ကျွန်တော်နေသောမြို့လေး၏ အနောက်ဖက်တောင်တန်းတောင်စွယ်ပေါ်တွင်
တည်ထားကိုးကွယ်အပ်သော..ဂေါတမဘုရားရှင်၏ ဓါတ်တော်မွေတော်စစ်ကို
ဌာပနာထားအပ်သည့်..မဟာသိဝစေတီတော်မြတ်ကြီးအား ယနေ့သီတင်းကျွတ်
လပြည့်အခါသမယတွင်..ရိုသေစွာရှစ်ခိုး ပူဇော်ရပါသော အကျိုးကြောင့် ….
၁။ တပည့်တော်သည် သူတစ်ပါး၏ ဘာသာတရားကိုပျက်ဆီးအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၂။ တပည့်တော်သည် သူတစ်ပါး၏ခန္ဓာကိုယ်အားနာကျင်အောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၃။ တပည့်တော်သည် သူတစ်ပါး၏စိတ်အားနာကျင်အောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၎။ တပည့်တော်သည် သူတစ်ပါး၏စီးပွားဥစ္စာကိုပျက်ပြုန်းအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၅။ တပည့်တော်သည် သူတစ်ပါးတို့၏ချစ်ခြင်းမေတ္တာကိုကွေကွင်းအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၆။ တပည့်တော်သည် သူတစ်ပါး၏အဖွဲ့အစည်းအပွားကိုပျက်စီးအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၇။ တပည့်တော်သည် သူတစ်ပါး၏မိသားစုကိုသင်းကွဲအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၈။ တပည့်တော်သည် သူတစ်ပါး၏အမည်ဂုဏ်သတင်းကျဆင်းအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၉။ တပည့်တော်သည် သူတစ်ပါး၏ပျော်ရွှင်မှုကိုတစ်စိုးတစေ့မျှပျက်ဆီးအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။
၁၀။ တပည့်တော်သည် သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျအောင်ပြုသူမဖြစ်ရပါလို၏
ထို့အတူ တပည့်တော်ကိုလည်းပြုသူမပေါ်ပါရစေနှင့်ဘုရား…။