Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
***ယက္ခစောင့်သည့်ပန်း**.....(တတိယပိုင်း)
$
0
0
                        တတိယပိုင်း
                 ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် ဝင်တိုက်ပြီးတော့ ပြန်လာတဲ့ အချိန်ကောင်းကင်ယံ လမင်းကြီးက ထိန်ထိန်သာနေပါတယ်။ ကျွန်တော်လဲ သူငယ်ချင်းဖိုးကျော်ကို သူ့ အိမ်ပေါက်တွင် ချပေးရင်း
 ''  ဟေ့ရောင် ဖိုးကျော် မင်းသေးစိုနေတဲ့  ပုဆိုးလဲလိုက်အုံး''
   ''ဟာကွာ မင်းကလဲ အိမ်ပေါက်ဝ သိက္ခာချတာလား''
        ကျွန်တော် ပြုံးရုံသာ ပြုံးပြီး အိမ်ပြန်ခဲ့ပါသည်။ ကျွန်တော် အိမ်ရောက်တာနှင့် ရေချိုး ထမင်းစားကာ အိပ်ယာတန်းဝင်ချိန် တွင် တော့ အိပ်မပျော်နိုင်ပဲ သူ့ မျက်နှာလေးကိုသာ မြင်ယောင်ရင်း ပြတင်းပေါက်တွင် ဖြာကျနေသော လရောင်ကို စကားပြောနေမိသည်။
        မနက် အလုပ်သွားချိန်တွင်တော့ ကျွန်တော့် စိတ်တွင် သူလေးက စိုးမိုး နေပါတော့သည်။ ကျွန်တော်လဲတောသို့ ထွက်ခဲ့ပါတော့သည်။ ယာထဲ အလုပ်ဆင်းချိန်တွင် လဲ စိတ်က သူ့ ဆီသာရောက်နေပြီး အလုပ် ဘယ်လိုပြီးမှန်း မသိတော့ပါ။
            ရက်တွေက ကုန်လွယ်လိုက်တာ။ တပါတ်နေရင်တော့ ကျွန်တော် သူ့ ဆီ သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော့် သူငယ်ချင်း ဖိုး ကျော်အား ခေါ်ကာ သူ ရှိရာ မကျည်းတောသို့  ထွက်ခဲ့ပါသည်။
                          ကျွန်တော် ဟို ရောက်သည်နှင့် သူ့ တတိယ မြောက် အကိုက ကြိုဆိုနေပါတော့သည်။ တတိယမြောက် အကိုက လူမိုက်တယောက်ပင်ဖြစ်သည်။ သူ ရန်မဖြစ်တဲ့ နေ့ မရှိပါ။ သူကပဲ စနှုတ်ဆက်ခဲ့ပါသည်။
   '' ဟေ့ စာဥ မင်းဘာလာလုပ်တာလဲကွ''
       ''ဟာ အကိုကြီး ရေ ကျွန်တော် အလည်လာတာပါဗျ''
            ''မင်း ဘယ်သူ့ ဆီလာတာလဲ''
          ''ကျွန်တော် ကိုလင်း နဲ့ ကိုနိုင် အိမ်သွားမလို့ ပါ..''
             ''အေးဒါဆို သွားလေကွာ ''
                      ကျွန်တော်လဲ အခွင့်ရပြီ ဆိုကာ ဖိုးကျော်ကို ခေါ်ပြီး  ဆိုင်ကယ်စီးကာ နောက်မှ လိုက်ခဲ့ပါတော့သည်။ ကျွန်တော် လမ်းတဝက်လောက် တွင် သူ့ ကို မှီပါတော့သည်။ ဒါနဲ့  ကျွန်တော်လဲဖိုးကျော်ကို ပြောလိုက်သည်။
       ''ဖိုးကျော် မင်း ဒီမှာ ကင်းစောင့်နေ ငါ ကောင် မလေးဆီ သွားအုံးမယ်''
            ''အေးသွား သိပ်မကြာစေနဲ့ ''
              ကျွန်တော် ခြေလှမ်းများသည် သူ  ရှိရာသို့ သွားခဲ့ပါသည်။ သူ့ ရှေ့ သို့ ရောက်သောအခါ ကျွန်တော့ ရင်ခွင်တစုံသည် ဘင်ခရာ တီဝိုင်းအလား တဒိန်းဒိန်း ခုန်နေပါတော့သည်။
       ''လွင်လေး ဘယ်သွားမလို့ လဲ''
        ''တောသွားမလို့ ပေါ့''
        ''ကို နဲနဲ လောက်စကားပြောပါရစေ''
       ''ပြောလေ အချိန်သိပ်မရဘူး မြန်မြန်ပြော''
                           ကျွန်တော် ရင်တွင်းစကားများကို ပြောပြနေစဉ် ကျွန်တော့် ပခုန်းပေါ်သို့ ကျရောက်လာသော လက်တစုံ ကျွန်တော် လက်ကိုဖယ်ကာ
        'ဖိုး ကျော် မနောက်နဲ့ ကွ''
               ပြောလိုက်ပြီ။ ပုခုံးကို လက်နှင် ထပ်ပုတ်ပါသည်။ ကျွန်တော်လဲ ထပ်ပြောလိုက်သည်။
              ''မနှောင့်ယှက်ပါနဲ့ ဆို''
                     ကျွန်တော်လဲ ဆက်ကာ လွင်လေးကို စကားပြောနေမိသည်။ လွင်လေး မျက်နှာပေါ်မှာတော့ စိုးရိမ်စိတ်တွေနဲ့ ပေါ့။ ထိုစဉ် နောက်မှ ခေါ်လိုက်သော အသံတခု
             ''ဟေ့ယောင် စာဥ မင်းဘာလုပ်နေတာလဲ''
               အသံကြားလိုက်တော့ ကိုအေး အသံမှန်း သိလိုက်ပြီး မျက်နှာလှည့် ကြည့်လိုက်တော့ မျက်နှာပေါ်သို့  ကျရောက်လာသော လက်သီးတလုံး
            ''ဟိုက် ဆော်ပြီဟ ဟာကိုအေး ကျွန်တော်ကို ဘာလုပ်တာလဲ''
            ''မင်း ငါ့ ညီမကို ဘာပြောနေတာလဲကွ''
               ''ကျွန်တော် ဘာမှ မပြောပါဘူး''
        ''မင်း ငါနား နဲ့ ဆက်ဆက် ကြားတယ် မင်းညာနေတာလား မင်း သေသွားချင်လား သွားညည်းလဲ တောသွားတော့''
           ''ဟာ အတိုကြီး အတိုကြီး လွန်မယ် လွန်မယ်''
          ''မင်း ဘာပြောတာလဲကွ''
        ''မှားလို့  အကိုကြီး အကိုကြီး''
       ''မင်း ငါ့အကြောင်းသိတယ်မှတ်လား''
              ကျွန်တော်လဲ မဟန်တော့သည်နှင့်
            အကိုကြီး နောက်မှာဘာကြီးလဲ ဟုပြောတော့ အကိုကြီး ရုတ်တရက် လှည့်ကြည့်စဉ် ကျွန်တော့်ခြေထောက် ဖနောက်နဲ့ တင်ပါး တသားတဲကျအောင် လှည့်ပြေးကာ ဖိုးကျော်ရှိရာသို့ ပြေးရာ ဖိုး ကျော်သို့ လှမ်းမြင်ရသောအခါ
                ''ဖိုးကျော် ဆိုင်ကယ် စက်နှိုးစက်နှိုး''
              ''ဘာဖြစ်တာလဲကွ''
                 ''နောက်က မင်းဘကြီးလိုက်လာပြီ စက်သာ အမြန်နှိုး''
     ကျွန်တော်လဲ ဖိုးကျော် စက်နှိုးထားသော ဆိုင်ကယ်လေးပေါ် အတင်းတက်ခွကာ ဆိုင်ကယ်လေး ကို မောင်းကာလှည့်ပြေးခဲ့ပါတော့သည်။
 ဇာတ်သိမ်းပိုင်းဆက်လက်စောင့်မျှော်ရန်.........................
                                                         ကြိုးစားပါဦးမည်
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>