အိမ်မှာနေလည်း တစ်မျိုးလို...
ခရီးသွားလည်း တစ်မျိုးလို...
ဆေး...မြီးတို ဆေးမြီးတို... ဟေ့ !
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဟုဆိုကြပါတယ်။
ဟုတ်ပါတယ်။
ကျန်းမာမှလည်း လိုရာခရီးမှတ်တိုင် ရည်မှန်းချက်ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူး
လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ရောဂါတစ်ခုခုဖြစ်လာပြီဆိုလျှင် ကိုယ့်အတွက် အင်မတန်မှ
ဆုံးရှုံးနှစ်နာလှပါတယ်။
ငွေရှိသော်လည်း အချိန်မပေးနိုင်၊အချိန်ရှိသော်လည်း
ငွေကြေးအခက်အခဲ ရှိသူများအတွက်
ကျွန်တော် မျိုးဇော်ဦး ရဲ.
အချိန်မကုန်၊ ငွေမကုန်စေတဲ့
အရေးကြီးရင် အသုံးဝင်မဲ့
ကြေးမကြီးတဲ့ ဆေးမြီးတို ဆိုတာ ဒီလိုပါတဲ့...
အဖျားပျောက်၊ကိုယ်ပူကျဆေး
အဖျားကြီးလျှင် ခံရခက်ပါတယ်။အဖျားဝင်ပြီဆိုလျှင် နေမထိထိုင်မသာ
ပင်ပန်းလှပါတယ်။အဖျားဝင်ချင်နေသော၊အဖျားဝင်ပြီး မလှုပ်သာမယှက်သာ
အံကြိတ်ခံနေရသော၊အဖျားကြီးနေသော သူများအတွက်
ဆနွင်း တစ်ဇွန်းခွဲ(လက်ဖက်စားဇွန်းဖြင့် ပြည့်ပြည့် တစ်ဇွန်းနှင့်တစ်ဝက်)၊
ဆား ဇွန်းဝက်(လက်ဖက်စားဇွန်းနှင့် တစ်ဝက်) ရေအေးနှင့်ပြစ်ပြစ်ဖျော်၍
သောက်ရာ၏။ထို.နောက် အစားတစ်ခုခု စား၍ ရေများများသောက်ပေးပါ။
မကြာမီ ဝမ်းပူဝမ်းပုပ်များ သွား၍ အဖျားသိသိသာသာ ကျလတ္တံ.။
အဖျားပေါ်မူတည်၍ တစ်နေ. အများဆုံး သုံးကြိမ်အထိ သောက်နိုင်ပါကြောင်း...
ဘုရားဆေး... တရားဆေး...သံဃာဆေး
အုံ...ဖွ
မှတ်ချက်။ ။ရှာဖွေတွေ.ရှိချက်များမှကောက်နှုတ်တင်ပြသည်။