အပိုင်း ( ၂ ) ဇာတ်သိမ်း ...
ပျော်စရာခရီးလေးဖြစ်သလို တသက်မမေ့စရာပါ။ ယောက်ကျားပီသကာ တန်ဖိုးထားချစ်တတ်ခဲ့သော ကို့  အချစ်တွေက ကျွန်မ တွေ့ ဘူးခဲ့တဲ့ ယောက်ကျားများနှင့် တခြားစီပါ။ လိုချင်မှု မပါပဲ မြတ်နိုးယုယကြင်နာတတ်သည်။
အိမ်က အမေကတော့ ဘာမှကန့် ကွက်စရာမရှိဟု ပြောပါသည်။ ကို့ ကိုလဲ သဘောကျ ပါတယ်တဲ့ ။ ကို မိဘများက နယ် ဘက်ကပါ။ မြို့ ပေါ်က မဟုတ် နယ်မြို့ လေးကဆိုတော့ ရိုးသားကြသည်လေ။
ကို က အိမ်မှာ အငယ်ဆုံး အမများက စီးပွားကို ဦးဆောင်ကာ အိမ်ကို စီမံနေသူတွေ ။ ကို့ ကိုလဲချစ်လိုက်တာ တုန်လို့ ။ ရန်ကုန်ကို မလွှတ်ချင်ပေမယ့် ကို့  က အတင်းပူစာတော့ အလုပ်ပေးလုပ်ခဲ့သည်။ ကို့  ချစ်သူ ကျွန်မကို လဲ တွေ့ ချင်နေတော့ ကျွန်မ ရုံးပိတ်ရက်လေးတွင်လိုက်သွားမိ၏။
''ညီမ က စုလှိုင်လား''
အမ အကြီးအမေး အသံက သြဇာသံပါနေတော့ ကျွန်မ သိမ်ငယ်သလို ခံစားနေရသည်။ ကို ကတော့ ဘေးကနေ အားပေးအကြည့်လေးနှင့်ပါ။
'' ဟုတ်ကဲ့ပါ မမကြီး''
''အသက်ကတော့ မောင်လေးထက်ငယ်တယ်ပြောပါတယ်''
'' ဟုတ် စုက အသက် ၃၁ ပြည့်ပြီးပါပြီ ငယ်ပါတယ်''
'' အင်း အတော့မေးချင်တာကပေါ့လေ ဘာလို့  အသက် ၃၁ ကျော်တဲ့ အထိ အိမ်ထောင်ပြုဖို့ မစဉ်စားတာလဲ တို့ လို တော့မဟုတ်လောက်ပါဘူးနော်. တို့ က ယောက်ကျားတွေကို အထင်မကြီးလို့ ကို မယူခဲ့တာလေ။ ''
''ဟို ..''
ကျွန်မ ဘာပြန်ပြောရမည်မသိ ကို့ ကို ကြည့်မိတော့ ကို ကပဲ
''စု က စဉ်းစားနေလို့ ပါ မမကြီးရယ် .. စုက လေ ရင့်ကျက်နေတဲ့ သူဆိုတော့ လေ..''
''ငဇော် နင့်ကို မေးတာမဟုတ်ဘူးလေ ဘာလို့ ဝင်ပြောနေတာလဲ''
သူ့ အမ အလတ် အသံပါ။ ကျွန်မ တွန့် သွားမိသည်။ ကျွန်မ ပဲဆက်ပြောလိုက်ပါသည်။
''မမကြီးတို့ သိသလို ကျွန်မ က ချစ်သူမထားခဲ့တာ မဟုတ်ပါဘူး။ ရှိခဲ့ဘူးပါတယ်။ ကျွန်မလဲ ယောက်ကျားတွေကို စိတ်ကုန်နေလို့ ပါ။ မချစ်တတ်တော့လို့ ပါ။ ဒါပေမယ့် ကို နဲ့ တွေ့ တော့မှ ချစ်မိခဲ့ပြီး ..''
''အင်း ရပြီ''
''လက်ထပ်ပြီးရင် ဘယ်မှာနေမှာလဲ''
''ရန်ကုန်မှာပါ''
''မရဘူးလေ တို့ က မောင်တယာက်ထဲရှိတာ ခုတောင် အိမ်ထောင် မကျသေးလို့ ပေးနေတာလေ''
''စုကလဲ မေမေရှိသေးပါတယ် မမကြီး''
''အဒီတော့ ဘယ်လို ညှိမလဲခုကတည်းက''
''စုကလဲ လိုက်နေမယ်တဲ့ နော် စု လိုက်နေမယ်လို့ ပြောလိုက်လေ''
ကို့ ကို မော့ကြည့်လိုက်မိတော့ မျက်စိမှတ်ပြပြီး ပြောခိုင်းနေသည်။ ကျွန်မ လိမ်မပြောချင်ပါ။ ကျွန်မ မှာ မေမေပဲရှိတော့သည်။ မေမေကို ထားပြီး လိုက်နေလို့ မရပါ။ ကျွန်မ ကို့ ကို လဲ အံ့သြမိသည်။ အမ များကို ဘာလို့  အဒိလောက်ကြောက်နေတာလဲ။
''စုက မေမေပဲကျန်ပါတော့တယ်။ စု မေမေကတော့ စုကို ဘယ်မှာနေနေ သဘောတူပါတယ်။ ဒါပေမယ့် စုမေမေကတော့ လိုက်နေမယ်မထင်ပါဘူး။ မေမေကို ခေါ်ကြည့်ပါ့မယ်။ မေမေလိုက်နေရင်တော့ စု ကို နဲ့ တူတူ အခြေချပါ့မယ် ဒီမှာပေါ့''
ထို့ နောက် အမများမှာ ကျေနပ်တဲ့ အသံမကြားပေမယ့် ပြီးရောလေဟုသာပြောခဲ့သည်။ ကျွန်မ ကို့  အိမ်မှာ မတည်းခဲ့ပါ။ ကျွန်မလဲ မာနလက်ကျန်လေးတော့ ရှိနေပါသေးသည်။ ကျွန်မ ဘဝ ဘယ်လို ပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မ ကုသိုလ်ကြောင့်ပါ။ အတော့ ကျွန်မ ကိုတော့ အထင်သေးတဲ့ ပုံစံတွေကိုတော့ မခံနိုင်ပါ။
ကျွန်မ ပြန်လာတော့ ကို က ခွင့်ရက်နဲ့ ထပ်နေခဲ့သည်။ နောက် ၃ ရက်လောက်မှ ပြန်လာမည်ပြောသည်။ ကျွန်မကို အဝေးပြေးဂိတ်လိုက်ပို့ တော့ ကျွန်မ ငိုချင်နေသည်။ စိတ်ထဲမှာ ကျွန်မ ကို့ ကို ထားခဲ့ရသလို ခံစားရသည်။
ထို့ နောက် နောက် ၃ ရက် ကို အလုပ်ပြန်ဆင်းမှပဲ ရင်ထဲက စိုးရိမ်စိတ် လျှော့သွားသည်။ ဒါပေမယ့် ကို့  အမများက သဘောတူပါတယ်။ လက်ထပ်ရက်ကို ဘယ်နေ့ တော့ သတ်မှတ်ပါတယ် ဆိုတာ မပြောခဲ့ပါ။ သီတင်းကျွတ် လပြည့် နေ့ တွင် လက်ထက်ရန်တော့ မေမေကို ပြောထားသည်။
ကို့  အမများက သဘောကောင်းကြောင်း အပျိုကြီးများမို့  ဇီဇာကြောင်တာဖြစ်ကြောင်း ကိုက တတွတ်တွတ်ပြောကာ နှစ်သိမ့်ခဲ့သည်။ ဒါပေမယ့် ရင်ထဲတွင်တော့ တခုခုကို သိနေသလိုပင်။
နှစ်တနှစ်ရဲ့  ဝါဝင်ပြီးလို့  ဝါထွက်တဲ့ နေ့  ဘုရားရှင်ရဲ့  အထင်ကရနေ့ ဖြစ်တဲ့ သီတင်းကျွတ်လပြည့် နေ့ တွင် ကျွန်မနှင် ကို တို့  မင်္ဂလာဆွမ်းကျွေးရန် တိုင်ပင်ထားသည်။tအချိန်ကလဲ သိပ် မလိုတော့ပါ။ ခုပဲ ၈လပိုင်းရောက်နေပါပြီ။ ကို ကလဲ ပိုက်ဆံစုထားတာ ဘယ်လောက်ရှိနေပြီဖြစ်ကြောင်း အကျီလေးများပင် ချုပ်ပြီးနေပြီ။
ကျွန်မ အိမ်တွင် ကိုးကွယ်သော ဘုန်းဘုန်းအားဖိတ်ကာ မင်္ဂလာဆွမ်းကျွေးမည်။ နောက် ရုံးများ သူငယ်ချင်းများနှင့် ကျောင်းနေဖက် သူငယ်ချင်း အရင်အချာတွေလောက် ကိုတော့ ညဘက်တွင် ရှမ်းကန်တွင် ညစားကျွေးမည် ဟုစီစဉ်ထားသည်။
ကို လဲပျော်နေသည်။ ကျွန်မလဲပျော်ပါသည်။ ကျွန်မ မင်္ဂလာဆောင်ရမှာ ကိုတွေးကြည့်ပြီး ကြည်နူးနေမိသည်။ ကျွန်မ ကို နဲ့ နေရင် ဘယ်လို နေရမယ် ဘယ်လို ပျော်စရာကောင်းမယ် စဉ်းစားပြီး ရင်တွေခုန်နေမိသည်။
လပြည့်နေ့ က အောက်တို ဘာက ၂၀ ရက်ကျော်ကျသည်။ လဆန်းတာနှင့် ဖိတ်စာရိုက်မည်။ ပြီးရင်ဝေမည်။ အလုပ်မှ သူငယ်ချင်းများမှလဲ ပျော်နေကြသည်။ အားကျနေကြသည်။ တချို့ လူလွတ်များမှ ပြောလို့ မဆုံးပါ။
စက်တင်ဘာ ၂၆ ရက်နေ့ ရောက်တော့ ကို့  အမ များက ဖုန်းဆက်ကာ အမေ အသဲအသန်ဖြစ်သောကြောင့် အမြန်ပြန်လာရန် ခေါ်ခဲ့တော့ ကို ပြန်သွားခဲ့သည်။ ရောက်ရောက်ချင်း ကိုဖုန်းဆက်သေးသည်။ အမေ့ ကို ဆေးရုံတင်ထားကြောင်း စိုးရိမ်စရာ မရှိကြောင်း တပါတ်အတွင်းပြန်လာကာ မင်္ဂလာကိစ္စ ဆောင်ရွက်မည် ဖြစ်ကြောင့်ပြောခဲ့သည်။
ဒါပေမယ့် လကုန်လို့  ၃ရက်နေ့ အထိဖုန်းလဲမဆက်ခဲ့ . ကျွန်မ ဖုန်းခေါ်တော့ လူကြီးမင်းနှင့်တိုး ခဲ့သည်။ ကျွန်မ လိုက်သွားချင်ပေမယ့် သူ့ အမများအား ရင်မဆိုင်ချင်ပါ။ လူကို နှိမ်သလို မတူမတန်သလို ဆက်ဆံမှာကို မခံချင်ပါ။
ရုံးမှ လူများက မေးနေပြီ ကို ဇော်မင်း ပြန်မလာတော့ဘူးလား။ မင်္ဂလာမဆောင်တော့ဘူးလား ။ ကျွန်မ လဲကြည့်ကောင်းအောင် ဖြေခဲ့ပါသည်။ အမေက အသဲအသန် ဖြစ်နေလို့  နောက်လရွေ့ လိုက်ပါသည်လို့ ။ ကျွန်မ ရှက်တာရော စိတ်မကောင်းတာရော ဖြေလို့ မရခဲ့ပါ။
တိုက်တိုက်ဆိုင်ဆိုင် လပြည့်နေ့  မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေ့  ကျွန်မနှင့် ကိုတို့  မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားတဲ့ နေ့  အနေ့ တွင်တော့ ကျွန်မ နာမည်နှင့် စာတစောင်ရောက်လာခဲ့ပါသည်။ ကျွန်မ ကြည့်လိုက်တော့ နယ်လိပ်စာပါ။
စာအိပ်လေးတွင် မင်္ဂလာဆောင် ဖိတ်စာပါ
ကိုဇော်မင်း ( B Sc……) နှင့် မနှင်းသစ္စာ ( B A….)
ဆိုပြီး ပါ.. မင်္ဂလာဆောင်တဲ့ နေ့ က ဒီနေ့ ရက်စွဲလေးပါ။ ကျွန်မ ဖတ်ပြီးပြီချင်း မိမိကိုယ်ကိုယ် စောင့်တည်ရာမရဖြစ်ခဲ့သည်။ ကျွန်မ ဘာလုပ်ရမှန်းမသိ ဖြစ်နေမိသည်။ အမေက မြင်တော့ အမေထင်ပါတယ်တဲ့ ..
ဘာကိုလဲမေးတော့ ကောင်လေးက အမတွေ အလောက် ကြောက်နေရတဲ့ သူလေ သူ့ အမတွေကြောင့်နေမှာပေါ့တဲ့။
ကျွန်မ အလုပ်က အပြီးထွက်ခဲ့သည်။ ကျွန်မ ရုံးမှလူများကို ရင်မဆိုင်ချင်ပါ။ ရှက်တယ် ။ ကျွန်မ စိတ်ညစ်နေသဖြင့် အမေက စိတ်ပြေလက်ပျောက် နယ်ကို သွားနေစေခဲ့သည်။ ကျွန်မ အမျိုးများရှိသော ဓနုဖြူတွင် တလကျော်လောက်နေခဲ့ပြီး ပြန်လာတော့ တနေ့  ရုံးမှ ကောင်မလေးတယောက်နှင့်တွေ့ ၏။
''မမစု မမစု''
''အော် မလေး မတွေ့ တာကြာပြီနော်။''
''ဟုတ် မမစု ဘာလုပ်နေလဲဟင်''
''မမစုလား အိမ်မှာပဲဆိုင်လေးဖွင့်မလို့ လုပ်နေတယ်လေ အမေနဲ့ လဲနီးနီးနေရတာပေါ့''
''သြော်.. ဟိုလေ မမစု ကိုဇော်မင်းလာရှာတယ် မမကိုလေ''
''တော်ပါညီမလေးရယ် မမကို အရှက်ခွဲခဲ့တဲ့ သူ့ ကို မမမတွေ့ ချင်တော့ပါဘူး ကြားလဲမကြားချင်ပါဘူး။''
''ဟုတ်ပါတယ် ဒါပေမယ့် သူလဲတော်တော်ပိန်သွားတယ် မမ ပြီးတော့ စာလေးပေးခဲ့တယ် မမကို ပေးပေးပါတဲ့ ခဏနော် မလေးသွားယူပေးမယ်''
''နေပါစေတော့ မလေးရယ် မမမဖတ်တော့ပါဘူး''
''မဟုတ်ဘူးလေ အဒိစာက ပိုင်ရှင်ကိုပေးရမယ်လေ မလေးက ရုံးမှာထားတာကလဲ မမစု လာလည်ရင်ပေးလို့ ရအောင်လေ နီးနီးလေးကို ခဏစောင့်နော်''
လူကသာ မဖတ်ချင်ဘူးပြောနေပေမယ့် စိတ်က မပြတ်တော့ သူဘာပြောမလဲသိချင်နေမိသည်။ ထို့ နောက်မလေးဆီက စာယူကာ ပြန်လာပြီး ဖတ်မိတော့ သူ့ အမများက အမေကို အကြောင်းပြကာ အရပ်ထဲမှ ကောင်မလေးတယောက်နှင့် အတင်းစီစဉ်ပေးခဲ့ကြောင်း ..
စုကိုလဲ အိမ်ထောင်ကွဲမို့  သဘောမတူကြောင်း ။ သူ့ မောင် ပညာတတ် လူပျိုလေးကို အပျိုနှင့်သာ ကျေနပ်မည်ဖြစ်သောကြောင့် အတင်း စီစဉ်ခဲ့ကြောင်း ။ ကို့  အမေမှလည်း ကိုကြောင့် နှလုံးရောဂါ သွေးတိုးရောဂါရလာကြောင့် အမေကို စိတ်မညစ်စေကြောင်း ။ ကို့ အိမ်ထောင်ရေးကို စိတ်ချချင်ပါသဖြင့် အမေမသေစေချင်ရင် သဘောတူသော သူနှင့်သာ လက်ထပ်ရန် အတင်းအကျပ် စီမံခဲ့သည်ဟုရေးထားခဲ့သည်။
စု ဘဝက ကြွေကျမြေခတဲ့ ခရေ ပန်းလေး ဘဝပါ။ ဒါပေမယ့် ရနံ့ က မပြယ် တင့်တယ်နေချင်တဲ့သူလဲဖြစ်ပါတယ်။ ကိုယ့် ဘဝ ဝဋ်ကြွေးကြောင့် ကြုံဆုံလာခဲ့တဲ့ အရိပ်မည်းကို တော့ အမြဲအပြစ်ဖို့  ပြောနေမယ်ဆိုရင်တော့ ကျွန်မလဲ မတတ်နိုင်တော့ပါ။
သားလိမ်မာလေး မောင် လိမ်မာလေး အဖြစ် ကို က ရပ်တည်လို့  မိဘကျေးဇူးဆပ်နိုင်သလို ကျွန်မကလဲ မရှိမာန တင်းကာထားလို့ ကျလာတဲ့ မျက်ရည် ထိန်းပြီး နေခဲ့ပါတယ်။
ဒါပေမယ့် အချိန်တွေက ရက်က လ။ လမှ နှစ်ပြောင်းပေမယ့် ကို နဲ့  ဆုံစည်းခဲ့တယ့် သီတင်းကျွတ်လပြည့်နေ့  ။ ကို့  ကို ချစ်သူဖြစ်စေခဲ့တဲ့ သီတင်းကျွတ်အချိန်အခါ။ နှစ်ဦး တိုင်ပင်ရည်စူးထားတဲ့ မင်္ဂလာအချိန်ခါ သီတင်းကျွတ်ချိန်ရောက်တိုင်း လွမ်းမျက်ရည်ကျလို့  ငိုကြွေးကာ အဝေး ထွက်ပြေးနေချင်မိပါတယ်။။
ခရေ
(ကြိုးစားပါအုံးမည်)
အပိုင်း ( ၁ ) ဖတ်ရှုရန်..
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:5324819
။။။ ကိုယ်ပိုင်ရေး ဘလော့ ။။။