ကျမတို့ကျောင်းလေးကအဖြစ်အပျက်လေးတခုပါ သူငယ်ချင်းများကိုလည်းသိစေချင်လို့တင်လိုက်တာပါ...........ကျမတို့ကျောင်းကဆရာတယောက်ပါသူကနိုင်ငံခြားသားပေါ့နိုင်ငံခြားသားကသိတဲ့အတိုင်းပဲကျောင်းသားတွေကိုဆက်ဆံတဲ့အခါမှာသူငယ်ချင်းလို့ဆက်ဆံတယ်သူကိုယ်တိုင်ကလည်းပြောပါတယ်သူ့ကိုဆရာတယောက်လိုသဘောမထားပါနဲ့တဲ့သူငယ်ချင်းလိုသဘောထားစေချင်တယ်တဲ့...ဒါပေမယ့်တနေ့မှာတော့ကျောင်းသားတယောက်ကသူ့ရှေ့တည့်တည့်ကပြတင်းပေါက်ပေါ်ကခုန်ဆင်းပြီးသူ့ကိုဝင်တိုက်သွားတယ်.သူကလည်းဒေါသတွေထွက်ပြီကျောင်းအုပ်ဆရာမကြီးဆီသွားတိုင်တော့တယ်.နောက်တနေ့မနက်မှာတော့ကျမတို့အတန်းပိုင်ကကျမတို့ကိုဆုံးမတော့တာပေါ့..သူကဘယ်လိုပဲပြောထားပြောထားသူ့ကိုကိုယ်ကရိုသေရမယ်.လေးစားရမယ်သူကဆရာတယောက်ဖြစ်တယ်..ကိုယ်ကကျောင်းသား တပည့်ဝတ်အရလေးစားရိုသေရမယ်လို့ဆုံးမလိုက်တယ်...ဒီလေးစားရိုသေမှု့ကအနောက်တိုင်းတွေမှာမရှိတဲ့ကျမတို့အရှေ့တောင်အာရှကချစ်စရာကောင်းတဲ့ဓလေ့လေးတခုပါ..ဒါ့ကြောင့်ကျမတို့တွေဒီလေးစားရိုသေမှု့လေးကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာနားလည်လိုက်ပါတယ် အားလုံးကိုကျေးဇူးပါ
↧