- ပါရမီ ဆိုတာမြင့်မြတ် သူတို့ရဲ့ အလုပ်ဖြစ်တယ် တစ်နည်းဆိုရသော် နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့သွားကြောင်း၊ ရောက်ကြောင်းဖြစ်သောကြောင့် ပါရမီ မည်ပါတယ်။ ယနေ့ သည် အဓမ္မာ အခါတော်နေ့ ဖြစ်ပါသည်။မြတ်စွာဘုရားရှင်သည်အဘိဓမ္မာဒေသနာတော်ကိုဝါတွင်း သုံးလ ပတ်လုံးတာဝတိံသာနတ်ပြည်တွင်ဟောတော်မူပါသည်။ ထိုတရားတော်သည် အလွန်ကျယ်ဝန်းသောကြောင့် ၀ိတ္ထာရနယ ဟု ခေါ်ဆိုပါသည်။ စန္ဒကူးတောတွင်အရှင်သာရိပုတ္တရာကိုဟောတော်မူရာတွင် အလွန်ကျဉ်းလွန်းသောကြောင့် သင်္ခေပနယ ဟုခေါ်တော်မူပါသည်။အရှင်သာရီပုတ္တရာသည် လင်းနို့သားဖြစ်ဖူးသောငါးရာ သောရဟန်းတို့အား မကျဉ်းမကျယ်ဟောသောကြောင့် နာတိဝိတ္ထာရ နာတိသင်္ခေပနယ ဟုခေါ်တော်မူပါသည်။ယခုလူ.ပြည်တွင် ရွတ်ဖတ်တော်မူသောဒေသနာတော်သည် နာတိဝိတ္ထာရ နာတိသင်္ခေပနယမည်ပါသည်။ အဘိဓမ္မာဟူသည် အနက်အဓိပါယ် အားဖြင့်ထူး ကဲလွန်မြတ်အရေအတွက်အားဖြင့်လည်းများပြားသောကြောင့်အဘိဓမ္မာ မည်တော်မူ၏။ သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင် သဗ္ဗဉ်ဥာဏ်တော်အစွမ်းတည်း။ သိသည့်တရားများအပြား၌ ဟောထားစဖွယ်နည်းသွယ်သွယ်ကိုခြယ်လှယ်စုံလင်အကုန်မြင်သဗ္ဗဉ်ဥာတော်အစွမ်းတည်း။ ကျွတ်ထိုက်ကြပေ များဝေနေ၏ က္ကနြေ္ဒ အကြိုက် သူ. စရိုက်ကို နှိုက်ချွတ်စုံလင် အကုန် မြင် သဗ္ဗဉ်ဥာ ဏ်တော်အစွမ်းတည်း။ ဥာဏ်တော်စွမ်းပကားထို သုံးပါးကြောင့် အများဝေနေ ကျွတ်လွတ်စေဖို့ မနေမနား သက်တော်အားဖြင့် ကြီးမားလေဘိရှစ်ဆယ်ပြည့်ရ်ျ ပရိနိဗ္ဗာန်စံသည့်တိုင်အောင်သယ်ယူဆောင် ဘုန်းခေါင် ငါတို. ဘုရားတည်း။
↧
အဘိဓမ္မာအခါတော်နေ့
↧