- အချိန်ဆိုတဲ့ပြောင်းလှဲမှု့အောက်မှာရှင်သန်နေကြတဲ့လူတွေအားလုံးထဲမှ တစ်ချို့တစ်ချို့
လူတွေပြောလေ့ရှိတဲ့ အချိန်ကြာလာရင် မေ့သွားမှာပါ။အချိန်ကကုစားပါလိမ္မယ် ဆိုတဲ့စကား
ကတော့ကျနော်အတွက်မမှန်ခဲ့ပါဘူး။အချစ်ဆိုတာသစ္စာတရားကိုတန်ဘိုးထားတတ်သူတွေအတွက်
နှလုံးသားမှာ အရင်းအမြစ်တွယ်တာပါ။ခွဲခွါတုန်းကတော့ အချိန်တန်ရင်မေ့ကောင်းမေ့နိုင်လိမ္မယ်
လို့ကျနော်လည်းထင်ခဲ့ပါသေးတယ်။တိုက်ဆိုင်မှု့ဆိုတာကလည်းခက်သားဘဲကိုလေ။ခံစားတတ်တဲ့
ကိုယ်အတွက်တော့ လေတိုက်သစ်ရွက်ကြွေတာတောင်တိုက်ဆိုင်မှု့လို့ ခံစားရတယ်လေ။တကယ်ဆို
မေ့မယ်ဆိုလည်းမေ့လောက်ပါတယ်လို့ကိုယ်ကို အားတင်းမေ့ဘို့ကြိုးစားခဲ့ပါသေးတယ်။ဘလိုမှမေ့မရ
နိုင်တာကကားအပြစ်တစ်ခုရယ်တဲ့လား?
- မင်းလေးကတစ်သက်လုံးမုန်းပါတယ်ဆိုတဲ့စကားကိုကြားရတုန်းကကိုယ် ဆောက်တည်ရာမရဖြစ်
ခဲ့ပါသေးတယ်။ရင်ထဲမှာဖြေသိမ့်စရာဆိုလို့  မင်းလေးရဲ့ပါးစပ်ကပြောခဲ့တဲ့ဘယ်တော့မှမမေ့ဘူးဆိုတဲ့
စကားကို ကိုခုထိယုံကြည်နေချင်ပါရဲ့။ကိုယ်ကတော့ချစ်ခဲ့ကတည်းက အမုန်းဆိုတာကိုလည်းစိတ်ထဲမှာ
တောင်မစဉ်းစားမိခဲ့ပါဘူး။ကိုယ်မင်းကိုသတိမရအောင်ဘလိုဘဲနေနေ စိတ်ထဲအတွေးထဲကိုမင်းလေးက
စိုးမိုးနေလေရဲ့။ရင်ထဲကမင်းလေးကိုချစ်တယ်ဆိုတဲ့ဝေဒနာက အမာရွက်ထင်ကျန်နေလေရဲ့။
- ကိုယ်မင်းကိုမေ့နိုင်ဘို့အမျိုးကြိုးစားခဲ့ပါသေးတယ်။ကိုယ်မြန်မာဇာတ်လမ်းရုပ်ရှင်ဗွီဒီယိုအချစ်ဇာတ်လမ်း
တွေကိုတောင် မကြည့်ဖြစ်ခဲ့တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အချစ်ဇာတ်လမ်းလေးတွေကိုကြည့်
ပြီး ရင်ထဲကခံစားချက်တွေကြောင့်မျက်ရည်တွေစီးကျလာတာကိုလူတွေသိမှာစိုးလို့လေ။အချစ်ဆိုတာ
ခံစားတတ်သူတွေအတွက်သစ္စာရှိသူတွေအတွက်တော့ ရင်ထဲမှာထာဝရတည်မြဲတဲ့သစ္စာပါ။
- ကိုယ်ဆုတောင်းနိုင်တာတစ်ခုကတော့ကံမကုန်ရင်ပြန်ဆုံနိုင်ပါစေဆိုတဲ့စကားပါဘဲ။တကယ်လို့ကိုယ်
တို့ နှစ်ယောက်ဘလိုမှမဆုံနိုင်တော့ဘူး။မင်းလေးကတစ်ပါးသူရင်မှာ ပျော်နေမယ်ဆိုရင်လည်းကိုယ်
ကတော့မင်းလေးကိုရင်ထဲက စွဲမြဲသစ္စာနှင့်တစ်သက်တာအတွက် ထာဝရချစ်ခဲ့ပါတယ်ဆိုတဲ့စကားက
တော့ ကိုယ်ရဲ့ဖြေသိမ့်စရာစကားဖြစ်လာရတော့မှာပေါ့အချစ်ရယ်,,,,,,,
အချစ်သစ်ပင်
ကိုယ့်ရဲ့နှလုံးသားမြေမှာ ပေါက်ရောက်ခဲ့တဲ့
အချစ်သစ်ပင်ဟာ,,,,
မင်းလေးရဲ့မေတ္တာမိုးရေတွေကြောင့်
စိမ်းလမ်းစိုပြေခဲ့ရတာပါအချစ်ရယ်,,,,,
မင်းလေးရဲ့မာနရယ်ကြောင့် အမုန်းဆိုတဲ့
မိုးကြိုးလက်နက်ဟာ ကိုယ့်ရဲ့အချစ်သစ်ပင်ကို
တစ်စစီကျိုးပဲ့ကြေမွစေနိုင်ခဲ့ရင်လည်း
ကိုယ့်ရဲ့နှလုံးသားမြေမှာတော့
မင်းလေးရဲ့အချစ်ဆိုတဲ့အမြစ်လေးက
ရစ်ပတ်နှောင်ဖွဲ့ဆဲပါ,,,,,,,,
- ဤအရာများသည်ကျနော့်၏ရင်တွင်းခံစားချက်နှင့်တစ်ယောက်သောသူအတွက်ရင်ဖွင့်ခြင်း
သာဖြစ်ပါ၍စာဖတ်သူအပေါင်းနှင့်တိုက်ဆိုင်မှု့မရှိပါမူ စိတ်မရှိကြပါနှင့်,,,,
စာရေးသူ-နိုင်ထွန်း[ရမ္မာဝတီ-လေးတောင်]