Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

★ ကဗျာရှင် အဆိပ်သင့်ရင်ခွင် ရဲ့ မျက်ရည်မှင်နီ ကဗျာ Show ♪♫

$
0
0

ကဗျာရှင် အဆိပ်သင့်ရင်ခွင် ရဲ့ မျက်ရည်မှင်နီ ကဗျာ Show

“ အမေ ”


‘ ပဉ္စသိင်္ခ ’ ရဲ့
‘ ဗေလုဝ ’ နတ်စောင်းသံဟာ
အမေ့ရဲ့ ဆူငေါက်သံလောက်
မချိုမြိန်ပါဘူး အမေ……..။
တုနှိုင်းမရ မြတ်ဗုဒ္ဓနဲ့
တစ်တန်းတည်း ကိုးကွယ်ခွင့်ရှိတဲ့သူမို့
သားဂုဏ်ယူလို့ မဆုံးပါဘူး အမေ…….။
သန္ဓေတည်စဉ်ကစလို့
မွေးဖွားချိန်အထိ
အန္တရယ်မဖြစ်အောင်
စောင့်ရှောက်ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ် အမေ…….။
ဘယ်တော့မှမပြောင်းတဲ့
မေတ္တာတရားတွေကြောင့်
လောကအလယ်မှာ
ကမ္ဘာတည်သရွေ့
ဘယ်တော့မှမပျောက်ဆုံးတဲ့
နာမည်တစ်လုံးက “အမေ” ပါပဲ…..။

“ သူငယ်ချင်းသို့ ”


ချစ်သူ…….

သူငယ်ချင်းထက်

ပိုနေတဲ့ငါ့ရဲ့

အချစ်တွေကို

မျိုသိပ်နေရတာ

အရမ်းခက်တယ်ကွာ

အခုလိုတိတ်ဆိတ်နေတဲ့

ညတွေဆို မင်းအကြောင်း

တွေးရင်းကဗျာရေးမိတယ်

အခုချိန်ဆို မင်းဘာလုပ်နေမလဲ ?

သူငယ်ချင်း မင်းအိပ်နေပြီလား

ငါကတော့ မင်းအကြောင်းတွေးရင်း

အိပ်မပျော်သေးဘူးကွာ……

မကြာခင်ရောင်နီလာတော့မယ်

တစ်ရေးမှမမှေးရသေးတဲ့

ငါ့မျက်လုံးတွေထဲမှာ

မင်းပုံရိပ်တွေပဲ စိုးမိုးနေတယ်

သူငယ်ချင်းရေ……….

မင်းကိုချစ်တယ်ကွာ♥♥♥

“ ခွင့်ပြုပါ ”


ဝေးကြပြီဆိုတဲ့စကား မင်းမပြောနဲ့

အတွေးထဲမှာတောင် မခွဲနိုင်ဘူး

သတိရနေမယ်ဆိုတဲ့စကား မင်းမပြောနဲ့

မင်းရဲ့အရိပ်ကလေးအဖြစ် ငါရှိချင်တာ

မင်းရဲ့အနောက်တစ်ကောက်ကောက်လိုက်လို့

မင်းစေရာနေ မင်းခိုင်းတာလုပ်

မင်းရဲ့အရုပ်ကလေးလို

မင်းရဲ့အနားနေပါရစေ

ချစ်သူ……………………♥♥♥

“ ငါဖြစ်ချင်တယ် ”


ရင်ခုန်ခြင်းမရှိပဲ တည်ငြိမ်နေတဲ့

နင့်နှလုံးသားကို လှုပ်နိုးသက်ဝင်စေတဲ့

သူဟာ ငါဖြစ်ချင်တယ်…..

အထိအတွေ့တွေကို မတုန်လှုပ်တဲ့

နင့်ကို ပျာယာခတ်လောက်အောင်

ရင်ခုန်စေတဲ့သူဟာ ငါဖြစ်ချင်တယ်…..

မချစ်ဖူးတဲ့နင့်ကို ချစ်တတ်အောင်

သင်ပေးတဲ့သူဟာ ငါဖြစ်ချင်တယ်…..

နင့်ရဲ့နှလုံးသားကို ပိုင်ဆိုင်မဲ့

နင့်ရဲ့ချစ်သူဟာလည်း

ငါပဲဖြစ်ချင်တယ်…..

တဆိတ်လောက် ချစ်ကြည့်စမ်းပါ

ချစ်သူ……………….♥♥♥

“ ချစ်သူသိစေချင် ”


မိုးလင်းတိုင်းသတိရတတ်တာ

မိုးချူပ်တိုင်းတမ်းတတတ်တာ

အိမ်မက်တိုင်း မင်းကိုစွဲလမ်းတာ

အမြဲတမ်းမင်းကိုတွေ့ချင်တာ

အချိန်တိုင်းမင်းအသံကြားချင်တာ

ပြော…..ဆိုတော့လည်း

မပြောရဲဘူး

မင်းအကြောင်းပြောချင်နေတိုင်းမှာ

အခြားတစ်ယောက်အကြောင်း ပြောနေမိတယ်

မင်းနဲ့တွေ့မြင်ချင်တိုင်း

စိတ်ကူးယဉ်မိရဲ့

သြော်….. ချစ်သူရယ်

ဘယ်တော့များမှ ကြင်နာရမှာပါလိမ့်

ငါ့ရဲ့ခံစားချက်တွေများနေပေမဲ့

ဖွင့်မပြရဲခဲ့ဘူး….

ငါကချစ်သာချစ်ချင်တာ

လူမိမှာတော့ကြောက်တယ်……..♥♥♥

“ ချစ်သူသို့”


ကောင်မလေး

ကောင်းမွန်တဲ့ပဌန်းဆက်ကြောင့်

ဒီဘဝလူဖြစ်လို့

မင်းနဲ့တွေ့ခွင့်ရခဲ့တယ်

မင်းပုံရိပ်သွင်ပြင်လွှာကို

ငါ့ဦးနှောက်ထဲမှာ

စွဲမြဲနေခဲ့တယ်

ကောင်မလေးရယ်

လူတစ်ယောက်ကို

စွဲဆောင်နိုင်တဲ့ဆုကို

ဘယ်နတ်ဘုရားထံမှာ

လက်ဝါးဖြန့်ကာဆုတောင်းခဲ့တာလဲ….???

နှလုံးသားနံရံလေးမှာ

မင်းနာမည်လှလှလေးကို

ကမ္ပည်းတင်ပြီး

ရေးထွင်းလို့ထားချင်တယ်

ပင်လယ်ပြာပြာနဲ့

ကောင်းကင်ကြီးကိုတိုင်တည်ပြောရရင်

ငါမင်းကိုအရမ်းချစ်တယ်

အခုတော့………….

ငါ့မှာအသည်းမာမာ မရှိတော့ဘူး

နှလုံးသားပစ်မှတ်နဲ့

အချစ်မြှားတွေပဲ ကျန်တော့တယ်

ချစ်သူ……….♥♥♥

“ နှောင်ကြိုး ”


♥ ကောင်မလေး

မင်းမျက်နှာ ဝင်းပပကို

ငါအမြဲတမ်းလွမ်းနေသူ

♥ ကောင်မလေး

မင်းရယ်သံ လွင်လွင်ကို

ငါအမြဲတမ်းကြားချင်သူ

♥ ကောင်မလေး

မင်းပျော်ရွှင်ခြင်းတွေကို

ငါပေးစွမ်းချင်သူ

♥ ကောင်မလေး

မင်းရဲ့လိုအင်တွေကို

ငါဖြည့်စွမ်းချင်သူ

♥ ကောင်မလေး

ဒီညမှာလသာနေတယ်

မင်းကောင်းကင်ကြီးကို

မော့ကြည့်လိုက်စမ်းပါ

ငါမင်းကိုကြည့်နေတာ

မင်းတွေ့လိမ့်မယ်

ငါ…စိတ်ကူးတွေကို စုပုံထားပြီး

ကြယ်တွေကိုလွင့်ပစ်နေမိတယ်

ချစ်သူ….♥♥♥

“ မနက်ဖြန် ”


ငါ့စောင့်နေတာပါကွာ

မနက်ဖြန်ကိုပေါ့

စောင့်သာနေရတာ

ငါမျော်လင့်တဲ့ မနက်ဖြန်က

ဘယ်တော့မှရောက်မလာဘူး

မနက်ဖြန်ကျရင်တော့

မနက်ဖြန်ကိုတွေ့ကောင်းပါရဲ့

မနက်ဖြန်ကိုစောင့်ရင်း

ဒီနေ့တွေပဲပြုတ်ကျလာတယ်

မနက်ဖြန်က မနက်ဖြန်မှာပေါ့

ခုချိန်ထိတော့ ရောက်မလာသေးဘူး

ငါစောင့်နေဆဲပဲ

မင်းပြောဦးမလား

ဒီနေ့ကမနေ့ကရဲ့

မနက်ဖြန်လို့လေ…မဟုတ်ဘူး

ဒီနေ့မှာလည်း မနက်ဖြန်ကရောက်မလာဘူး

မနက်ဖြန်က မနက်ဖြန်မှာပေါ့

မင်းခေါင်းရှုပ်သွားပြီလား

ကိစ္စမရှိပါဘူး

မနက်ဖြန်ကျရင် နားလည်သွားပါလိမ့်မယ်

ခုချိန်ထိတော့ရောက်မလာသေးဘူး

မနက်ဖြန်က မနက်ဖြန်မှာပေါ့….

ဒီနေ့ဆိုတာရှိနေသမျှ

မနက်ဖြန်ဆိုတာ ရှိနေမှာပဲ

မနက်ဖြန်ဆိုတာရှိနေသမျှ

ငါမင်းကိုချစ်နေမှာပဲ…….. ♥♥♥

“ မျော်လင့်သူ ”


ယုံကြည်မှုဆိုတာ

ပိရမစ်တွေလောက်

တည်ဆောက်ရတာမလွယ်ဘူး

လောလောဆယ်တော့

သံသရာမိုးတွေပဲ ရွာနေခဲ့တယ်

ဘာအချိန်းအချက်မှ မရှိပါပဲ

လမ်းခွဲတွေနဲ့ ဖူးစာဆုံနေဦးမလား

အတွေးမခေါင်တော့ပါဘူးလေ

သံသရာဆိုတာ အရောဝင်လို့

ကောင်းတဲ့အရာမဟုတ်ဘူး

တစ်ယောက်က တစ်ယောက်လက်ကို ဖမ်းဆုပ်ဖို့

တစ်ယောက်က တစ်ယောက် အနမ်းကို မန်းရှိုက်ဖို့

တစ်ယောက်က တစ်ယောက်မျက်ရည်ကို ငိုကြွေးဖို့

တစ်ယောက်က တစ်ယောက်အပြုံးကို ရယ်မောဖို့

သြော်…..တစ်ယောက်တစ်ကမ္ဘာစီဝေးလို့……

ဖြစ်ချင်တော့ ငါချထိုးတဲ့လောင်းကြေးက

တစ်ဘဝစာအကုန်ပဲလေ…….

ဘာလက်လို့လဲ ဘဝအဓိပ္ပာယ်ဆိုတာ

ချစ်သူရဲ့လက်တစ်ဖက်ကိုလေထဲမှာ

ဝှေ့ရမ်းလိုက်တာနဲ့ ဆုပ်ကိုင်နိုင်တာပဲ….

တစ်ခုပဲ……

မျော်လင့်ချက်ဆိုတာ…..

ကောင်းမွန်တဲ့နံနက်စာ ဖြစ်သလို

ညံဖျင်းတဲ့ညစာလည်း ဖြစ်နိုင်တယ်

သေချာတာကတော့

မျော်လင့်သူဆိုတာ

ခံတွင်းပျက်နေတဲ့ သူတစ်ယောက်ပဲ………။

“ လွမ်းချင်း ”


မင်းပျော်တိုင်း ငါရယ်နိုင်ဖို့

အရှုံးတွေပဲ ရခဲ့တဲ့ဘဝမှာ

ဘယ်သူမှ ငါ့ဘက်မှာမရှိခဲ့ဘူး

ရင်ခွင်တစ်ခုရဲ့ နွေးထွေးမှု

မမျော်လင့်တော့ဘူးကွာ

ကြားချင်ခဲ့တဲ့ ချစ်စကား

မတောင်းဆိုတော့ဘူးကွာ

ဘာတွေပဲဖြစ်ဖြစ်

ချစ်နေဆဲပါကွာ

ဘာတွေပဲပြောပြော

လွမ်းနေခဲ့မှာပါ………။

“ ပြောချင်ပေမဲ့ ”


မင်းမရှိပေမဲ့ ငါကြည့်နေခဲ့တယ်

မင်းမနမ်းပေမဲ့ ငါလွမ်းနေခဲ့တယ်

မင်းမကြားပေမဲ့ ငါပြောနေခဲ့တယ်

မင်းမသိပေမဲ့ ငါရှိနေခဲ့တယ်

မင်းအရိပ်မှာ ငါအိပ်နေခဲ့တယ်

မင်းအနားမှာ ငါသွားနေခဲ့တယ်

မင်းမလာပေမဲ့ ငါခေါ်နေခဲ့တယ်

ပြောချင်ပေမဲ့ ပြောမထွက်ခဲ့ဘူးချစ်သူ♥♥♥

(အဆိပ်သင့်ရင်ခွင်)

“ ယုံပါ…..”


လက်တစ်ကမ်း အကွာလောက်ပါပဲ
ရှေ့တစ်လှမ်းတိုးဖို့အတွက်
ကမ်းပါးအစပ်ကို ရောက်နေပြီ ။
နီးနီးလေးမို့
လှမ်းသွားချင်ပေမဲ့
အပြီးတိုင်ခွဲရမှာကိုတော့ မလိုချင်ဘူး ။
ဒါပေမဲ့………
ကြိုးစားမှုတစ်ခုမှာ
အောင်မြင်မှု ရှိချင်တာ ။
ပန်းတိုင်ကို တွေ့နေပြီလေ
ငါဟာ…
ပုံပြင်ထဲက ယုန်မဟုတ်တော့
ကောင်မလေးရေ…
ငါ့ကို ယုံပါ………။

“ အလွမ်း ”


မင်း နဲ့ ငါ
ရောက်တတ်ရာရာ စကားတွေပြောရင်း
ကုန်လွန်ခဲ့တဲ့ အချိန်တွေကို သာယာမိပေါ့ ။
မတွေ့ရတဲ့ ရက်တွေအတွက်
အနေခက်နေတုန်း
ငါ့အတွက်
ပျော်စရာ ရက်တစ်ရက်
ပျောက်ဆုံးသွားတယ် ။
ရင်ထဲက ဝေဒနာကို
ထုတ်ဖော်ပြသဖို့
သံစဉ်တွေကြားထဲ မှေးစက်ရင်း
အလွမ်းတွေကို မျိုချရလွန်းလို့
မျက်ရည်တွေတောင်
ခမ်းခြောက်ကုန်ပြီ ။
ကောင်မလေးရေ…..
စေတနာမပါရင်တောင်
ဝေဒနာတွေ ခဏခွာပြီး
ပဉ္စမံတွေရဲ့ ထုံးစံအတိုင်း
သေမိန့်ပေးလိုက်ပါ ။
ကာရံထားတဲ့
တံတိုင်းကို ကျော်ဖြတ်ဖို့အတွက်
အလွမ်းတွေကို မကြောက်ဖို့
ငါ့နှလုံးသားကို
လေ့ကျင့်ပေးထားမယ် ။

“ ဒီည ”


♥ ဒီည…..
ငါ့အတွက်…..
အဆိပ်တတ် အိပ်ပျက်ည
တိတ်တိတ်ကလေး ကြိတ်ဆွေးရတဲ့ည
ဆိုညည်းသံစဉ် ဈာန်မဝင်တဲ့ည
အလွမ်းခိုဝင် ငိုချင်နေတဲ့ည ။ ။
♥ ဒီည
လောင်တိုက်အသွင်းခံထားရသလို
ငါ ကိုယ် ငါ ထင်မိပေါ့…….
အလွမ်းတွေနဲ့ ပူပြင်းတဲ့ည ။ ။
♥ ဒီည
ရန်သူဓါးချက်အောက်
ဒူးထောက်နေရသူလို
ရှုံးနိမ့်မှုဆိုတာကို ခံစားရင်း
ဒဏ်ရာတွေ မော့သောက်တဲ့ည ။ ။
♥ ဒီည
တစ်ပတ်မှာ
တစ်ရက်သာမို့ ကြာလွန်းတယ်ကွာ
အလွမ်းနာရီ တာရှည်တဲ့ည ။ ။

“ နှလုံးသားဖျားနေသည် ”


မျက်စိရှေ့မှာ ပျောက်ဆုံးသွားတဲ့
ပြက္ခဒိန် စာရွက်တစ်ခု
နောက်တစ်နေ့လို့ခေါ်တဲ့
ဒီနေ့ရဲ့ အာရုဏ်ဦး
သတိရမှုတွေနဲ့ နိုးထခဲ့တယ်
ပြီးသွားပြန်ပြီ
ရင်ကွဲနာကျ သေဆုံးသွားတဲ့
နေ့တစ်နေ့တော့
လိုက်ပို့သူမရှိ ငိုကြွေးသူနတ္ထိ
လူမသိ သူမသိ
တိတ်တဆိတ် သဂြိုလ်လိုက်ရပြီ ။
မနက်ဖြန်ရေ…..
ငါ…… မင်းကို
ကြိုဆိုပါတယ်
ဒါပေမဲ့……..
မင်းရင်ထဲက အလွမ်းတွေကို
ဒီနေ့တော့ လွှင့်ပစ်ပေးပါ
ငါခံနိုင်ရည် မရှိသေးလို့ ။ ။
“ အဖြည့်ခံ ”
မင်းသာလိုအပ်မယ် ဆိုခဲ့ရင်
ငါ့ကို Joker လို
သတ်မှတ်လို့ရတယ် xxx
မင်းရဲ့လိုအပ်မှုတွေ
ကုန်ဆုံးသွားခဲ့ရင်တော့
ငါဟာ အမှိုက်တစ်အဖြစ်
စည်ပင်ကားပေါ်
ခုန်တတ်လိုက်မယ် xxx
မင်းဘဝအခြေမြင့်ဖို့
ငါဟာလှေခါးထစ်အဖြစ်
ရှိနေမဲ့သူမို့ မင်းအတွက်ဆို
ဘယ်တော့မှမဆိုးသွမ်းဘူး
ဒါပေမဲ့…..
ရင်ထဲမှာ ခိုးနမ်းမိတာကိုတော့
ခွင့်လွတ်ပါ xxx

“ ကဗျာဆရာ ”


ကောင်းကင်ကိုအမိုးလုပ်
မြေပြင်ကိုအခင်းထား
စင်္ကြာဠာရဲ့ တံတိုင်းတွေကို
အကာအရံပြုပြီး
အိမ်ဆောက်နိုင်စွမ်းရှိတာ ကဗျာဆရာ !!!
မီးပင်လယ်ရဲ့
တစ်ဖက်ကမ်းကို လက်ပစ်ကူး
ဓါးတောင်အထပ်ထပ်ကို
ကျော်ဖြတ်နိုင်စွမ်းရှိတာ ကဗျာဆရာ !!!
လိုအပ်မယ်ဆိုရင်
လမင်းကိုမှန်အိမ်အဖြစ်အသုံးပြု
ကြယ်စင်တွေကို ထွန်းညှိပြီး
ချစ်သူကိုလမ်းပြပေးနိုင်တာ ကဗျာဆရာ !!!
ကဗျာဆရာဆိုတာ ……
စိတ်ကူးတွေက မုသားမလွတ်ပေမဲ့
ကဗျာဆရာရဲ့ ရင်ထဲမှာတော့
ဖြူစင်တဲ့နှလုံးသား
ရှိနေမယ်ဆိုရင်
ယုံကြည်နိုင်သူ ရှိပါ့မလား…….။…..။… ???

“ စိတ္တဇ ”


ကယ်ကြွေတာကို ကြည့်ပြီး
ရင်နဲ့မဆန့်အောင်
ခံစားရတဲ့အခါ....။……။
ပန်းတစ်ပွင့်
နမ်းပြီးလွှင့်ပစ်တာကို
မြင်ပြီးဝမ်းနည်းစွာ
ခံစားရတဲ့အခါ….။……။
သစ်ရွက်တစ်ရွက်
သစ်ပင်ထက်က
ကြွေကျတာကို
တွေ့ရတဲ့အခါ….။……။
တကယ်လို့များ
ငါ့ကို….။……။
နင်…..အမုန်းတွေ
ပေးတော့မယ်ဆိုရင်….။……။ !!

“ အချိန်မှီ ”


ကြယ်စင်တွေကို ငေးကြည့်မိတော့
ပုံရိပ်တစ်ခုကိုတွေ့တယ်….***
အိမ်မက်ထဲကို ရောက်လာတတ်တဲ့ အရိပ်ကလေး
မင်းထွက်ပြေးလို့ လိုက်ရှာခဲ့ရတာ
စင်္ကြာဝဠာတစ်ခုလုံး မွစာကြဲသွား
ဖြေသိမ့်နိုင်ဖို့အတွက်
အရက်တစ်ခွက်ကို မော့သောက်
ခါးသက်သက်အရသာက
လည်ချောင်းဝကို ရောက်တော့
ရင်ထဲမှာ ဖတ်ဖတ်ကိုမော….***
နှလုံးသားမှာ အရှုံးများကိုပိုက်ထွေး
ငိုကြွေးမှုတွေကို ခဝါချ
ငါ…. တွေးကြည့်မိလိုက်တယ်….***
အရက်တစ်ခွက်ရဲ့ ခါးသက်သက်အရသာက
မင်းနှုတ်ခမ်းက ပျားရည်နဲ့ရောထားတဲ့
အဆိပ်တွေထက်စာရင်
တော်သေးတာပေါ့လို့….***….***….။……။

“ သေမင်းကိုစိန်ခေါ်သူ ”


နာရီသံ တစ်ချက်ချက်က
“ ဇရာ ”ဆိုတဲ့အရာကို
လက်ယပ်ခေါ်နေသလို
နုပျိုခြင်းကို ကုန်ဆုံးစေခဲ့။ ။
ရှေ့မှာမှန်တစ်ချပ်ချ
မနေ့ကတွေ့ခဲ့တဲ့ “ငါ”
ပြန်ရှာကြည့်မိတော့
ပြန်မလာတော့ဘူးတဲ့။ ။
ဒီနေ့
နောက်နေ့
အသက်ရှုနေသရွေ့
စက္ကန့်နဲ့အတူ အလံထူပြီး
ရန်သူတစ်ယောက်သဖွယ်
ခြုံကွယ်တိုက်ခိုက်နေတော့
အထိတော့နာတာပေါ့
ဘယ်တော့ကိုယ့်အလှည့်ဆိုတာ
မသိပေမဲ့လည်း
တစ်ခုတော့ပြောလိုက်မယ်
ဒီမှာ…….သေမင်း
မင်းကိုစစ်ခင်းဖို့တော့ မကြောက်
ငါ့နောက်မှာ နောက်တစ်တပ်ရှိတယ်
မိုက်ရင်ထွက်ခဲ့ ။ ။

“ အိမ်မက် ”


ငါကဗျာတစ်ပုဒ်ကို အသက်သွင်းပြီး
ငါ့စိတ်တွေကို နှစ်မြုတ်လိုက်တယ်
စိတ်ရဲ့ထွက်ပေါက်တွေအတွက်
ကဗျာတံခါးတွေ ဖွင့်ပေးလိုက်တယ်
ငါ့စိတ်ဆန္ဒအတိုင်း ကဗျာတစ်ပုဒ်ဖြစ်လာပေမဲ့
ငါစိတ်အလိုမကျခဲ့ဘူး........။
ဟိုအရင်က စိုပြေခဲ့တဲ့ငါ့စိတ်ကူးတွေ
အခုတော့ခြောက်ကပ်နေခဲ့ပြီ
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပေမဲ့
နာရီတွေကတော့ ခရီးဆက်တုန်းပဲ
လရောင်ပင်လယ်အောက်မှာ
စိတ်ကူးရွက်လှေလေးကို လှော်ခတ်ကြည့်တော့
ဦးတည်ချက်မရှိသလို
ခိုနားဖို့နေရာလည်း မရှိခဲ့ဘူး
ကံကြမ္မာမုန့်တိုင်း မတိုက်ခင်တော့
ငါခိုနားစရာတစ်ခု တွေ့လောက်ပါရဲ့
ဒဏ်ရာတွေများနေတဲ့ လှေငယ်လေးက
ငါ့ကိုဘယ်ထိပို့ဆောင်ပေးနိုင်ပါ့မလဲ
ရက်စက်ခြင်းရေလှိုင်းအောက်မှာ
မနစ်မြုတ်ခင် ငါ့ကိုနိုးထခွင့်ပြုပါ....။

မျက်ရည် မှင်နီ


သိက္ခာတရားဆိုတာ
နေရာတကာမှာ
ရှိနေတာလား…..
သူ့ရဲ့အကာအရံ တွေကြောင့်
ငါ…… ဆွံ့အနေခဲ့ရပြီ ။
ကောင်မလေးရေ…..
ရင်ထဲကစကားတွေကို
ပြောပြနိုင်ဖို့
ငါ့နှလုံးသားကို
လက်တို့လိုက်ပါ ။
ရင်ထဲမှာမြတ်နိုး
မင်းပုံရိပ်ကို စုံမှိတ်လို့
ကြက်ခြေခတ်ရက်မယ်ဆိုရင်
ငါ့မျက်ရည်တွေကို မှင်အဖြစ်အသုံးပြုလိုက်မယ်……။

★ ကျေးဇူးတင်လွှာ ♪♫


တွေးချင်ရာတွေးပြီး ရေးချင်ရာရေးလိုက်မိတာ
အကြောင်းအရာအတော်စုံသွားတယ် ဒါပေမဲ့ “ ကဗျာ ”ပါပဲ ခေါင်းစဉ်တော့
ပြောင်းမသွားဘူး ...... တစ်ခုတော့ရှိတယ် ကျွန်တော် “ ကဗျာ ”
အကြောင်းစဉ်းစားလိုက်တော့ “ ကဗျာ ”လေးတွေ ခုန်ဆင်းလာတယ် ဒါပေမဲ့
ခံစားချက်မပါတော့ ကာရံမဲ့ ” ကဗျာ ” လေးတွေဖြစ်ကုန်ရော ဒါနဲ့ပဲ
စိတ်ပျက်ပြီး လတစ်ခြမ်းကို ကောင်းကင်မှာတင်ပြီး စမ်းချောင်းလေးကို
တံတားထိုးလိုက်တယ် .... ပြီးတော့ နှင်းဆက်ကျတယ်
လွမ်းမောဖွယ်ညချမ်းလေးပေါ့ ..... သစ်ပင်တွေကတော့ အိပ်မောကျနေလေရဲ့.......
ဒါနဲ့ပဲ ကျွန်တော် “ ကဗျာ ”ရေးဖြစ်သွားတယ်ပေါ့ ဒါပေမဲ့ တစ်ခုတော့ရှိတယ်
ကျွန်တော် “ ကဗျာ ”တွေက ကာရံညီချင်မှညီမယ် အဓိပ္ပာယ်ရှိချင်မှရှိမယ် .....
သေချာတာကတော့ ကျွန်တော် “ ကဗျာ ”တွေက ကျွန်တော် ခံစားချက်တွေပဲ
စိတ်ထွက်ပေါက် လျှိုဝှက်ချက် င်္သချိုင်းဆိုတာပါပဲ ( အားပေးမှုတွေကို
ကျေးဇူးအထူးတင်လျှက်
“ အဆိပ်သင့်ရင်ခွင် ”)


ကြိုးစားပါအုံးမည်

★အဆိပ်သင့် ရင်ခွင်♪♫

7.1.2012


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>