရသော
သားသမီးဆိုလျှင်ဘာမှမဖြစ်ပါ.....)
(ဂိုဏ်းသင့်သူဆိုသည်မှာ....ဘုရား...တရား..သံဃာ..ဆရာ..မိဘ...တို့ ကို
ကာယာကံဖြင့်ဖြစ်စေ...ဝစီကံဖြင့်ဖြစ်စေ...မနောကံဖြင့်ဖြစ်စေ....
ပြစ်မှားမိသူသည်အနန္တေအနန္တဂိုဏ်းသင့်ပါသည်)