Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မျက်ကန်းမျိုးချစ်များဟု ဒု-ဗိုလ်ချုပ်ကြီး လှမင်းက ရခိုင်များအား ရည်ညွှန်း ပြော

$
0
0

ရခိုင်ပြည်နယ်ရှိ မငြိမ်မသက်မှု ဖြစ်ပွားခဲ့သည့် မြို့များသို့ သွားရောက်လျှက်ရှိသည့်  ဒု-ဗိုလ်ချုပ်ကြီး လှမင်း ယနေ့ညနေပိုင်း သံတွဲမြို့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ မြို့မိမြို့ဖ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် မျိုးချစ်စိတ်ရှိဖို့ လိုအပ်သည်မှာ မှန်သော်လည်း ရခိုင်အမျိုးသားများ အနေဖြင့် အရှိ လွန်နေသည်ဟု ပြောဆိုခဲ့ကြောင်း တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သူတဦးက ပြောကြားသည်။

၎င်းက “အခုတခေါက် ရမ်းဗြဲကိုသူရောက်တော့ ရခိုင်အမျိုးသား အိမ်တွေမှာ ဘင်္ဂလီတွေ ထွက်သွားဆိုတာတွေ ရေးထားတာ ထူးထူးခြားခြား တွေ့ရတယ်လို့ ပြောတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးလည်း မျက်ကန်းမျိုးချစ်ဆိုတဲ့ စကားလုံးလည်း သုံးသွားတယ်” ဟု ပြောသည်။

ထို့ပြင် ဂီရိ မုန်တိုင်း ဖြစ်ပြီးနောက် မြေပုံ၊ မင်းပြားမြို့များသို့ ၎င်းရောက်ရှိခဲ့စဉ်က ရခိုင်လူထု၏ မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သည့် လက္ခဏာများ တွေ့ခဲ့ရကြောင်း ယခုတကြိမ်တွင်လည်း ယင်းကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့သည့် မျက်နှာများ ထပ်မံတွေ့ရသော်လည်း အတွင်း ခံစားချက်မှာ ကွာခြားကြောင်းလည်း ပြောဆိုသွားသည်ဟု ဆိုသည်။

ကိုယ့်အိမ် ကိုယ်မီးရှို့သည်ဟု ပြောဆိုချက်များနှင့် ပတ်သက်၍လည်း ဒု-ဗိုလ်ချုပ်ကြီးလှမင်းက ယခင်က ဟုတ်သည်ဟု ထင်ခဲ့ကြောင်း၊ ထွက်ပြေးသည့် အခါလမ်းကြောင်းရှင်းသည့် အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်မည်ဟု ယူဆခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့အားလုံး ဖြစ်နိုင်မည်လားဟု စဉ်းစားမိလာကြောင်းလည်း ပြောဆိုသွားခဲ့သည်။

အဖြစ်အပျက်များ ဖြစ်ပွားစဉ် မတားဆီးနိုင်ခဲ့ခြင်းမှာ လုံခြုံရေး အင်အား အလုံအလောက်မရှိသည့်အချိန်တွင် တဖက်မှ လူအုပ်က အင်အားနှင့်လာသည့်အခါ မနိုင်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ယခုအခါ လုံခြုံရေး အင်အားအလုံအလောက် ချထားနိုင်ပြီဖြစ်ကြောင်း သို့ရာတွင် ၎င်းတို့အား အဓိကရုဏ်း နှိမ်နှင်းရေး လက်နက်သာတပ်ဆင်ထားပေးပြီး တိုက်ပွဲဝင်လက်နက်များ မဟုတ်ကြောင်းလည်း ရှင်းလင်းပြောဆိုသွားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကမူ ဒု-ဗိုလ်ချုပ်ကြီးလှမင်း၏ သုံးသပ်ချက်နှင့် ပတ်သက်၍ တုံ့ပြန်ပြောဆိုခြင်း မရှိပဲ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် အခြေအနေများကိုသာ ရှင်းလင်းတင်ပြခဲ့သည်ဟု တက်ရောက်ခဲ့သူကဆိုသည်။ ဒု-ဗိုလ်ချုပ်ကြီး လှမင်းသည် ရခိုင်အရေးအခင်း စတင်ဖြစ်ပွားသည့် ဇွန်လကလည်း ဘူးသီးတောင် မောင်တောမြို့နယ်များသို့ သွားရောက်ခဲ့သည်။

ထိုစဉ်က ၎င်းသည် ကာကွယ်ရေး ၀န်ကြီးတာဝန်ကို ယူထားသူဖြစ်ကာ ယခင်လပိုင်း ၀န်ကြီးနေရာ အပြောင်းအလဲ လုပ်ဆောင်ရာတွင် ကာကွယ်ရေး ၀န်ကြီးအား ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်အား ခန့်အပ်ကာ ၎င်းအား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) တွင် တာဝန်ပြန်လည် ထမ်းဆောင်စေခဲ့သည်။

အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်သည့် မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ ရမ်းဗြဲ၊ စသည့်မြို့နှင့် အနီးအနား ကျေးရွာများတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများကြောင့် လူ ၈၄ ဦးသေဆုံးကာ ၁၂၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။

source:YPI


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>