Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အက်မင်များ..စကားဝိုင်းဖွဲ့မိတော့

$
0
0
ကျွန်တော်တို့ရွှေမြို့တော်ဆိုက်ကလေးဟာ..
ဆိုက်သက်လေးရလာတာနဲ့အမျှ..
လူပြောသူပြောလည်းများလာပါတော့တယ်..
နံမယ်လေးလည်းရလာပါတော့တယ်..။

ကျွန်တော်နေတဲ့ မြို့ကလေးမှာ ဆိုက်အသီးသီးတွင် အက်မင်လုပ်နေတဲ့သူ
ကျွန်တော်အပါအ၀င်..ငါးယောက်ရှိပါတယ်
ရပ်ကွက်တစ်ခုထဲမှာအတူတူနေကြသူတွေပါ..တစ်ချို့ဆိုရင်တစ်လမ်းထဲသမားတွေပါ
တစ်ချို့ကတော့ ကျောင်းတုန်းကတပည့်တွေပါ..
နေ့စဉ်လိုလို..ကျွန်တော့်အိမ်မှာ စုပြီးသူ့ဆိုက်ကိုယ့်ဆိုက်အကြောင်း
စကားပြောလေ့ရှိပါတယ်..
ခင်ခင်မင်မင်နဲ့ ရတောင့်ရခဲအခွင့်အရေးပါဗျာ…။

ဆိုက်သုံးဆိုက် အက်မင်တွေစကားဝိုင်းဖွဲ့ဖြစ်ကြတိုင်းစကားဦးတည်ချက်က
ချက်ခန်းကိုသာရောက်လေ့ရှိကြပါတယ်..
“ရွှေမြို့တော်ဆိုက်နံမယ်လေးရလာတယ်ဆိုတာ..” ချက်ခန်းမှာရိုင်းစိုင်းတာရတာပါ
ချက်ခန်းက..မန်ဘာနံမယ်တွေ..နံမယ်ရလာတာပါ..
ကျွန်တော့်အိမ်မှာ အက်မင်ငါးယောက်စုမိတိုင်း..
“ ဆရာတို့ရွှေမြို့တော်ကတော့စံပဲ..အရမ်းအဆဲကောင်းတယ်..” ဒါကတစ်ယောက်
“ ရွှေမြို့တော်ထဲခဏလေးဝင်ဖြစ်ပါတယ် အမြန်ပြန်ထွက်ခဲ့ရတယ်..” ဒါကနောက်တစ်ယောက်
“ ဆရာတို့ဆိုက်က မန်ဘာနံမယ်တွေကလည်း..” ဒါကနောက်တစ်ယောက်
ကျွန်တော် ဘာများပြန်ပြောနိုင်အုန်းမှာလဲ…
ဒါတောင် ကျောင်းတုန်းက ကိုယ့်ကိုအင်မတန်ကြောက်ခဲ့တဲ့တပည့်တွေမို့
အချိုသာဆုံးထောပနာပေးတာဖြစ်ပါလိမ့်မယ်..
ကိုယ့်ကွယ်ရာ သူတို့ချည်းစကားဝိုင်းများဆိုရင်တော့ ဘယ်လိုပြောမယ်မသိ..
တစ်ခြားဆိုက်တွေလည်း အဆဲအဆိုမကင်းတတ်ကြပါဘူး
ဒါပေမဲ့..ခုတော့ ကိုယ့်ဆိုက်ကို ကိုယ်တောင်ပြန်လန့်နေရသလိုဖြစ်နေပါပြီ..
ကြာရင် ဒီနံမယ်ဆိုးကြောင့် မကောင်းတဲ့ရလဒ်များကို
ကျွန်တော်တို့အားလုံး ဧကန်ခံစားကြရပါလိမ့်မယ် ။


နောက်တစ်ချက်က..လူဆိုတာ အညွန့်တလူလူနဲ့နေကြရတာပါ
မွေးပေးတဲ့မိဘများဆိုရင်..ဘ၀မှာအောင်မြင်ကြပါစေတော့လို့
နိမိတ်ထွန်းစေမဲ့ အမည်ကောင်းလေးတွေကိုပေးလေ့ရှိပါတယ်
“ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်း..”
စနည်း..တဘောင်..နိမိတ်..အတိတ် ဆိုတာရှိတတ်ကြပါတယ်
ကိုယ့်နံမယ် ကိုယ်ပေးတာ..ကိုယ်ပိုင်အခွင့်အရေး(Right) ဆိုတာ
ကျွန်တော်လက်ခံပါတယ်..။

ဆိုက်တွေကို ပထမဆုံး စ၀င်တဲ့နံမယ်ကတော့ လှလှပပလေးပေးခဲ့ကြမှာပါ
နောက်ပိုင်း ကိုယ်ပွားမြောက်များစွာနဲ့ ၀င်လာကြတဲ့ခါ
နံမယ်တစ်ချို့ကတော့..အတိတ်နိမိတ်မကောင်းတဲ့နံမယ်မျိုးတွေ
အလွန်တရာ..လူကြားမကောင်းတဲ့နံမယ်မျိုးတွေဖြစ်လာကြပါတယ်
ဟာသဆန်တာလေးတွေကိုမဆိုလိုပါ..။

လောလောဆယ် ရွှေမြို့တော်မှာ မန်ဘာသစ်များဝင်ရင်
အလိုအလျှောက်ကျအောင် ပေးထားတာပါ..စီစစ်မနေပါဘူး
ဒါကိုလည်းအခွင့်အရေးတစ်ရပ်လို..ချက်ခန်းမှာဆဲလို့ထုတ်လိုက်တာနဲ့
အကောင့်သစ်နဲ့ ချက်ချင်းမန်ဘာသစ်လုပ်ဝင် ပြန်ဆဲပြန်တာပါပဲ..။

ကျွန်တော်တို့ ဘာများတတ်နိုင်ကြမှာလဲဗျာ…။

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>