ဝါလကင်းလွတ်သတင်းကျွတ်ရောက်ပြီးနော် ပျော်ကြ ကြည်နှုးကြနဲ့ ဘာသာတရားကို စိတ်အေးချမ်းစွာလုပ်ကြတော့မယ်။
လူပျိုကြီးအပျိုကြီးတွေတော့ အော် ....သီတင်းတောင်ကျွတ်ပြန်ပီဆိုပီး လွမ်းကြအုံးမယ် ဆိုင်ရာဆိုင်ရာလေးတွေကိုလေ ..။
ချစ်သူရှိကြသူတွေလည်း သက်ဆိုင်ရာစိတ်ကူးလေးတွေယဉ်ကြပြန်ပီ။
ဘာတွေပဲဘယ်သူတွေစိတ်ထဲဘယ်လိုဖြစ်ဖြစ် အဓိက လုပ်ကြမှာက ဘာသာတရားနဲ့ပက်သက်တဲ့ ဘုရားသွားကျောင်းတက်
အသည်းကွဲသူလည်းလုပ်ဖြစ်မယ်။လွမ်းနေသူလည်းလုပ်ဖြစ်မယ်။
စိတ်ကူးလေးတွေယဉ်တဲ့သူလည်းလုပ်ဖြစ်ကြမယ်နော်။
မီးထွန်းပွဲတော်ကြီး စည်ကားစွာနဲ့ကျင်းပပြီး မြတ်စွာဘုရားကိုပူဇော်ကြကြည်နှုးကြရတော့မယ်။
ပူဆွေးတာတွေခေတ္တမေ့ ဘုရားရှင်ကိုပူဇော် ယဉ်ကျေးမှုကိုရှေ့ထား ကြိုးစားကြမဲ့သီတင်းကျွတ်ပွဲတော်ကြီးကို ဒီည ပျော်ရအုံးမယ်။
ဘုရားကျောင်းကန်မှာ မြန်မာရင်ဖုံးအင်္ကျီ လုံခြည်လေးတွေနဲ့စိတ်ကြည်နှုးစရာ မြင်ကွင်းလေးတွေ ကြုံခဲလှစွာမြင်ရအုံးမယ်။
တစ်ဖြေးဖြေးနဲ့ ရင်ဖုံးလေးတွေ ကနေ စပို့ရှပ်လေးတွေအစားထိုး မရိုးနိုင်အောင်ပြောင်းလဲရင်း မြန်မာမှုပျောက်တော့မလား။
တွေးရင်းနဲ့ ငါ့ကိုယ့်ငါပြန်ကြည့် ။
အော် ငါတောင် ရင်ဖုံးမ၀တ်တာကြာပါပီလားးးးးးးးးးးးးးး။ဒါပေမဲ့ .......ဒါပေမဲ့.....
သူငယ်ချင်းဒို့ယျေ....မြန်မာဝတ်စုံ ကိုဘယ်တော့မှ မမေ့ကြပါနဲ့လို့....ယမင်းလဲ ရင်ဖုံးသိပ်မ၀တ်တတ်ပါဘူးးးး ဒါပေမဲ့....
ဒါပေမဲ့..................