သီချင်းလေးနဲ့အစချီ လူသိများလှသည်
ကမ်းနဖူးမှာတည်ကာထား မကွေးမြသလွန်စေတီဘုရား
ဘုရားပေါ်မှာရှာကြည့်ကွယ် ပိတောက်အနက်ပင်တွေ့နိုင်တယ်
သောကြာထောင့်ဘီလူးကြီးက ပြုံးပြုံးလေးနဲ့စီးကြိုသဗျ
ဘုရားပေါ်ကကြည်အုံးမယ် ဖန်ခါးမြေအလှတွေ့နိုင်တယ်
မြစ်လေပြေတဖြူးဖြူး ရောက်လာသူကို ရွှင်ပျော်မြူး
ကမ်းခြေမှာလှေစီးမယ် ပျော်စရာကောင်းလှတယ်
နွေရာသီသောင်ထွန်း ဖရဲသီးစိုက်တဲ့ကျွန်း
သဲသောင်ပြင်မှာပျော်စရာကွယ် ဘောလုံးတွေလဲကန်ကြတယ်
အမောပြေရွှေရင်အေး ဖရဲသီးတွေလဲစားကြသေး
ညနေဆည်းဆာ ရောက်လို့လာ
ကမ်းနားအကြော် စားသေးတာ
ပျော်စရာ အညာမြေလေး
ရောက်အောင်လာစေချင်သေး...................................
ကိုယ်ပိုင်အတွေးလေးနဲ့ ရေးခြင်းပါ မှားတာလေးတွေပါရင် ဖြည့်ပေးပါနော်.............